ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

မြောက်ဥ

မြန်မာအမည် - မြောက်ဥ

ရုက္ခဗေဒအမည် - ဒိုင်အောစကို ရိအာအေလေတာ

မြောက်ဥပင်သည် ဥများဥသော ရစ်ပတ်နွယ်ပင်မျိုး ဖြစ်သည်။နွယ်များသည် လက်ယာရစ် လှည့်ကာ တက်သွားကြသည်။

မြောက်ဥပင်ကို မြေနု မြေပွ ခပ်နက်နက်တွင်း လွယ်တကူ စိုက်ပျိုးနိုင်သည်။ ယင်းသို့ စိုက်ပျိုးရာတွင် မျက်စိနှစ်လုံးမှ သုံးလုံးအထိပါသော ဥထိပ်ပိုင်းများကို မြေကြီးတွင် ၂-ပေခန့် နက်နက်တူး၍ မြုပ်ထားရမည်။ ခြံစည်းရိုးများ၊ သစ်ပင်များတွင် မှီ၍ စိုက်ပျိုးနိုင်သည်။ စင်ပေါ်တင်၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီိး ၉-လမှ ၁၀-လ အကြားတွင် ဥများကို ဖော်ယူနိုင်သည်။ မြန်မာနိုင်ငံ အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသတွင် အနှံ့အပြား ပေါက်ရောက်ကြသည်။ မြောက်ဥများသည် အရွယ်အမျိုးမျိုးရှိရာ အချို့အလွန်ကြီးသော မြောက်ဥများမှာ ပေါင် ၁၀၀၀-အထိ အလေးချိန်စီးသည်။

မြန်မာနိုင်ငံတွင် မြောက်ဥကို ပြုတ်၍ အတုံးကလေးများတုံးကာ ငရုတ်၊ ကြက်သွန် စသည်တို့နှင့် အခြောက်ကြော်၍ လည်းကောင်း၊ ဟင်းချက်၍ လည်းကောင်း စားသုံးကြသည်။

No comments:

Post a Comment