မြန်မာအမည် - လေးညှင်းပင်
ရုက္ခဗေဒအမည် - ယူဂျီးနိးယားကယ်ရီယို မီလေး
လေးညှင်းပင်၏ အဖူးလေးများသည် ထွက်စ အချိန်တွင် ဖြူရော်ရော် အရောင်ရှိ၍ တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရင့်လာသောအခါ အနီရောင်သို့ ပြောင်းလဲသွားသည်။ ထိုအခါ အဖူးများကို ခူးဆွတ်၍ နေလှမ်းရသည်။ ခြောက်သွေ့သောအခါ အညိုရင့်ရောင် ဖြစ်လာသည်။
လေးညှင်းပွင့်သည် အမွှေးအကြိုင်တွင် တစ်ခု အပါအ၀င်ဖြစ်သည်။ လေးညှင်းဆီကို လေးညှင်း ဖူးများ။ အရွက်များနှင့် အကိုင်း အခက်များကို ရေဖြင့် အထပ်ထပ် ပေါင်းတင်ခြင်းဖြင့် ရရှိနိုင်သည်။ လေးညှင်းဆီ၏ အရသာမှာ လေးညှင်းပွင့်ကဲ့သို့ပင် အနံ့သင်း၍ ပူစပ်စပ် ဖြစ်သည်။ လေးညှင်းဆီကို သွားကိုက် သွားနာရောဂါ ကုသရာတွင် အသုံးပြုကြသည်။ အခြားသော ဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုသည်။

Saturday, 30 October 2010
လေးညှင်းပင်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment