ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

သစ်တိုပင်

မြန်မာအမည် - သစ်တိုပင်

ရုက္ခဗေဒအမည် - ဆန်ဒေါရီကမ် အင်ဒီကမ်

ကြီးမားခန့်ညား၍ မြင့်မားပြီးလျှင် အရိပ်အာဝါသ ကောင်းမွန်သော အပင်ကြီးမျိုး ဖြစ်သည်။ စွတ်စိုထိုင်းမိုင်းသော အရိပ်ဒေသတွင် ပိုမိုဖြစ်ထွန်းသည်။

သစ်တိုပင်သည် ၁၂-ရာသီ စိမ်းလန်းစိုပြည်သော အပင်ကြီးမျိုး ဖြစ်သည်။ အမြင့်ပေ ၈၀-ပေ မှ ၉၀-ပေ အထိ မြင့်မားပြီး လုံးပတ် ရ-ပေ မှ ၈-ပေ အထိ ရှိသည်။ အရွက်များဖြစ်၍ ဘေးနှစ်ဘက်သည် ညှာတံတိုပြီးလျှင် ထိပ်ရွှက်မြွှာသည် ညှာတံရှည်သည်။ အရွက်များသည် ထိပ်ချွှန်သော ဘဲဥ၀ိုင်း ပုံသဏ္ဌာန်ဖြစ်ပေသည်။ နွေရာသီ ကုန်လုလုတွင် အသီးများ မှည့်ဝင်းကြကာ အလုံးအနေအထားနှင့် အရောင်အသွေးသည် အဝေးမှကြည့်ပါက လိမ္မော်သီးနှင့် တူသည်။ အသီး၏ အတွင်းသား အနေအထားမှာ မင်းဂွတ်သီးနှင့် ဆင်ဆင်တူသည်။ အသားနှစ်သည် ဖြူဖွေးပြီးလျှင် ချိုချည်သော အရသာရှိသည်။

မြန်မာနိုင်ငံတွင် ၀ါဝင်း၍ အတန်ငယ်ပျော့သော အသီးခွံကို အသုံးများကြသည်။ ထိုအသီးခွံသည် ချဉ်ဖန်ဖန် အရသာရှိပြီး အသီးခွံကို ၀က်သားနှင့် ဆီပြန်ချက်စားလျှင်သော် လည်းကောင်း၊ ငပိချက်အဖြစ် ချက်စားလျှင်သော် လည်းကောင်း အလွန်နူတ်မြိန်သော ဟင်းမည်များ ဖြစ်ပါသည်။ သစ်တိုသီးကို အလုံးလိုက် ချဉ်ဖတ်ထည့်၍လည်း စားသုံးနိုင်သည်။ သစ်သီးအခွံနှင့် အပင်၏ အခေါက်သည် အဖန်ဓာတ်ပါရှိ၍ ချုပ်တတ်သဖြင့် ၀မ်းသက်သော ရောဂါနှင့် ၀မ်းကိုက်ရောဂါများ အတွက် အသုံးဝင်သည်။ အမြစ်သည်လည်း ၀မ်းသက်ခြင်းအတွက် ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။

No comments:

Post a Comment