ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 29 October 2010

ဗြုံးမွေးပင်

မြန်မာအမည် - ဗြုံးမွေး

မွန်အမည် - OROME MAHNEE

အပင်ဖြောင့်၍ အမြစ်တို့သည် မြေတွင် ပြန့်နှံထွက်သည်။ ပင်စည်လုံးရှည်ပုံရှိ၍ အမွေးမရှိဘဲချောမွတ်သည်။ ၃-လက်မ မှ ၉-လက်မအထိ ရှည်သည်။ အရွက်သေးငယ်ပြီး ဘဲဥပုံရှိ၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ ရွက်ထိပ်ဝိုင်း၍ ရွက်နားညီပြီး ထောင့်မှန်ရွက်ဆိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်၍ အဖြူရောင်ရှိသည်။ တစ်ခါတစ်ရံ ခရမ်းရောင် ပွင့်သည်။ တစ်ပင်လုံး အစိမ်းစားနိုင်သည်။ ကြော်ချက်၍လည်း စားနိုင်သည်။ အရွက်ကို ပြုတ်၍ လက်သုပ်ဖြစ်စေ၊ (သို့မဟုတ်) တို့စရာ ဖြစ်စေ စားသုံးခြင်းဖြင့် လေနှင့် သက်ဆိုင်သော ရောဂါများ ပျောက်ကင်းစေ၏၊

No comments:

Post a Comment