ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 21 October 2010

အောင်ခြင်းရှစ်ပါးအချုပ် ဂါထာပါဠိ

အောင်ခြင်းရှစ်ပါးအချုပ် ဂါထာပါဠိ

၁။ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။

နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။


၂။ မာရံ အာဠာဝကံ ဟတ္ထိ၊ အင်္ဂုလိမာလ စိဉ္စမော။

ကုဍန္တံ နာဂရာဇဉ္စ၊ ဗကံ အဇိနိ တေဇသာ။


အောင်းခြင်းရှစ်ပါးအချုပ် ဂါထာတော်များကို ရွတ်ဆိုရခြင်း၏ အကျိုး

ယင်း ဂါထာ နှစ်ပုဒ်မှာ အောင်ခြင်းရှစ်ပါးကို ဖွဲ့ဆိုကာ ဘုရားရှင်၏ ဂုဏ်တော်များကို ရှိခိုး အောက်မေ့သော ဂါထာများ ဖြစ်သည်။ အဓိပ္ပာယ်မှာတော့ အတူတူပင် ဖြစ်သည်။


ယင်းဂါထာနှစ်ပုဒ်ကို ဘားမဲ့ဆရာတော် ချီးမြှင့် ပေးသနားတော်မူ၍ ညောင်ရမ်းမင်းသားသည် နေ့စဉ်မပြတ် ရွတ်ဖတ်ခဲ့သည်ဆိုပါ၏။ ညောင်ရမ်းမင်းသားသည် ရာဇ၀င်၌ ထင်ရှားခဲ့ရခြင်းမှာ ဤဂါထာနှစ်ပုဒ်၏ ပံ့ပိုးပေးမူများလည်း ပါဝင်ခဲ့ကြောင်း သမိုင်းစာပေ မှတ်တမ်းများက ဆိုသည်။


သို့ဖြစ်ရာ ဘ၀၏ အထွေထွေသော အောင်မြင်မူတို့ကို ရယူလိုသူများ၊ ခက်အခဲကို အောင်မြင်လိုသူများသည် ဤဂါထာ နှစ်ပုဒ်ကို အမြဲမပြတ် ရွတ်ဖတ်ကာ အောင်ပန်းကို လှမ်းဆွတ်ကြရန် ဖြစ်ပါသည်။


မှတ်ချက်။ ။အထက်ဖော်ပြပါ အောင်ခြင်းရှစ်ပါးအချုပ် ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


http://tawthumalay.blogspot.com/2010/08/blog-post_9354.html

No comments:

Post a Comment