ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 December 2010

၇။ ဒက္ခိဏေယျဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ = ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ ဒက္ခိဏေယျော - တမလွန်အကျိုးရည်မျှော်ကိုးတိုင်း ကောင်းကျိုးပေးတတ်သဖြင့် မြတ်သောအလှူကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူပါပေ၏။

ဒက္ခိဏေယျော = မြတ်သောအလှူကို ခံယူတော်မူထိုက်သော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

တမလွန်ဘ၀၌ ကောင်းကျိုးချမ်းသာရမည်ဟု ယုံကြည်၍ လှူအပ်သော အလှူကို “ဒက္ခိဏ” ဟု ခေါ်၏။ တမလွန်ဘ၀ ရောက်ရှိနေကြသော ပုဂ္ဂိုလ်များအား ရည်စူး၍ လှူအပ်သော အလှူမျိုးကိုလည်း ဒက္ခိဏ ဟု ဆိုသင့်၏။

ဒက္ခိဏခေါ်သော အလှူမျိုးကို ပေးလှူသည့်အတိုင်း မျှော်မှန်းသည့်အတိုင်း အကျိုးကြီးအောင် ပြုလုပ်ပေးနိုင်သော သံဃာတော်များကို “ဒက္ခိဏေယျ” ဟု ဆိုသည်။ ကြီးပွားချမ်းသာချင်၍ ပေးလှူသူများအား အမှန်တကယ် ကြီးပွားချမ်းသာအောင် ဆောင်ရွက်ပေးနိုင်သော သံဃာတော်ဟု ဆိုလို၏။

သီလစသော ဂုဏ်မရှိသည့် ပုဂ္ဂိုလ်များမှာ မျှော်မှန်းသည့် အကျိုးကို ပေးစွမ်းနိုင်ခြင်းမရှိသဖြင့် ထိုအလှူမျိုးကို ခံထိုက်သူ မဆိုရ၊ အရိယာ သံဃာတော်များကား သီလစသော ဂုဏ်တို့ကြောင့် အလှူရှင်များက ရည်မှန်း တိုင်းသော အကျိုးကို ပြည့်ဝစွာ ရစေနိုင်သဖြင့် ထိုအလှူမျိုးကို ခံယူခြင်းငှာ ထိုက်တန်တော်မူကြ၏။

No comments:

Post a Comment