ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 22 December 2010

တရားဂုဏ်တော် ၆-ပါး


တရားဂုဏ်တော် ၆-ပါးပါဠိ

- သွာက္ခာတော ဘဂ၀တာ ဓမ္မော

- သန္ဒိဋ္ဌိကော

- အကာလိကော

- ဧဟိပဿိကော

- သြပနေယျိကော

- ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။


၁။ သွားက္ခာတဂုဏ်တော်

အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဓမ္မော - မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို။ သွာက္ခာတော - ကြားနာရုံပင် အပူစင်၍ ကျင့်လျှင်ချမ်းသာ ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းသင့်လျော် ကောင်းစွာဟောတော်မူအပ်ပါ ပေ၏။

သွာက္ခာတော - ကောင်းစွာဟောကြားတော်မူအပ်သော၊ ဓမ္မော - တရားတော်ပါပေတည်း။


အဓိပ္ပာယ်

ပွင့်တော်မူကြပြီးသော ဘုရားရှင်အဆူဆူတို့သည် ဘုရားအလောင်းတော် ဘ၀များတွင် ဘုရားဖြစ်ရန် ပွင့်တော်မူပြီး မြတ်စွာဘုရား အသီးသီးထံ၌ ဘုရားဆုကို ပန်ဆင်ရခြင်း၊ ဘုရားဆုပန်ပြီးနောက် ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး စရိယာသုံးပါးတို့ကို ဖြည့်ကျင့်ရခြင်းသည် ဓမ္မတာဖြစ်၏။ ဘုရားဖြစ်မည့် နောက်ဆုံးဘ၀၌လည်း ပဋိသန္ဓေနေခြင်း၊ ဖွားမြင်ခြင်း၊ တောထွက်ခြင်း၊ ဒုက္ကရစရိယာကျင့်တော်မူခြင်း၊ ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ မာရ်ငါးပါးကို အောင်မြင်ခြင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်ခြင်း၊ ဓမ္မစကြာတရားဦးဟောကြားခြင်း စသည်များကို ရှေးရှေးသော ဘုရားရှင်များ ကျင့်ကြံပြုမူ ဟောကြားတော်မူကြသည့် ကျင့်စဉ်အတိုင်းသာလျှင် နောက်နောက်သော ဘုရားရှင်များလည်း ကျင့်ကြံပြုမူ ဟောကြားတော်မူကြ၏။ တစုံတရာ အသစ်အဆန်း တီထွင်ကြံဆ၍ ပြုမူဆောင်ရွက်ခြင်းမျိုး ဟောကြားခြင်းမျိုး အလျှင်းမရှိပေ။ ယင်းကိုပင် “တထာဂတ = ရှေးအစဉ်အလာအတိုင်း ကြွလာသူ” ဟု ခေါ်ရသည်။

ဤအချက်ကို ထောက်ရူပါက ဘာသာတရားတစ်ခုနှင့်တစ်ခု နိုင်းယှဉ်၍ ရေးသားပြောဆိုရာ၌ ဗုဒ္ဓဘာသာ ဗုဒ္ဓတရားတော်များ မည်သည့်ခေတ် မည်သည့်နှစ်က ပေါ်ထွန်းခဲ့သည်ဟု ကန့်သတ်ချက်ဖြင့် ရေးသားပြောဆိုကြရန် မသင့်ချေ။ ပြဆိုခဲ့သည့်အတိုင်း ကျွန်ုပ်တို့ မြတ်စွာဘုရားသည်လည်း ရှေးရှေးပွင့်တော်မူပြီး မြတ်စွာဘုရားများ ဟောကြားတော်မူခဲ့သည့်နည်းတူ ဟောကြားတော်မူအပ်သောကြောင့် မြတ်စွာဘုရား၏ တရားမှန်သမျှသည်လည်း အစ အလယ် အဆုံး သုံးပါးသော ကောင်းခြင်းနှင့် ပြည့်စုံတော်မူ၏။ သဒ္ဒါ အနက် ကောင်းခြင်းများနှင့် ပြည့်စုံ၏။

