မေတ္တာပို့ခြင်း၊ နတ်ပို့၊ အမျှဝေခြင်း
(က) ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပၸတၱာ စ နိဗ ၻယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊
ဟောန္ထု သဗ္ဗေပိ ပါဏိနော။
(ခ) ဧတ္တတာဝတာ စ အမှေဟိ၊
သမ ၻတံ ပုညသမၸဒံ။
သဗ္ဗေဒေ၀ါ နုမောဒန္တု၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
(ဂ) ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာ ဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေ၀တာ ဂတာ။
(ဃ) ပုည ဘာဂ မိဒံ စညံ၊
သမံ ဒဒါမ ကာရိတံ။
အနုမောဒန္တု တံ သဗ္ဗေ၊
မေဒိနီ ဌာတု သက္ခိဏေ။
မေတ္တာပို့ခြင်း၊ နတ်ပို့ခြင်း၊ အမျှအတန်းဝေခြင်း ပြီးသည့်နောက် မိမိခန္ဓာကိုယ်၊ မိမိမိသားစုများ၊ မိမိ၏ အိုးအိမ်နှင့် ခြံဝင်း ဥပစာများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အေးချမ်းမူ ရရှိစေရန် အရပ်ဆယ်မျက်နှာကို စည်းချဂါထာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကာ လုံခြုံမူကို ရယူစေနိုင်ပါသည်။ အရပ်ဆယ်မျက်နှာ စည်းချရာတွင် ပထမဦးဆုံး တနင်္ဂနွေဒေါင့်မှစ၍ (အရှေ့မြောက်အရပ်ကစ၍) အစည်အတိုင်း ရွတ်ဆို စည်းချရန် ဖြစ်ပါသည်။
မှတ်ချက်။ ။အထက်ဖော်ပြပါ မေတ္တာပို့ခြင်း၊ နတ်ပို့၊ အမျှဝေဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
No comments:
Post a Comment