ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 22 December 2010

၅။ သြပနေယျိကဂုဏ်တော်


အနက်

ဓမ္မော - မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။ သြပနေယျိကော - မိမိစိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပါယ် ၀ဋ်မီးကွယ်သဖြင့် ကိုယ်ဝယ်ဝတ်နှောင် ဆံဦးသျှောင်ကို မီးလောင်သော်ငြား မငြှိမ်းအားဘဲ တရားမျက်ရှင် စိတ်စွဲထင်အောင် ကျင့်ဆောင်ခြင်းငှာ ထိုက်တန်တော်မူပါပေ၏။

သြပနေယျိကော - သန္တိသုခ မြတ်ဓမ္မကို မရမဆုတ် ကြိုးအားကုတ်လျက် အားထုတ်ရလာ လွန်ချမ်းသာ၍ မကွာစိတ်၌ အမြဲကပ်ဆောင်ထားထိုက်သော။ ဓမ္မော - တရားတော်ပါပေတည်း။

၁။ မဟာသတိပဋ္ဌာနသုတ်

၂။ မဇ္ဈိမ - ဗောဓိရာဇကုမာရသုတ်

၃။ မဟာဝဂ္ဂသံယုတ်၊ မေတ္တသဟဂတသုတ်

၎။ မဟာပရိနိဗ္ဗာနသုတ်


အဓိပ္ပာယ်

မိမိ စိတ်သန္တာန်အစဉ်သို့ မရောက် ရောက်အောင် ကယ်၍ ဆောင်ယူ ထားထိုက်သောတရား၊ မရ ရအောင်ကြိုးပမ်း၍ ရယူဆောင်ထားထိုက်သော တရားများ ဖြစ်၏။ မဂ် ဖိုလ် နိဗ္ဗာန်တရားများကား ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချမ်းသာလှသဖြင့် ထိုတရားများထက် သာလွန်ကောင်းမြတ်သော တရားများ မရှိ၊ ထို့ထက် သာလွန်သော ချမ်းသာမရှိ။ ထို့ကြောင့်ပင် မြတ်စွာဘုရားက ထိုတရားများကို မရရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ရန် အမြဲတိုက်တွန်း ဟောကြားခဲ့သည်။ မဂ် ဖိုလ် နိဗ္ဗာန် တရားများ ပုထုဇဉ်မှန်သမျှ မည်သည့် ပုထုဇဉ်သန္တာန်၌မျှမဖြစ်ပေါ်ခဲ့စဖူးသေး။ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခဲ့သော် အပါယ်လေးပါး၌ ကျရောက်ခံစားရမည့် ဆင်းရဲမီးများ တစ်ခါတည်း အပြီးငြိမ်းလေတော့၏။ ရင်ဝ လှံစူးခံရသည့်ဒုက္ခနှင့် ဦးခေါင်း မီးလောင်ခံရသည့် ဒုက္ခများကား ယခုမျက်မှောက် တစ်ဘ၀ တစ်ခါသာ ခံစားရသည့် ဒုက္ခမီးများကား ယခုမျက်မှောက် တစ်ဘ၀ တစ်ခါသာ ခံစားရသည့် ဒုက္ခမီးများသာ ဖြစ်၏။ အတွင်းသန္တာန်၌ စူးဝင်နေ လောင်နေသည့် ကိလေသာ လှံ၊ မီးများကာ အခွင့်သာလှသော ယခုလက်ရှိဘ၀မျိုးတွင်မှ မငြိမ်သတ်နိုင်ပါလျှင် နောင်ဘ၀များစွာ တစ်သံသရာလုံး အစူးခံ - အလောင်းခံ၍ မဆုံးတော့ပြီိ။

ထို့ကြောင့် မြတ်စွာဘုရားရှင်က ရင်ဝတွင် လှံအစူးခံရသူ၊ ဦးခေါင်းတွင် မီးလောင်ခံနေရသူတို့သည် ထိုလှံ ထိုမီးကို အရေးတကြီး အားထုတ်နုတ်ယူ ငြိမ်းသတ်ခြင်းမပြုသေးဘဲ သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်အောင်သာ ယခုချက်ချင်း ကြိုးစား အားထုတ်သင့်ကြောင်း ဟေဟာတော်မူခဲ့ပါသည်။
သတ္တ၀ါမှန်သမျှ ဘ၀ခန္ဓာ စကတည်းက လောဘ စသော အကုသိုလ် တရားများက ကပ်၍ ပါလာ၏။ ဤတရားများ ကင်းရှင်းရန်ကား ဒါန သီလ ဘာဝနာ ကုသိုလ်တရားများကို မပြတ်အားထုတ်ရမည်ဖြစ်၏။ မိမိစိတ်၌ ပြတ်လတ်မူ မရှိရအောင် ကပ်၍ ဆောင်ထားရမည်ဖြစ်၏။ စွဲစွဲမြဲမြဲ ပြုလုပ်နေခြင်းအားဖြင့် ကပ်၍ ဆောင်ထားပါက အကုသိုလ်တရားများ ဖြစ်ခွင့်မရ၊ ပြည့်စုံရင့်ကျက်လာသောအခါ မဂ်ဖိုလိနိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်များကိုလည်း သြပနေယျိက တရားများဟု ဆိုသင့်၏။ အထူးသဖြင့် ၀ိပဿနာတရား အားထုတ်သူများသည် အားမထုတ်ဘဲ နေလို့မရအောင် စိတ်၌ စွဲလမ်းနေတတ်ကြ၏။ ချမ်းသာနေကြ၏။ ထိုအခြင်းအရာသည်ပင် ၀ိပဿနာတရားတော်၏ သြပနေယျက ဂုဏ်ဖြစ်သည်။

ဤသြပနေယျိကဂုဏ်တော်၌ မဂ်ဖိုလိနိဗ္ဗာန်တရားကိုသာ တိုက်ရိုက် ကောက်ယူရ၏။ ထိုလောကုတ္တရာ တရားကိုးပါးသည် အထူးသဖြင့် နိဗ္ဗာန်ချမ်းသာသည် အထွတ်အထိပ် ချမ်းသာကြီးဖြစ်၍ စိတ်ဖြင့် အမြဲကပ်ယူဆောင်ထား ခံစားထိုက်သည်။ အမြဲခံစားနေချင်လောက်အောင် ငြိမ်းအေးချမ်းသာသည်ဟု ဆိုလိုသည်။

No comments:

Post a Comment