မြတ်စွာဘုရားဒေသနာတော်၌ ကောင်းခြင်းသုံးဖြာရှိပုံကို ဤသို့လည်း မှတ်အပ်သေး၏။ တရားတော်ကို ကြးည့်ရူနာယူရခြင်း၊ ကျင့်ကြံရခြင်းနှင့် အကျိုးရခြင်းဟု သုံးပိုင်းရှိရာ ထိုသုံးပိုင်းစလုံး၌ပင် ကောင်းခြင်းဂုဏ်များရရှိ၏။ မြတ်စွာဘုရား၏ တရားတော်ကို ပထမမဆုံး နာရ၊ သင်ယူကြည့်ရူရလျှင်ပင် တရား၏ အနက်အဓိပ္ပာယ်ကို သိရသဖြင့် နှစ်သက် ရွှင်လန်း ၀မ်းမြောက် ကြည်နူးမူများ ခံစားရ၏။ ကြည့်ရူ ကြားနာရရုံဖြင့်ပင် သောက၊ ပရိဒေ၀စသော အပူအပင်များ ကင်းစင်ရ၏။ ရာဂ၊ ဒေါသ စသော အညစ်အကြေးများ ကင်းရ၏။ အပူအပင်အညစ်အကြေးကင်းသဖြင့်လည်း စိတ်တည်ငြိမ် အေးချမ်းမူ နှစ်သက် ရွှင်လန်း ၀မ်းမြောက်မူများကို ရရှိစေနိုင်၏။ စဉ်းစားဝေဖန်တတ်သော လူသားတစ်ယောက်အတွက် မလွဲချော်နိုင်သော အခွင့်အလမ်းများ၊ ကြောင်းကျိုးဆီလျော်သော ယုံကြည် အားထားဖွယ်များ၊ အားတက်ဖွယ်များကို အနည်းဆုံး ရရှိနိုင်ပေသည်။ အစ၏ ကောင်းခြင်း ဂုဏ်ပင်တည်း။

ထိုထက် ဗုဒ္ဓတရားတော်ကား အတွေးအခေါ်မဟုတ်၊ လက်တွေ့လုပ်ယူရသော တရားတော်ဖြစ်သည့် အတိုင်း လက်တွေ့ကျကျ ကျင့်သုံးလိုက်နာ ရသောအခါ ကောင်းခြင်းဂုဏ်သည် ပို၍ လက်တွေ့ ဖြစ်လာ၏။ အကျင့်သီလ တစ်ခုခု လုံခြုံရုံမျှဖြင့်ပင် မိမိသူတပါး နှစ်ဦးသားလုံး ဘေးရန် ကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရသည်မှာ ထင်ရှားလှ၏။ ထို့ထက် သမထ ၀ိပဿနာတရားများကို လက်တွေ့ အားထုတ်ကြသောအခါ ရရှိလာသော နှစ်သက်ရွှင်လန်း ၀မ်းမြောက် ငြိမ်းအေးမူများ ခံစားကြရသည်မှာ လည်းထင်ရှားလှ၏။ အလယ်၏ ကောင်းခြင်းဂုဏ်ပင်တည်း။

ထို့ထက် တရားအသိအမြင် ရှင်း၍ မဂ်ဖိုလ်ဉာဏ်အလင်းကိုရသော အာခါ၌ကား ဖော်မပြနိုင်သော ၀မ်းသာခြင်း ချမ်းသာခြင်းကို ရရှိ၏။ ထိုနှင့် တဆက်တည်း “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း ဇာတ်သိမ်းပြည်နိဗ္ဗာန်” တည်းဟူသော အတုမရှိ ငြိမ်းအေးချမ်းသာမူကို ပိုင်ဆိုင်ခံစားကြရသော အခါ၌မူကား ဆိုဖွယ်ရာမရှိ ကောင်းခြင်းမှန်သမျှ၏ အထွတ်အထိပ်သို့ ရောက်ရှိရလေတော့၏။ အဆုံး၏ ကောင်းခြင်းဂုဏ်ပင်တည်း။
ထို့ကြောင့် ဗုဒ္ဓတရားတော်သည်ကား စတင်လေ့လာနာယူကတည်းက ကောင်း၍ ရှေ့တိုးလေ ကောင်းလေ၊ အဆုံးရောက်လေ ကောင်းလေ၊ ကောင်းခြင်း သုံးထွေနှင့် ပြည့်စုံသော တရားတော်ပါပေတည်။

မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များ၏ “သွာက္ခာတ” ဖြစ်ပုံကို အောက်ပါအတိုင်းလည်း အကျဉ်းချုပ် မှတ်သားအပ်၏ -

၁။ တရားတော်မျာိးကု ဟောကြားရာ၌ မည်သူ့အား မည်သည့်ဒေသ၌ မည်သို့ဟောပြော၍ မည်သို့ အကျိုးကျေးဇူး ဖြစ်ထွန်းရရှိသွားသည် စသည်ဖြင့် အကြောင်းဋ္ဌုပ္ပတ် ဖြစ်ရပ်များကိုပါ တိကျသေချာစွာ ဟောထားခြင်း (ကလျာဏဂုဏ်)

၂။ ဟောကြားသော စကားဝါကျတိုင်းတွင် အသုံးအနူန်း ဝေါဟာရပြည့်စုံ ကျစ်လျစ် တိကျ ပြေပြစ်၍ တိုးတက်ချမ်းသာရေး၊ လွတ်မြောက်ရေးဟူသော လေးနက်သေချာသည့် သဘောတရား အဆီအနှစ်များချည်းသာ ဖြစ်ခြင်း (သာတ္ထသဗျဉ္စနဂုဏ်)

၃။ ရှောင်မူ ဆောင်မူ ပညတ်ချက်၊ ကျင့်စဉ်နှင့် စပ်၍ သော်လည်းကောင်း၊ ရရှိမည့် အကျိုးတရားများနှင့် စပ်၍သော်လည်းကောင်း (ဥပမာ - မဂ္ဂ - နိဗ္ဗာန၊ သီလ သမာဓိ ပညာ - ၀ိမုတ္တိ ၀ိမုတ္တိဉာဏဒဿန) မည်သည့်အရာ လိုသေးသည်၊ မည်သည့်တရား ပိုသွားသည်ဟု ဆိုဖွယ်မရှိ၊ အပိုအလို၊ ဖြည့်စွက်ဖွယ်မရှိ။

တဖန် အပြစ်ရှိသည်ဟု လည်းကောင်း၊ အကျိုးရှိသည်ု လည်းကောင်း ဟောထားသော တရားများောသည့်အတိုင်း ဖြစ်မလာဘဲ ကြောင်းကျိုး မဆီမလျော် လွဲချော်သွားသည်ဟူ၍ မရှိ။ နတ်နှင့် တကွသော သုံးလောက၌ မည်သည့် ပညာရှိကမျှ မငြင်းဆန်၊ မတော်လှန်နိုင်အောင် အကြွင်းမဲ့ ပြည့်စုံခြင်း (ကေ၀လပရိပုဏ္ဏဂုဏ်)

၎။ သာသနာပြင်ပမှ အယူဝါဒများကဲ့သို့ “ငါအယူသာမှန်သည်၊ ငါ့တရားမှ တရား ဟူသော တဏှာ မာန ဒိဋ္ဌိစွဲ မပါ၊ တစုံတရာ (လာဘ်လာဘကျော်စောမူစသော) လောကီကျိုးကို မျှော်ကိုးခြင်းမရှိ၊ ငရဲဘုံနှင့် ခြောက်၊ ကောင်းကင်ဘုံနှင့် မြှောက်၍ မဟော၊ သဘောထား ရည်ရွယ်ချက် စင်ကြယ်ခြင်း (၀ိသုဒ္ဓဂုဏ်)

စသည်တို့နှင့် ပြည့်စုံ၍ သွားက္ခာတဂုဏ်မြောက်သော တရားဟု ဆိုရသည်။

တရားတော်၏ သွာက္ခာတဂုဏ်မြောက်ပုံကို အောက်ပါ အရှင်အာနန္ဒာ၏ ဟောကြားချက်ဖြင့်လည်း ထပ်ဆင့်မှတ်သားကြည်ညိုရာ၏။

အရှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးခိုက် ဖြစ်၏။ အာဇီဝကဂိုဏ်းဝင်ဖြစ်သူ သူကြွယ်တစ်ဦး အရှင်အာနန္ဒထံ ရောက်ရှိလာပြီး -

