မြန်မာအမည် - ရဲယို
ကချင်အမည် - NLUNG
ချင်းအမည် - LATLOOT
မွန်အမည် - HLAPON YOOK
အပင်လတ်မျိုး ဖြစ်၍ အမြဲ စိမ်းလန်းလျက် ရှိသည်။ အကိုင်းငယ်များ မျက်နှာချင်းဆိုင် ထွက်၍ တစ်စုံနှင့် တစ်စုံ ထောင့်မှန်ကျ၍ ထွက်သည်။ အရွက်များလည်း ထောင့်မှန် ရွက်ဆိုင်ထွက်၍ အရွက်မှာ တစ်ပေခန့် အထိရှိသည်။ ရွက်ကျောများ ထင်ရှား၍ မျက်နှာပြင် နှစ်ဘက်စလုံး ချောသည်။ စုပေါင်း ပန်းခိုင်သည် အဆစ်မှ အရွက်နှင့် ဆန့်ကျင်ဘက် ထွက်၍ အဖြူရောင် ပန်းပွင့်ငယ်များ စု၍ပွင့်သည်။
အပွင့်ခိုင်မှ ဖြစ်သော အသီးများသည် နုစဉ်တွင် အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်လာသောအခါ အဖြူရောင်သို့ ပြောင်းသွားသည်။ အသားမှာ ပျော့သည်။ အနံ့စူးရှသည်။ အရသာမှာ ပူရှိန်းပူရှိန်း ရှိသည်။ အရွက်နုနှင့် အသီးမှည့်ကို စားသုံးနိုင်သည်။ ရာသီမရွေး စားသုံးနိုင်သည်။ အသီးကို အစိမ်း စားနိုင်သည်။ အသီးကို ထန်းလျက်ဖြင့် ရောမွှေ၍ စားသုံးပါက အစားမကြေရောဂါ ပျောက်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။

Saturday, 30 October 2010
ရဲယို
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment