မြန်မာအမည် - ဟင်းနုနယ် ဆူးပေါက်
မွန်အမည် - KHAR GROPE
ပင်စည် အရည်ရွှမ်း၍ ပင်စည်ပေါ်တွင် အမွေးနုများ ပါရှိသည်။ ထောင်မတ်၍ ပေါက်သည်။ ရွက်ထွက်ပြီး ရွက်ညှာရှည်သည်။ အရွက်မျက်နှာပြင်၌ အမွေးနု များရှိသည်။ အရွက်အလျား ၄-လက်မခန့် ရှည်ပြီး ၂-လက်မခန့်ကျယ်သည်။ အရွက်မှာ လှံသွားပုံဖြစ်သည်။ အပွင့်ကလေးများ စုပေါင်းနေသော ပွင်ညှာပန်းခိုင်ဖြစ်သည်။ ပွင့်လိုင်းသည် ထိပ်ဖျားနှင့် ကြားကိုင်းမှ ထွက်သည်။ တစ်စေ့ သီးခြောက်ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ပြီး အရသာမှာ ခါးချိုဖြစ်သည်။ အရွက်၊ အရိုး။ အညွှန့်တို့ကို ကြော်၍ ချက်၍ စားသုံးနိုင်သည်။ မိုးရာသီတွင် စားသုံးနိုင်သည်။ အရွက်ကို ဟင်းချက်၍ စားပါက ဆီးအောင့်ရောဂါပျောက်၍ ဆီးကျောက်တည်သော ရောဂါ ပျောက်ကင်းသည်။

Saturday, 30 October 2010
ဟင်းနုနယ် (ဆူးပေါက်)
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment