ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 25 October 2010

ကိုးန၀င်း ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း

ဂုဏ်တော်ကိုးပါးဆိုသည်မှာ -


၁။ သော ဘဂ၀ါဣတိပိ အရဟံ၊


၂။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊


၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော၊


၎။ သော ဘဂ၀ါ ဣတိပိ သုဂတော၊


၅။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊


၆။ သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ၊


၇။ သော ဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ၊


၈။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊


၉။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ။


ဂုဏ်တော်ကိုးပါး မြန်မာစကားပြေနှင့် အကျိုးများ


၁။ အရဟံ = ကိလေသာ ကုန်စင်လျက် ပူဇော်အထူးကို ခံတော် မူထိုက်သော မြတ်စွာဘုရား။

အကျိုး = ကျက်သရေမင်္ဂလာတိုး၏။


၂။ သမ္မာသမ္ဗုဒ္ဓေါ = သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျဓံ တရားငါးပါးကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

အကျိုး = ဉာဏ်ကောင်း၏၊ စာကျက်သမျှရ၏။


၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော = ၀ိဇ္ဇာ(၃)ပါး၊ ၀ိဇ္ဇာ(၈)ပါး၊ ၊ စရဏတရား(၁၅)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အကျိုး = ကောင်းသော အကြံအစည် အောင်မြင်၏။


၎။ သုဂတော = သဗ္ဗညုတဉာဏ်ရကြောင်း ကောင်းစွာ ကြွလာတော်မူ လျက်ကောင်းသော စကားကိုသာ မိန့်ဆိုတော်မူတတ်သော မြတ်စွာဘုရား။

အကျိုး = မိမိပြောသမျှ အောင်မြင်ရမည်။


၅။ လောက၀ိဒူ = လောကအားလုံးကို အကုန်အစင်သိမြင်တော်မူတတ်သော မြတ်စွာဘုရား။

အကျိုး = ဂုဏ်သတင်းပျံ့နှံ့ကျော်ကြား၏။


၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ = ဆုံးမထိုက်သော သတ္တ၀ါတို့အား ယဉ်ကျေးအောင် အတုမရှိ ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား။

အကျိုး = လူဆိုး နတ်ဆိုး တို့မှ ကင်းဝေး၏။


၇။ သတ္တာဒေ၀ မနုဿာနံ = နတ်လူဗြဟ္မာ တို့ကိုကောင်းစွာဆောင်ယူ ကယ်တင်တော် မူသော မြတ်စွာဘုရား။

အကျိုး = တစ်ပါးသူ၏ ကူညီမူကိုရ၏။


၈။ ဗုဒ္ဓေါ = သစ္စာလေးပါး တရားတော်မြတ်ကို ကိုယ်တော်တိုင်လည်းသိ၊ ဝေနေယျ တို့အားလည်း သိစေတော်မူသော မြတ်စွာဘုရား။

အကျိုး = သူတစ်ပါး အကြံအစည်ကို သိ၏။


၉။ ဘဂ၀ါ = ဘုန်း၊ ကံ၊ တန်ခိုးတော အစုံ ကြီးမားတော်မူသော မြတ်စါာဘုရား။

အကျိုး = ဘုန်းတန်ခိုးကြီး၏။ ပုန်ကန်သူတို့နှင့် ဝေး၏။


အထက်ပါ ဂုဏ်တော်ကိုးပါးတို့တွင် တစ်ပါးလျှင် ၁၀၈လုံးပုတီး တစ်ပတ်ရအောင် စိပ်ရမည်။ ဂုဏ်တော် ကိုးပါးရှိခြင်းကြောင့် ကိုးပတ်ပြည့်အောင် စိပ်ပါလေ။


ထိုဂုဏ်တော် ကိုးပါးပုတီး စိပ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်များမှာ -


