ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 22 October 2010

ဣစ္ဆာသယမန္တန်တော် (ခေါ်) သုဂတောငါးချက်ဂါထာပါဠိ

ဣစ္ဆာသယမန္တန်တော် (ခေါ်) သုဂတောငါးချက်ဂါထာပါဠိ


သုဂတော သုဂတဓာနံ၊

သုဂတော သုန္ဒရမ္ပိ စ။

နိဗ္ဗာနံ သုဂတော ယာတိ၊

သုဂတော တေ နမော နမာ။


ဣစ္ဆာသယမန္တန်တော် (ခေါ်) သုဂတော ငါးချက်ဂါထာ ရွတ်ဖတ်ခြင်း၏အကျိုး


၎င်း ဂါထာတော်ကို နေ့စဉ် သက်စေ့ရွတ်ပါက လိုရာဆန္ဒ ပြီးစီးစေပါသည်။ ပြောဆိုသမျှ သြဇာတည်စေပါသည်။ ဆရာကောင်း ဆေးဝါးကောင်းများကို အထူးရရှိစေပါသည်။ နေမိန္ဒရတောင်ပေါ်မှ ဆရာတော်ကြီး ဦးတေဇနိယသည် နေ့စဉ်ရွတ်ရာ နှစ်ကြာလာသည်နှင့်အမျှ အကျိုးပွားလာခဲ့ပြီး တစ်နေ့တွင် ၀ိဇ္ဇာခိုရ်များက တပည့်တစ်ဦးလွှတ်၍ စတုမဓူကပ်သဖြင့် ဘုဉ်းပေးရာ အားကုန်ညိုးနွမ်းသော မြစ်ခြောက်နားမှာ ရုတ်တရက် ယူပစ်သလို ပျောက်ကင်းခဲ့ဖူးပါသည်။


ဤ ဣစ္ဆာသယ မန္တန်တော်ကို ရှေးဆရာတော်ကြီးများက သုဂတော ငါးချက်ဂါထာဟု ခေါ်ဆိုခဲ့ကြသည်။


မြတ်ဗုဒ္ဓ၏ နုက္ခပါဌ်တော်များကို နတ်ပင့်မှ ဣစ္တာသယ သုဂတော ဂါထာထိ အမျိုးပေါင်း ခြောက်ဆယ်ကျော်ဖြင့် ထုတ်ဖော် တင်ပြခဲ့ပြီးလေပြီ။


ထိုသို့သော ဘုရားနူတ်ပေါဌ် ဂါထာ မန္တန်တော်မြတ်တည်းဟူသော ဗုဒ္ဓပရိတ်တော်မြတ်များတွင် မိမိတို့ အလိုရှိရာ အဆင်ပြေရာ ဂါထာတော်မြတ်များကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး သကာလ ထိုပရိတ်မန္တန်တော်မြတ်များ၏ အကျိုးကျေးဇူးကို ပိုမိုခံစားနိုင်စေရန် မေတ္တာပို့သခြင်းနှင့် တွဲဖက်၍ အသုံးပြုသင့် ပေသည်။ ဥပမာ - သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို နေ့စဉ် အမြဲရွတ်ဖတ်မည်ဆိုပါက ထို သဗ္ဗဇယမင်္ဂလာ ဂါထာတော်ရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မေတ္တာပို့ ဂါထာတော်ကို ဆက်လက်ရွတ်ဆိုရန် ဖြစ်ပါသည်။


ထိုကဲ့သို့ မေတ္တာပို့သပြီးသည်နှင့် တစ်ပြိုင်နက် မိမိပြုခဲ့သမျှ ကုသိုလ်ပုညအားလုံးကို ၃၁-ဘုံသို့ အမျှပေး ဝေရမည် ဖြစ်ပါသည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများက မိမိ၏ ကောင်းမူကို သာဓု အနုမောဒနာ ခေါ်ယူ၍ မှတ်တမ်းတင်ကြပါလိမ့်မည်။


မေတ္တာပို့ အမျှအတန်းပေးဝေပြီးသည့်နောက် သမ္မာဒေ၀ နတ်ဗြဟ္မာအပေါင်းတို့အား ၎င်းတို့ရပ်ဌာန ဘုံဗိမာန်သို့ ပြန်နိုင်စေရန် ရည်သန်ခွင့်ပြု နတ်ပို့ခြင်း အမူကို ပြုရပါသည်။


နောက်ဆုံးတွင် အရပ်ဆယ်မျက်နှာကို စည်းချ၍ ဗုဒ္ဓပရိတ်တော်မန္တန်ရွတ်ဖတ်ခြင်း ကိစ္စကို ပြီးစီးစေရမည် ဖြစ်ပါသည်။


ဤအစီအစဉ်အရ မေတ္တာပို့အမျှဝေခြင်းကို ဖော်ပြမည်ဖြစ်ရာ မိမိမှစ၍ ၃၁-ဘုံအတွင်းရှိ သတ္တ၀ါများအား ပါဠိဖြင့် မေတ္တာပို့ခြင်းနှင့် အမျှဝေခြင်းကို ရှေးမူအတိုင်း ဖော်ပြပါသည်။

မှတ်ချက်။ ။


အထက်ဖော်ပြပါ ဣစ္ဆာသယမန္တန်တော် (ခေါ်) သုဂတောငါးချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


http://tawthumalay.blogspot.com/2010/08/blog-post_9354.html

No comments:

Post a Comment