မြန်မာအမည် - ရုံးပတီပင်
ရုက္ခဗေဒ အမည် - ဟီဗီစကူလင်တန်
ရုံးပတီပင် စိုက်ရာတွင် ရုံးပတီစေ့များကို မိုးမကျမီ မေလနှင့် ဇွန်လဆန်းစလောက်တွင် စိုက်ပျိုးရပါသည်။ ရုံးပတီ စိုက်ပျိုးရန် မြေကိုဆွ၍ မြေပေါင်ဖြစ်အောင် ပြုပြင်ပြီး ထိုမြေပေါင်ကို အကျယ် ၂-ပေခန့် ရှိရပါသည်။ မြေပေါင် တစ်ခုနှင့် တစ်ခု ၁-ပေခန့် ခြားထားသင့်သည်။ သို့မဟုတ် ၆-လက်မ နက်သည့် ကျင်းများတူး၍ စိုက်ပျိုးနိုင်သည်။ အစေ့များကို ဆွထားသည့် မြေပေါ်တွင် တင်ရုံသာ တင်ရသည်။ အစေ့ တစ်စေ့နှင့် တစ်စေ့ကို ၂ပေခန့် ခြား၍ စိုက်ရသည်။ ရုံးပတီသီး ၁၀၀၏ အစေ့များကို မြေ ၁-ဧကတွင် စိုက်ပျိုးနိုင်သည်။ ရုံးပတီပင် စတင်စိုက်ပျိုးပြီးနောက် ၃-လခန့် အကြာတွင် ပထမ အသီးများ ခူးယူ စားသုံးနိုင်သည်။ ရုံးပတီသီးကို မီးကင်၍ လည်းကောင်း။ ပြုတ်၍လည်းကောင်း၊ ငပိနှင့် တို့စားနိုင်သည်။ ကြော်၍၊ ချက်၍၊ သနပ်လုပ်၍၊ ဟင်းချိုခပ်၍။ ချဉ်ရည်ချက်၍ အမျိုးမျိုး စားသုံးနိုင်သည်။
မြန်မာ့ ဆေးကျမ်းများ အဆိုအရ ရုံးပတီသည် ကျိချွဲ၏။ သလိပ်ကို ပျက်စေတတ်၏။ အကြောအခြင်တို့ကို လေးလံ တောင့်တင်း စေတတ်၏ဟု ဆိုပါသည်။

Saturday, 30 October 2010
ရုံးပတီ
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment