(မံသပေသူပမာ ကာမာ) ဥပမာအားဖြင့်…
လင်းတသည်လည်းကောင်း၊ ဘုံမတီးငှက်သည်လည်းကောင်း၊ စွန်ရဲသည်လည်းကောင်း သားတစ်တစ်ခုကိုရ၍ ပျံသွားလေရာ၏။ ထိုသားတစ်ကိုရ၍ ကောင်းကင်သို့ ပျံကာ သွားသော ငှက်ကို အခြား သားတစ်မရသော ငှက်တို့သည် အစဉ်တစိုက် ထက်ဝန်ကျင်မှ လိုက်ကြကုန်၍ ထိုးဆိတ် လုယက်ကြလေကုန်သည်။
သားတစ်ကို မရသော် ထိုငှက်အား ထိုးဆိတ်ကြကုန်သည်။ ထိုငှက်သည် အခြားငှက်တို့၏ သားတစ်ရလိုသော အကြောင်းကြောင့် ထိုးဆိတ်ကြသဖြင့် ဤသားတစ်ကို မလွတ်က သေသော်လည်း သေမည်။ မသေသော်လည်း သေလောက်သော ဆင်းရဲသို့ ရောက်လိမ့်မည်ဟု သိလျှင် သားတစ်ကို ချက်ချင်း လွှတ်ချရာသည်။
ထိုအတူ အာရုံငါးပါး ကာမတရားတို့သည် သားတစ်နှင့် တူကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူထားသည်ကို သိသော တပည့်သား သာဝကသည် ထိုသားတစ်နှင့် တူသော ကာမတရားတို့ကို ရှောင်ခွာနိုင်မှ ထိုဆင်းရဲမှ ထွတ်မြောက်နိုင်ရာ၏။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment