ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 12 December 2010

စတု ၀သာရဇ္ဇဉာဏ်တော်


အောက်ဖော်ပြပါ အကြောင်းအရာ လေးခုတို့နှင့် စပ်လျဉ်း၍ ပရိသတ်အလယ်၌ မကြောက်မရွံ့ တွန့်ဆုတ်ခြင်းမရှိ ရဲရင့်စွာ ကြုံးဝါးတော်မူရဲသော ဉာဏ်တော်။

(၁) ငါသည် အလုံးစုံသောတရားကို သိသူဖြစ်သည်ပြောဆိုရာ၌ လည်းကောင်း၊

(၂) ငါ့အား အာသဝေါတရားများ ကုန်ပြီဟု ၀န်ခံပြောဆိုရာ၌ လည်းကောင်း၊

(၃) ဤတရားတို့သည် ဈာန်မင်္ဂဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ပြောဆိုရာ၌ လည်းကောင်း၊

(၄) ဤတရားတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားတို့ ဖြစ်သည်ဟု ပြောဆိုရာ၌ လည်းကောင်း -

ထိုသို့ ပြောဆိုရာ၌ မည်သည့် လူ နတ် ဗြဟ္မာ သတ္တ၀ါကမျှ မှားယွင်းသည်ဟု ကန့်ကွက် ပြောဆိုနိုင်ခြင်း မရှိ၊ ထိုသို့ မရှိသည်ကို သိမြင်တော်မူသည့် စတုဝေသာရဇ္ဇဉာဏ်တော်ကြောင့် နတ်နှင့် တကွသော သုံးလောက၌ ကြောက်ရွံ့ခြင်းကင်းသူ အတုမရှိ ရဲရင့်သူ ဖြစ်တော်မူ၏။


No comments:

Post a Comment