ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

ပုံလုံ

မြန်မာအမည် - ပုံလုံ

ဒေသန္တ၇အမည် - ပဲလင်းမြွေ၊ တောပုံလုံ

ပင်ပျော့၊ ရစ်ပတ်နွယ်ပင်မျိုး ဖြစ်သည်။ ရွက်စွယ်ပင်ဖြစ်သည်။ ရွက်ရင်းပိုင်း နှစ်လုံးပုံဖြစ်သည်။ ရွက်စွယ်နှာမောင်းတို့ဖြင့် ရစ်ပတ်၍ နွယ်တက် တတ်သည်။ အပွင့် အဖြူရောင် ပွင့်သည်။ အဖို၊ အမ နှစ်မျိုး ပွင့်သည်။ ဇူလိုင်လတွင် ပွင့်သည်။ အသီးရှည်သည်၊ အသီးနုစဉ် စိမ်းသည်၊ ရင့်လျှင် အဖြူရောင် သန်းလာသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် ပေါက်သည်။ အသိးကို ပြုတ်၍ ကြော်၍ ချက်၍ စားနိုင်သည်။ အသီးသည် စိမ်းရွှေရွှေအနံ့ရှိပြီး၊ အရသာ ချို၏။ မေလ၊ ဇွန်လ၊ မိုးဦးများတွင် စားသုံးနိုင်သည်။ ၎င်းကို စားသုံးခြင်းဖြင့် ဆီး၊ ၀မ်းကို ရွှင်စေသည်။

No comments:

Post a Comment