၁။ မိမိမွေးနေ့ နံနက် ၄း၀၀ နာရီမှစ၍ စိပ်ရမည်။


၂။ အထက်ပါ နံနက် ၄း၀၀ နာရီမှ စ၍ နံနက် ၈း၀၀နာရီ အတွင်းသာဖြစ်ရမည်။


၃။ ပထမ ဘုရားရှစ်ခိုး၍ ငါးပါးသီလကို ခံယူရမည်။


၎။ ထို့နောက် မေတ္တသုတ် ပရိတ် ရွတ်ရမည်။ အလွတ်မရလျှင် စာကြည့်၍ ရွတ်ဆိုပါ။


၅။ ပါဠိ သို့မဟုတ် မြန်မာစာနည်းဖြင့် မေတ္တာပို့ရမည်။


၆။ အဓိဋ္ဌာန်ပြုရမည်။ အဓိဋ္ဌာန်သစ္စာပြုပုံမှာ -


“ကျွန်ုပ်သည် ယနေ့မှစ၍ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တါင် တစ်ပါးလျှင် တစ်ပတ်ကျ ၉-ပါးရှိခြင်းကြောင့် ပုတီး ၉-ပတ်ကို နံနက်တိုင်း (မည်သည့်နာရီ) မှ (မည်သည့်နာရီ) အတွင်း ၉-ရက် မပျက်မကွက်စိပ်ပါအံ့” ဤသို့ အဓိဋ္ဌာန် သုံးကြိမ် ဆိုပါ။


၇။ နတ်အပေါင်း တို့အား အသိသက်သေ ထားရမည်။ အသိသက်သေထားပုံမှာ “ကျွန်ုပ်သည် ယနေ့မှစ၍ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါး တို့တါင် တပါးလျှင်တစ်ပတ်ကျ ၉-ပါးရှိခြင်းကြောင့် ၉-ပတ်စိပ်ပါအံ့” ဟု အဓိဋ္ဌာန် သစ္စာပြုကြောင်းကို အသင်ကိုယ်စောင့် နတ်၊ အိမ်စောင့် နတ်၊ ရွာစောင့် နတ်၊ မြို့စောင့် နတ်၊ တောစောင့် နတ်၊ ကမ္ဘာစောင့် နတ်၊ သာသနာစောင့် နတ်၊ စတုလောကပါလ၊ သိကြား၊ ဗြဟ္မာ၊ နတ်၊ ၀ိဇ္ဇာ စသော နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အား ပန်ကြားကာ အသိသက်သေ ထားပါ၏၊ ဟု အသိသက်သေ ထားရမည်။


၈။ ထို့နောက် သစ္စာပြုသည့်အတိုင်း ဂုဏ်တော်(၉)ပါးကို ပုတီး(၉)ပတ်စိပ်ရမည်။


၉။ နောက် ၃၁-ဘုံ၌ရှိရှိသမျှ သုခိတ-ဒုက္ခိတ သတ္တ၀ါ အပေါင်းတို့အား အမျှပေးဝေရမည်။


အထက်ပါ စည်းကမ်းချက်များ အတိုင်းအပျက်မကွက် အားထုတ်၍ (၉)ရက်ပြည့်သောနေ့မှာ နတ်အပေါင်းတို့အား အသိအမှတ်ပြုစေရမည်။


အသိအမှတ်ပြုစေပုံမှာ -


အကျွန်ုပ်သည် မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါး တို့တွင် တစ်ပါးလျှင် တစ်ပတ်ကျ ကိုးပါးရှိခြင်းကြောင့် ကိုးပတ် နံနက်တိုင်း နံနက်တိုင်း (၉)ရက် မပျက်မကွက် ပုတီးစိပ်ပါအံ့ဟု အဓိဋ္ဌာန် သစ္စာပြု ခဲ့ပါ၏၊ ထိုအဓိဋ္ဌာန် သစ္စာပြုကြောင်းကို နတ်အပေါင်းတို့ အားလည်း ပန်ကြားကာ အသိသက်သေ ထားခဲ့ပါ၏။ ဤကဲ့သို့ သစ္စာပြုကာ ပန်ကြား အသိသက်သေ ထားခဲ့သည့် အတိုင်း (၉)ရက် မပျက်မကွက် အားထုတ် ပြီးခဲ့သည်မှာ မှန်ကန်ကြောင်း အသိအမှတ်ပြုကြပါကုန် ဟုဆိုရမည်။ အဓိဋ္ဌာန်အတိုင်း(၉)ရက် အောင်မြင်ပြီးစီးပါက လည်းကောင်း အဓိဋ္ဌာန်အတိုင်းပြန်၍ (၉)ရက်ပေါင်း (၉)လီ ဆက်လက်အားထုတ်ရမည်၊ ဤသို့ဖြင့် (၉)ရက်စီ (၉)လီ (၈၁)ရက်ပြီးမြောက် အောင်မြင်ပါက ပထမဆင့် ပြီးတော့၏။


ဒုတိယအဆင့် ပုတီးစိပ်နည်း


နံနက် (၉)ပတ်၊ ည (၉)ပတ် တစ်နေ့ (၁၈)ပတ်စိပ်ရမည်။ ညဘက် အချိန်ပိုင်းသည် ည (၆)နာရီမှ ည (၁၀)နာရီ အထိသာ စိပ်ရမည်။


တတိယအဆင့် ပုတီးစိပ်နည်း


နံနက် (၉)ပတ်၊ နေ့လယ် (၉)ပတ်၊ ည (၉)ပတ်၊ တစ်နေ့ (၂၇)ပတ်စိပ် ရမည်။ နေ့လယ် အချိန်ပိုင်းသည် နေ့လယ် (၁)နာရီ မှ ညနေ (၄) နာရီအထိသာစိပ် ရမည်။


စတုတ္တအဆင့် ပုတီးစိပ်နည်း


နံနက် (၂၇)ပတ် တိတိသာ စိပ်ရမည်။ ဂုဏ်တော် တစ်ပါးလျှင် (၃)ပတ်ကျနှင့် (၉)ပါး ရှိခြင်းကြောင့် (၂၇)ပတ် စိတ်ရပါမည်။


ပဉ္စမအဆင့် ပုတီးစိပ်နည်း


နံနက် (၂၇)ပတ်၊ ည (၂၇)ပတ်၊ တစ်နေ့လျှင် (၅၄)ပတ် စိပ်ရမည်။


ဆဋ္ဌမအဆင့် ပုတီးစိပ်နည်း


နံနက် (၂၇)ပတ်၊ နေ့လယ် (၂၇)ပတ်၊ ည (၂၇)ပတ်စိပ် ရမည်။ နေံလယ်အချိန်ပိုင်းသည် နေ့လယ် (၁)နာရီ မှ ည (၆)နာရီ အထိသာ စိပ်ရမည်။ ညအချိန်ပိုင်းသည် ည (၆) နာရီမှ ည (၁၀)နာရီထိ အတွင်းသာ စိပ်ရမည်။


သတ္တမအဆင့် ပုတီးစိပ်နည်း


နံနက် (၈၁)ပတ် စိပ်ရမည်၊ အချိန်ပိုင်းသည် နံနက် (၄)နာရီ မှ နံနက် (၁၀)နာရီ အထိသာ စိပ်ရမည်။


အဋ္ဌမအဆင့် ပုတီးစိပ်နည်း


နံနက် (၈၁)ပတ်၊ ည (၈၁)ပတ် စိပ်ရမည်၊ (၈၁)ပတ်ဆိုရာ၌ ဂုဏ်တော် တစ်ပါးကို (၉)ပတ်၊ (၉)ပါးရှိခြင်းကြောင့် (၈၁)ပတ် စိပ်ရခြင်း ဖြစ်ပါသည်။


န၀မအဆင့် ပုတီးစိပ်နည်း


နံနက် (၈၁)ပတ်၊ နေ့လယ် (၈၁)ပတ်၊ ည (၈၁)ပတ် စိပ်ရမည်။ ဂုဏ်တော်တစ်ပါးကို (၉)ပတ်၊ (၉)ပါး ရှိခြင်းကြောင့် (၈၁)ပတ်၊ တစ်နေ့သုံးကြိမ်စိပ် ရမည်။


မှတ်ချက်။ ဂုဏ်တော်တစ်ပါးပြီးတိုင်း ပင်လယ်ကူးသုံးဆင့်တွင် * အရဟံနမော ဗုဒ္ဓါယ သိဒ္ဓိ ဘဂါ * ဟူ၍အတက် အဆင်း စိပ်ပါ။ ဆိုလိုသည်မျာ ပင်လယ်ကူးတစ်ဆင့်လျှင် တစ်ခါ စိပ်ပါ။ ပင်လယ်ကူး သု့းဆင့် ရှိ၍ အတက်အဆင်း စိပ်ရာ၌ (၆)ခါစိပ်ဖို့ (၀ါ) – (၆)ခါရွတ်ဖို့ လိုအပ်ပါသည်။

1 comment:

  1. ဆရာ ရေ ဆရာ့ blog က နောက် ခံ အနက် ကြီး ဖြစ်နေတာ အဆင်မပြေ ဘူး ခင်ဗျာ

    ReplyDelete