မြန်မာအမည် - လင်းလေပင်
ရုက္ခဗေဒအမည် - အက်ကိုးရပ်ကာလာပင်
လင်းလေပင်မျာ ရွှံ့ညွှန်ထူထပ်ရာတွင် ပေါက်သော ပင်ပျော့မျိုးဖြစ်သည်။ အရွက်မှာ ဓားလွယ်ပံသဏ္ဌာန် နှစ်ပေမှ သံးပေအထိရှည်၍ ဗြက် တစ်လက်မခန့်အထိ ရှိသည်။ အရွက်၏ အလယ်ဗဟိုတွင် အရင်းမှ အဖျားအထိ ရွက်ပြောင်း တစ်ခု ဖြစ်သွားနေသည်ကို မြင်တွေ့ နိုင်သည်။ လင်းလေပင် ဥမှ အရွက်နှင့်တူသည့် ပင်စည် ထွက်လာပြီးလျှင် ယင်းအပွင့်များ ပွင့်သည်။ အရွက်များသည် စပါးလင်ကဲ့သို့ အစုလိုက် ထွက်သည်။ လင်းလေးပင် ဥသည် ရွှဲ့ညွှန်ထဲတွင် လျှောက်၍ သွားတတ်ပြီး အဆစ်များရှိသည်။ ဥနှင့်တကွ အရွက်ပါမကျန် တစ်ပတ်လုံး မွှေးကြိုင်သော ရနံ့ရှိသည်။ လင်းလေးဥ အခြောက်သည် ဆေးဖက်ဝင်သည်။ မြန်မာဆေးကျမ်း အလိုအားဖြင့် လင်းလေမြစ်သည် လေကိုနိုင်သည်။ အာဟာရ အပုပ်ကို ကြေစေတတ်၏။ တေဇောဓာတ်ကို အားပေးနိုင်သည်။

Saturday, 30 October 2010
လင်းလေပင်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment