ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

သစ်ကြားပင်

မြန်မာအမည် - သစ်ကြားပင်

ရုက္ခဗေဒအမည် - ဂျူဂလန်

ဆိမ့်အီသော အရသာနှင့် ပြည့်စုံပြီှးလျှင် အဖိုးတန်သော အသီးလည်းရရှိသဖြင့် လည်းကောင်း၊ လှပသည့် အပြောက် အကွက် ပေါ်သည်။ သစ်သားခြောက် လည်းကောင်း ရှေးအခါကပင် လူတို့ စိုက်ပျိုး သုံးစွဲလေသည်။

သစ်ကြားပင် မျိုးစိတ် ကွဲပေါင်း (၁၀)မျိုးခန့် ရှိသည်။ အသီးတို့သည် အတွင်း၌ အခွံမာသီးမျိုးဖြစ်၍ လုံးဝန်းသော သဏ္ဌာန်ရှိပြီးလျှင် အနံ့မွှေးသည်။ အသီးအတွင်း၌ အခွံ ရူံ့တွမာကျောသော အဆံချောင် အစေ့သီး ရှိသည်။ မြန်မာနိုင်ငံတွင် ထိုအဆံချောင် အစေ့သီးကို သစ်ကြားသီးဟု ခေါ်သည်။ အစေ့အဆံကို ထိုအတိုင်းလည်း စားသုံးကြသည်။ ထိုးမုန့်။ ရွှေကြည်၊ နနွင်းမကင်း၊ သစ်သီးကိတ်မုန့်များတွင် ထည့်သွင်း ပြုလုပ်စားသုံးကြသည်။ သစ်ကျားစေ့မှ ဆီထုတ်ယူနိုင်သည်။

မြန်မာဆေးကျမ်းများအရ သစ်ကြားသီးသည် သည်းခြေ၊ လေ၊ သလိပ်တို့နှင့် ယှဉ်၍ ဖြစ်သော နှလုံး ဆူဆာလောင်သော အနာကို လည်းကောင်း၊ အသားအရေ ခြောက်သွေ့သော အနာကို လည်းကောင်း၊ နှလုံးမမွေ့လျော်သော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟု ဆိုသည်။

အင်္ဂလိပ် ဆေးကျမ်းများ အလိုအရ သစ်ကြားပင် အရွက်သည် တီဗီကလင်နာ၊ ကျပ်နာတို့အတွက် ဆေးဖက်ဝင်သည်ဟု ဆိုသည်။ အသီးသည် အားသစ်ကို ရစေသော သတ္တိရှိ၍ ရူဖက်တစ် ရောဂါအတွက် အသုံးပြုကြသည်။ မမှည့်သေးသော အသီးကလေးများအတွက် သံချဆေး တစ်မျိုးအဖြစ် သုံးနိုင်သည်။ သစ်ကြားသီးနုနုများ စိမ်ထားသည့် ရှာလကာရည်ဖြင့် အာခံတွင်းကို သန့်ပေးပါက လည်ချောင်းရောဂါ၊ ပြည်တည်နာများပင် ပျောက်သည်ဟု ဆိုပါသည်။ ဆစ်ပလစ် ရောဂါ ကာကွယ်ဆေး တို့၌လည်း အသီးကို အသုံးပြုကြသည်။ အစေ့ဆံမှ ထုတ်ယူရရှိသော အဆီသည် ဓာတ်ကို ပျော့ပျော့ သွားစေနိုင်သည်။ အထူးသဖြင့် သံကောင်၊ တုပ်ကောင်များကို ကျဆင်းစေပါသည်။

No comments:

Post a Comment