“အရှင်ဘုရား -

(၁) အဘယ်သူတို့၏ တရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ်ပါသနည်း။

(၂) အဘယ်သူတို့သည် လောက၌ ကောင်းစွာ ကျင့်ကြံနေကြသူတို့ ဖြစ်ကြပါသနည်း။

(၃) အဘယ်သူတို့သည် လောက၌ ကောင်းစွာ ကျင့်ကြံပြီးသူတို့ ဖြစ်ကြကုန်သနည်း။”

ဟုအမေးလွှာသုံးချက်ကို တင်လျှောက်ခဲ့လေသည်။

ထိုအခါ အရှင်အာနန္ဒာက သူကြွယ်အား တိုက်ရိုက် အဖြေမပေးဘဲ -

“အကြင်သူတို့သည် ရာဂကိုပယ်ရန် ဒေါသကိုပယ်ရန် မောဟကို ပယ်ရန် တရားဟောကြ၏။ ထိုသူတို့၏ တရားသည် ကောင်းစွာဟောကြားအပ်သော တရား ဖြစ်သလား သို့မဟုတ် မဖြစ်သလော၊ သင်နှစ်သက်သလို ဖြေပါ” ဟု သူကြွယ်ကိုပင် ပြန်၍ မေးတော်မူ၏။
ထိုအခါ သူကြွယ်က ရာဂဒေါသမောဟတို့ကို ပယ်ရန် ဟောကြားသော သူတို့၏တရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ်ကြောင်း ဖြေဆို လျှောက်ထားရ၏။

ဆက်လက်၍ အရှင်အာနန္ဒာက -

“ကောင်းပြီ သူကြွယ်၊ အကြင်သူတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ကျင့်ကြံကြကုန်၏။ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်ကြံနေကြသူများ ဖြစ်သလော၊ သို့မုတ် မဖြစ်သလော” ဟု ဒုတိယမေးခွန်း၏ အဖြေကို သူကြွယ်ကိုပင် ဖြေဆိုစေ၏။
ထိုမေးခွန်း၌လည်း သူကြွယ်က ရာဂ ဒေါသ မောတို့ကို ပယ်ရန် ကျင့်ကြံနေကြသူများသည် လောက၌ ကောင်းစွာ ကျင့်ကြံနေကြသူများ ဖြစ်ကြောင်း လျှောက်ထားဝန်ခံရလေ၏။

“ကောင်းပြီ သူကြွယ်၊ အကြင်သူတို့သည် ရာဂကို လည်းကောင်း၊ ဒေါသကို လည်းကောင်း၊ မောဟကို လည်းကောင်း၊ ပယ်ပြီးဖြစ်၏။ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်ပြီဖြစ်၏။ တဖန် ဖြစ်ခြင်းသဘော မရှိ။ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်ပြီးသူတို့ ဖြစ်သလော၊ သို့မဟုတ် မဖြစ်သလော” ဟု နောက်ဆုံးမေးခွန်း၏ အဖြေကို မေးတော်မူပြန်၏။

ထိုမေးခွန်းကိုလည်း သူကြွယ်က ကောင်းစွာ ကျင့်ကြံပြီးကြသူများ ဖြစ်ကြောင်း ဖြေဆို လျှောက်ထားရလေ၏။

ထိုအခါ အရှင်အနန္ဒာက သူကြွယ်အား သင်သည်ပင် သင်၏အမေးသုံချက်ကို ဖြေဆိုခဲ့ပြီဖြစ်ကြောင်း မိန့်ကြားတော်မူ၏

သူကြွယ်မှာ နှစ်သက်ဝမ်းမြောက်ခြင်း အံ့သြခြင်းဖြစ်ကာ -

“အရှင်ဘုရား၏ မိန့်ဆိုချက်များသည် မိမိ၏ အယူဝါဒကို ချီးမြှောက်၍ တပါးသူတို့၏ အယူဝါဒကို ရူတ်ချခြင်း အလျှင်းမရှိဘဲ အကြောင်းခိုင်လု့စွာ ဟောကြားခြင်း ဖြစ်ရုံမျှမက တပည့်တော်၏ အမေးကိုပါ ဖြေဆိုပြီး ဖြစ်ကြောင်း” လျှောက်ထားလေ၏။

No comments:

Post a Comment