ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 December 2010

သရဏဂုံဆောက်တည်ပုံ လေးမျိုး


ယခုအခါတွင် ရှင်သာမဏေများခံယူသော သရဏဂုံကို နည်းယူ၍ “ဗုဒ္ဓ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် သုံးကြိမ်ရွတ်ဆိုခံယူကြသော်လည်း ဘုရားရှင်လက်ထက်တော်က သရဏဂုံခံယူပုံ၊ ဗုဒ္ဓဘာသာအဖြစ် ခံယူပုံ လေးမျိုးရှိသည်။ ထိုလေးမျိုးကား -

(၁) “ယနေ့မှစ၍ ကျွန်ုပ်၏ ခန္ဓကိုယ်ကို ဘုရား တရား သံဃာအား အပ်နှင်းပါ၏” ဟု နူတ်မြွက်၍လည်း ဆောက်တည်နိုင်၏။ “အတ္တသန္နိယျာတနသရဏဂုံ” ဟု ခေါ်သည်။

(၂) “ယနေ့မှ စ၍ ကျွန်ုပ်အား ဘုရား တရား သံဃာကိုသာလျှင် ကိုးကွယ်အားထားရာရှိသူဟု မှတ်ယူတော်မူပါ” ဟု နူတ်မြွက်၍လည်း ဆောက်တည်နိုင်၏။ “တပ္ပရာယဏသရဏဂုံ” ဟု ခေါ်သည်။

“ငါ့ကိုးကွယ်ရာဟာ ဒါမှ ဒါဘဲ” ဟု ရတနာသုံးပါးကိုသာ အမြဲဦးတိုက်၍ သတိရ၍ နေသော အာဠ၀ကဘီလူး၊ ဟေမ၀တ၊ သာတာဂိရနတ်စစ်သူကြီးများ ခံယူထားသကဲ့သို့ ဖြစ်သည်။

(၃) “ယနေ့မှ စ၍ ဘုရား တရး သံဃာ၏ အတွင်းနေတပည့်ု မှတ်ယူတော်မူပါ” ဟု နူတ်မြွက်၍ တပည့်ခံသောအားဖြင့်လည်း ဆောက်တည်နိုင်၏။ “သိဿဘာဝူပဂမန သရဏဂုံ” ဟုခေါ်သည်။

အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုလင် တပည့် ခံယူသကဲ့သို့ ဖြစ်သည်။

(၄) “ယနေ့မှ စ၍ ဘုရား တရား သံဃာကိုသာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီမိုးခြင်း၊ အရိုအသေပေးခြင်းပြုသူဟု မှတ်ယူတော်မူပါ” ဟု နူတ်မြွတ်၍လည်း ဆောက်တည်နိုင်၏။ “ပဏိပါတသရဏဂုံ” ဟု ခေါ်သည်။

ဗြဟ္မာယု ပုဏ္ဏားကြီးကဲ့သို့ လွန်လွန်ကဲကဲ လေးလေးမြတ်မြတ် တုပ်ဝပ်ကြည်ညိုသဖြင့် ဆည်းကပ်ခြင်းမျိုးဖြစ်သည်။


No comments:

Post a Comment