မြန်မာအမည် - ရင်းတိုက်
မွန်အမည် - KRAGRIN
အပင်ကြီးမျိုးဖြစ်သည်။ ပင်စည် အမြင့် ပေ-၄၀ မှ ပေ-၈၀ခန့်အထိ မြင့်သည်။ ရွက်ကြွေပင် ဖြစ်သည်။ ပြာသို၊ တပိုတွဲ လတို့တွင် အရွက်ကြွေသည်။ အခေါက်ကြမ်း၏။ တစ်ကြိမ် ငှက်မွေးရွက်ပေါင်း ဖြစ်၏။ ရွက်ထိပ် ၀ိုင်းသည်။ တစ်ခါတစ်ရံ ထိပ်ချိုင့်နေသည်။ အပွင့်များမှာ အဖြူ၊ သို့မဟုတ် ပန်းရောင်ပွင့်၏။ အသီးတောင့်မှာ ပြား၍ အရင်းနှင့် အဖျား နှစ်ဘက် ငုံးတိတိဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြား၊ အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်းတွင် အများအပြားတွေ့ရှိနိုင်သည်။ ရွက်နုနှင့် အသီးကို ရွက်နုကို အစိမ်းတို့စား နိုင်သည်။ ဟင်းချက်၍ စားနိုင်သည်။ ဟင်းချိုအဖြစ်နှင့် လည်းကောင်း၊ ပြုတ်၍ တို့စားစရာ အဖြစ် လည်းကောင်း စားသုံးနိုင်သည်။ အရွက်အပွင့်တို့ကို တန်ခူးလနှင့် ကဆုန်လတို့တွင် စားသုံးနိုင်သည်။
အရွက်၊ အမြစ်၊ အခေါက်တို့ကို ပြုတ်၍ ရေချိုးခြင်းဖြင့် အဖော အရောင် ရောဂါနှင့် ဖျဉ်းစွဲရောဂါများ ပျောက်ကင်းစေနိုင်သည်။

Friday, 29 October 2010
ရင်းတိုက်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment