မြန်မာအမည် - ကတွက်(ကဒွတ်)
ရှမ်းအမည် - MAILU SANG
ကတွက်ပင်သည် ညောင်ပင်မျိုးတွင် ပါဝင်၍ အမြဲစိမ်းလန်းကာ ချုံပုတ် အကြီးစားကဲ့သို့ ပေါက်ရောက် တည်ရှိသည့် ပင်လတ်မျိုး ဖြစ်သည့်အပြင် အမြဲစိမ်းလန်းသော အပင်မျိုး ဖြစ်သည်။ အခေါက်သည် အပြာရင့်ရောင် ဖြစ်၍ ရွက်ဆိုင် ထွက်သည်။ အရွက်၏ အရင်းမှာ မတူညီဘဲ တစ်ဘက်နိမ့် တစ်ဘက်မြင့် ဖြစ်သည်။ အရွက်အောက် မျက်နှာပြင်တွင် အမွှေးနုများ ရှိ၍ အပေါ် မျက်နှာပြင်မှာ ကြမ်းသည်။ ပင်စည်ဒဒ အရင်းဘက် အကိုင်းတွင် ပွင့်သီးသည်။ သဖန်းသီးကဲ့သို့ ဖြစ်သည်။ မိုးကုတ်၊ ရှမ်း၊ ကချင်၊ မွန်ပြည်နယ်တို့တွင် အများအပြား တွေ့နိုင်ပါသည်။ ယိုထိုး၍ စားသုံးနိုင်သည်။ အညွန့်ကို ဟင်းချိုချက်၍ လည်းကောင်း၊ ပြုတ်၍ အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ကြော်၍ ချက်၍ လည်းကောင်း စားသုံးနိုင်သည်။ အသီးမှည့်ကို မိုးရာသီနှင့် ဆောင်းရာသီတွင် စားသုံးနိုင်သည်။ အညွန့်ကို ရာသီမရွေး စားသုံးနိုင်သည်။ အမြစ်သတ္တုရည်ကို သောက် သော် ဆီးချုပ်၊ ဆီးအောင့် ရောဂါ ပျောက်ကင်းပါသည်။

Saturday, 30 October 2010
ကတွတ်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment