ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 October 2010

ဖန်ခါး

မြန်မာအမည် -ဖန်ခါး

ဒေသန္တရအမည် - ကြစုသီး

အပင်ကြီးမျိုး ဖြစ်သည်။ ပေ -၇၀ - ၈၀ အထိ မြင့်မားသည်။ ပင်စည် ဖြောင့်မတ်၍ အခေါက်ထူသည်။ အပွေးနက်သည်။ အရွက်ဆိုင် ထွက်သည်။ အရွက်သည် ဘဲဥပုံ ရှည်မျောမျာ ဖြစ်သည်။ ရွက်ပြား သုံးလက်မမှ လေးလက်မသို့ ကျယ်ပြန့်သည်။ ပန်းပွင့်အဖြူ သို့မဟုတ် အ၀ါရောင်ဖြစ်သည်။ ကဆုန်လမှ ၀ါခေါင်လအထိ ပွင့်သည်။ အသီးသည် တစ်စေ့သီးဖြစ်သည်။ အတို့အမြူပ်အဖြစ် စားသုံးနိုင်သည်။ အရသာမှာ ချဉ်၊ ဖန်၊ ခါး အရသာများ ရှိသည်။ အသီးကို ထုထောင်း၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးကြောပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းများ ပျောက်သည်။

No comments:

Post a Comment