ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

ရှားစောင်းခါး

မြန်မာအမည် - ရှားစောင်းခါး

အုံလိုက် အလေ့ကျပေါက်သော အပင်ဖြစ်သည်။ ပင်စည်မှာာ အရင်းတုတ်၍ အဖျားသေးသည်။ ပင်စည်သည် လေးထောင့်ပုံ ဖြစ်သည်။ အရွက် မရှိချေ။ အပူပိုင်းဒေသနှင့် အောက်မြန်မာပြည်တွင် ပေါက်သည်။ ပင်စည်နုကို စားသုံးနိုင်၍ ခါးသက်သော အရသာ ရှိသည်။ ပင်စည်နုကို ကြော်၍၊ ချက်၍၊ ပြုတ်၍ စားသုံးနိုင်သည်။ ရာသီမရွေး စားသုံးနိုင်သည်။ ရှားစောင်း။ မရိုးစသော ပူလောင်သော အစေးများ မျက်စိအတွင်းသို့ ၀င်ပါက ရှားစောင်းခါး သတ္တုရည်ကို ခတ်ပေးပါက ပျောက်ကင်းသည်။

No comments:

Post a Comment