မြန်မာအမည် - ရေကန်စွန်း
ချင်းအမည် - TIHNAH
မွန်အမည် - WOONTTE
ရှမ်းအမည် - ကန်စွန်းနံ
တစ်နှစ် (သို့မဟုတ်) နှစ်ကြာခံ ရေလျှောက် နွယ်မျိုး ဖြစ်သည်။ အရိုး အနီရောင်နှင့် အစိမ်းရောင် နှစ်မျိုး ရှိသည်။ အခေါင်းပွ၍ အဆစ်နေရာ တို့တွင် အခေါင်းပိတ် ဖြစ်သည်။ လှံ စွပ်ပုံ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်၊ အပွင့်ကြီးကြီး ခေါင်းလောင်းပုံ ခရမ်းပျော့ရောင် ပွင့်၍ ပွင့်တည်းဖြစ်သည်။ ချိုသော အရသာရှိသည်။ အရွက်၊ အညွန့်၊ အရိုးတို့ကို စားသုံးနိုင်သည်။ ၎င်းကို အစိမ်းလိုက် တို့စရာအဖြစ် လည်းကောင်း။ ကြော်၍ လည်းကောင်း။ ဟင်းချို။ ချည်ရည်ဟင်း ချက်၍ စားသုံးနိုင်သည်။ အဆိပ်အတောက် ပြေစေရန် မူ၊ အင်ဥတို့နှင့် ရော၍ ချက်စားနိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ ရေကန်၊ လယ်ကွင်းများတွင် အများအပြား တွေ့နိုင်သည်။ ရာသီမရွေး စားသုံးနိုင်သည်။ ရေကန်စွန်းရွက် သတ္တုရည်ကို မကြာခဏ သောက်ပေးပါက ရေငတ်ရောဂါ ပျောက်ကင်းစေနိုင်သည်။

Friday, 29 October 2010
ရေကန်စွန်း
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment