ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 29 October 2010

မင်းပေါ

မြန်မာအမည် - မင်းပေါ၊ တမင်းပေါ၊ ဘုလားကွမ်းသီး၊ ကျောက်မင်းပေါ

ပင်စည်မှာ ထန်းပင်၊ ကွမ်းသီးပင်ကဲ့သို့ အရွက်ထွက်သည်။ အမြင့် ၁၀-ပေ မှ ၁၂-ပေ အထိ မြင့်သည်။ အရွက်မြွှာများ ယပ်တောင်ကဲ့သို့ စွေ စောင်း ဖြတ်ထွက်နေသော သုံးထောင့် ပုံလေးများ ဖြစ်သည်။ အသီးမှာ အခိုင်လိုက်ထွက်၍ ရွက်ရင်းနှင့် ပင်စည်ကြားမှ ပြွတ်သိပ်၍ သီးသည်။ အသီးနုမှာ အစိမ်းရောင်ရှိ၍ အသီးရင့်မှာ အမည်းရောင် (သို့မဟုတ်) ခရမ်းနက်ရောင် ရှိသည်။ မြန်မာနိုင်ငံအနှံ့ တောလက် တောင်ခိုများတွင် ပေါက်သည်။ ပင်စည်အူတိုင်နုနှင့် ပင်စည်ထိပ်ခေါင်း အသားနုကို စားသုံးနိုင်သည်။ ပင်စည် အူနုကို နုတ်နုတ်စဉ်း၍ ထောင်းပြီး အရည်ညှစ်ခါ ကြိုချက်သောက်နိုင်သည်။ ရာသီမရွေး စားသုံးနိုင်သည်။ အသားကို သွေး၍ ခေါင်းတွင် အုံပေးပါက ခေါင်းကိုက်ရောဂါ ပျောက်ကင်းသည်။

No comments:

Post a Comment