မြန်မာအမည် - ဣဿရမူလီ
အင်္ဂလိပ်အမည် - INDIAN BIRTHWORT
ရုက္ခဗေဒအမည် - ARISTOLOCHIA INDIA LINN
ဣဿရမူလီ ပုံသဏ္ဌာန်မှာ ပင်ပျော့နွယ်ပင်မျိုး ဖြစ်သည်။ အခေါက်မှာ ကြမ်းပြီး မွဲညိုရောင် ရှိသည်။ အကိုင်းအခက်များ သေးသွယ်သည်။ အရွတ်မျာ ရွက်လွှဲထွက်သည်။ သင်္ဘောသီး ပုံသဏ္ဌာန်ရှိသသည်။ ရွက်ထပ်ပိုင်းသည် ရွက်ရင်း ပိုင်းထက် ကျယ်သည်။ ရွက်ထိပ် ချွန်သည်။ ရွက်လည်ကြော ထင်ရှားသည်။ အပွင့်ပုံသဏ္ဌာန် ဆန်းပြားသည်။ ပွင့်ညှာတံသည် အကိုင်းများရှိ အရွက်တို့၏ အရင်းနားမှကပ်၍ ထွက်သည်။ အပွင့်သည် ရေတကောင်း ပုံသဏ္ဌာန် ဆန်းပြားသည်။ အပွင့်သည် ရေတကောင်းပုံသဏ္ဌာန် ရှိပြီး နူတ်ခမ်းတစ်ဘက် ရှည်၍ ခရမ်းညိုရောင်ရှိသည်။ အရင်းပိုင်းမှာ စိမ်းဖန့်ဖန့် အရောင်ရှိသည်။ အသီးမှာ အစိမ်းရောင်ရှိပြီး (၆)မြောင်း ပါရှိသည်။ တစ်မြောင်းလျှင် အစေ့များစွာ ပါရှိ၍ အစေ့မှာ သုံးထောင့်ပုံ ဖြစ်ပြီး ပြား၍ အတောင် ပါရှိသည်။
စိုက်ပျိုးသည့်ဒေသမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။ ဆပ်ပြာပေါက်သော မြေမှလွဲ၍ မြေအမျိုးအစားမရွေး စိုက်ပျိုး ပေါက်ရောက် နိုင်သည်။
ပြုပြင်စိုက်ပျိုးနည်းမှာ အကျယ် ၂-ပေ၊ ပတ်လည်အနက် ၂-ပေခန့် ရှိသော စိုက်ကျင်းများတွင် နွားချေး ၁-ဆ၊ သစ်ရွက်ဆွေး ၁-ဆ၊ သဲမြေ ၁-ဆနှင့် မြေသား ၃-ဆအထိ ရောစပ် သမစေပြီး ကျင်းအတွင်း ဖြည့်တင်းပေးရသည်။ ၃-ရက်ခန့် ရေလောင်း၍ မြေကို အေးစေပြီးမှ ပျိုးပင်ကို ချစိုက်သင့်သည်။

Saturday, 30 October 2010
ဣဿရမူလီ
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment