မြန်မာအမည် - ပွေးကိုင်း
အင်္ဂလိပ်အမည် - INDIAN SENNA; TINNE VELLY SENNA
ရုက္ခဗေဒအမည် - CASSIA ANGUSTITLIA VANL
မျိုးရင်း - CAESAL PINACEAE
ပွေးကိုင်းပင်သည် မူရင်းဒေသ ဆိုမာလီကျွန်း၊ အာရေဗျ၊ ဆစ်၊ ပန်ဂျပ်နှင့် အိန္ဒိယတောင်ပိုင်းတွင် ပေါက်ရောက်သည်။ ပုံသဏ္ဌာန်မျာ အကိုင်းအခက်များသော အပင်ပျော့၊ အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃-ပေခန့် မြင့်သည်။ အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ မျက်နှာချင်းဆိုင် ထွက်၍ ၅-စုံ မှ ၆-စုံအထိ ပါရှိ၏။ ရွက်မြွားများသည် ငှက်တောင် ပုံသဏ္ဌာန်ရှိပြီး အရင်းသွယ်၍ ထိပ်ချွန်သည်။ ရွက်ပြားချော၍ စိမ်းမိုင်းသော အရောင်ရှိပြီး ရွက်နားညီသည်။ အ၀ါရောင့် အပွင့်များ ပွင့်သည်။ အသီးမှာ သီးတောင့်ရှည် ဖြစ်သည်။ ပြား၍ အနည်းငယ် ကွေးပြီး ချောမွေ့သည်။
မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ မြေသြဇာညံ့ဖျင်းသော မြေမျိုးတွင်ပင် စိုက်ပျိုးနိုင်သည်။ မျိုးစေ့ချကာ စတင် ရေအနည်းငယ် လောင်းပေးရန်လိုသည်။ အပူချိန် အနည်းဆုံး ၅၀-ဒီဂရီ ဖာရင်ဟိုက်မှ အများဆုံး ၁၀၅-ဒီဂရီ ဖာရင်ဟိုက်ရှိ တစ်နှစ်လျှင် မိုးရေချိန် ၄၀-လက်မထက် မပိုသော အပူပိုင်း ဒေသတွင် စိုက်ပျိုးနိုင်သည်။
ပွေးကိုင်းပင်များကို စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ၃-ပေကွာ ၄-ကွက်ကြား စိုက်ရသည်။ စိုက်ပျိုးပုံမှာ ထွန်သွားကို ၃-ပေခြားပြီး လေးကွက်ကြားကြောင်းဆွဲ၍ ကွက်ဆုံ နေရာများတွင် မျိုးစေ့ ၃-စေ့ မှ ၅-စေ့အထိ ထည့်ပြီး ကြမ်းတုံးဖြင့် ဖိပေးရသည်။ အစေ့မှ မျိုးစေ့ပွား စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး နောက် ၂-လအတွင်း အပင်ပေါက်ကလေးများအား အခြားအပင်များက အလွယ်တကူ ဖုံးလွှမ်းသွားနိုင်သဖြင့် အချိန်မီ ကြားထွန်လိုက်ခြင်း၊ ပင်ခြေတွင် ပေါင်းရှင်းခြင်းများ ဆောင်ရွက်ပေးရန် လိုသည်။
အရွက်ခူးနည်းမှာ စိုက်ပြီး ၄-လခွဲအကြာတွင် အရွက်များကို စတင်ဆွတ်ခူးရသည်။ တစ်ကြိမ် ဆွတ်ခူးပြီးနောက် ၇-ရက် မှ ၁၅-ရက်ခြား တစ်ကြိမ် ထပ်မံ ဆွတ်ခူးနိုင်သည်။ ပေးကိုင်းရွက်များ အရင့်လွန်သွားပါက ဆေးအာနိသင် လျော့ပါးနိုင်သဖြင့် မရင့်လွန်း၊ မနုလွန်းသော အရွက်များကို ဆွတ်ခူးရသည်။
အခြောက်လှန်းနည်းမှာ နေပူတွင် တိုက်၇ိုက် အခြောက်လှမ်းလျှင် ဆေးအာနိသင် လျော့ပါးနိုင်သဖြင့် အရိပ်အောက်တွင်သာ အခြောက်လှန်းရသည်။ အကောင်းဆုံး အခြောက်လှန်းနည်းမှာ အမိုးအကာဖြင့် လေ၀င် လေထွက် ကောင်းသော တဲငယ်များဖြင့် ထည့်သွင်း လှန်းပါက ကောင်းမွန်သည်။ ဆေးသုံးစွဲရန် အနေအထားမှာ အရွက်များ မခြောက်လွန်း၊ မစိုလွန်းသည့် အနေအထားသည် အကောင်းဆုံး ဖြစ်သည်။
အရွက်အသုံးပြုနည်းမှာ (၁) ပွေးကိုင်းကို ၀မ်းသက်ဆေး၊ ၀မ်းနူတ်ဆေးအဖြစ် အထူးဖော်စပ် အသုံးပြုသည်။ အညောင်းပူ၊ ဆီးပူ၊ ခြေပူ၊ အခိုးပူနှင့် အပူအပုပ်ခိုးတို့ကို နှိမ်နှင်းရန် ပွေးကိုင်းကို အသုံးပြုမည်ဆိုပါက နို့လက်ဖက်ရည် ပန်ကန်တစ်လုံးတွင် ပွေးကိုင်းပြုတ်ရည် ကျက တစ်ဇွန်း၊ သို့မဟုတ် လိုအပ်သလို အခြေအနေကြည့်ပြီး ရာစပ်၍ သောက်ရသည်။
(၂) ဆီးရွှင် ၀မ်းနုတ်ဆေး၊ အပုပ်ချဆေး၊ မျက်စိအတွင်းဆေးများတွင် ပွေးကိုင်းကို အရေးကြီးသော ဆေးတစ်မျိုး အနေဖြင့် ထည့်သွင်းဖော်စပ်ကြသည်။

Saturday, 30 October 2010
ပွေးကိုင်း
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment