ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 7 December 2012

အဆင်းရုပ်တွင်-အပြစ်မြင်

 (၁၇)
ပါဠိတော်
“ေကာစ ဘိကၡေ၀ ရူပါနံ အာဒီနေ၀ါ၊ ဣဓ ဘိကၡေ၀ တေမ၀ ဘဂိနိ ံ ပေႆယ်။ လ။ အယမ္ပိ ဘိက္ခဝေ ရူပါနံ အာဒီနဝေါ”

မြန်မာပြန်

“ရဟန်းတို - အဆင်း ရုပ်တို့၏ အပြစ်သည် အဘယ်နည်း၊ နောက်အခါ၌ ထိုလှပသော သတို့သမီးကိုပင် အသက်အားဖြင့် ရှစ်ဆယ်၊ ကိုးဆယ်၊ တစ်ရာရှိသည်ဖြစ်၍ တောင်ဝှေးကိုသာ လက်ကိုင်ပြုကာ မှီခိုရာရှိလျက် အရွယ်လွန်သဖြင့် သွားကျိုးဆံဖြူ ဆံပင်ကျွတ်သဖြင့် ခေါင်းပြောင်ကာ အရေတွန့်လျက် ကိုယ်၌လည်း မှဲ့အမည်းစွဲကာ နာကျင်စွာ တုန်တုန်ခိုက်ခိုက် သွားလာနေသည်ကို တွေ့မြင်ရာ၏၊ ရဟန်းတို့… ထိုအခြင်းအရာကို သင်တို့ နှလုံးသွင်းထားကြ ကုန်လော့၊ ရှေးအခါက ရှိသော လှပတင့်တယ်သော အဆင်းသည် ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ်နေသည် မဟုတ်လော၊ မှန်ပါသည်၊ ဤသည်လည်း အဆင်းရုပ်တို့၏ အပြစ်ပေတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်

မြတ်စွာဘုရားသည် အဆင်းရုပ်တို့၏ သာယာဖွယ်ကို ဟောတော်မူပြီးနောက် ထိုအဆင်းရုပ်တို့၏ အပြစ်ကိုလည်း ဖော်ပြဟောကြားလေသည်။ သာယာဖွယ်ဖြစ်သော လှပတင့်တယ်သည့် အဆင်းရှိသော ထိုအမျိုးသမီးသည် အသက်ကြီးရင့်သဖြင့် ၈၀, ၉၀, ၁၀၀ အရွယ် ရောက်သော် ခါးက ကိုင်းသဖြင့် တောင်ဝှေး အကူအညီဖြင့် သွားနေရလျက် ရုပ်အသွင်မှာလည်း ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်း၊ ခေါင်းမှ ဆံပင်ကျွတ်သဖြင့် ခေါင်းပြောင်ကာ အရေတို့တွန့်လျက် ကြည့်၍ မကောင်းသော အသွင်သဏ္ဌာန်ရှိလျက် မြင်ရသောအခါ ရှေးအခါက အလွန်လှပတင့်တယ်၍ ရူချင်ကြည့်ချင်စဖွယ်သော အဆင်းရုပ်တို့သည် ယခုအခါ မရှိတော့ပြီ။

မှန်၏။ ဇာတိဟူသော အဖြစ်သည် ရှိခဲ့သော် ဇရာဟူသော ရင့်ရော်မူသည် ဓမ္မတာ တရားအတိုင်း ဖြစ်လာရ၏။ ဇရာဟူသော အရင့်အရော်တရားကို ပညာဉာဏ်ဖြင့် မမြင်သမျှ အာဒီန၀အပြစ်ကို မမြင်မသိပေ။ မြတ်စွာဘုရားသည် ဇရာတရားကို ပဋိစ္စသမုပ္ပာဒ်ဝိဘင်း၌…

“ကတမာစ ဘိက္ခဝေ ဇရာ၊ ယာတေသံ တေသံ သတ္တာနံ တမှိတမှိ သတ္တနိကာယေ ဇရာဇိရဏတာ၊ ခဏ္ဍိစ္စံ ပါလိစ္စံ ၀လိတ္တစတာ အယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော အယံဝုစ္စတိဇရာ”

“ချစ်သားတို့… အဘယ်တရားသည်လျှင် အိုခြင်း၊ ရင့်ခြင်း၊ ရော်ခြင်း မည်သနည်း၊ ထိုထိုသို့သော သတ္တ ၀ါတို့၏ ထိုထိုသို့သော ဖြစ်ရာဌာန ဘုံဘ၀၌ အကြင် အိုခြင်းသည်လည်းကောင်း၊ အကြင် အိုသော အခြင်းအရာသည်လည်းကောင်း၊ အကြင် သွားကျိုးသည်၏ အဖြစ်သည်လည်ကောင်း၊ အကြင် ဆံဖြူသည်၏ အဖြစ်သည်လည်းကောင်း၊ အကြင် အရေတွန့်သည်၏ အပြစ်သည်လည်းကောင်း၊ အသက်ပိုင်း၏ ဆုတ်ယုတ်သည်၏ အဖြစ်သည် လည်းကောင်း၊ စက္ခုစသော ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းသည်လည်းကောင်း ရှိ၏။ ချစ်သားတို့… ပြဆိုခဲ့သော ထိုတရား သဘောသည် အိုမင်းရင့်ရော်ခြင်း ဇရာတရားဟူ၍ ခေါ်ဆိုအပ်၏”

ထိုအိုမင်းခြင်း၊ ရင့်ရော်ခြင်း၊ ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ အရေတွန့်လိပ်ခြင်း စသောအဖြစ်။ အသက်ဇီဝိတိနြေ္ဒ၏ ဆုတ်ယုတ်ခြင်း၊ မျက်စိနာ, နားစသော ဣနြေ္ဒတို့ ရင့်ကျက်မူန်မိုင်းလာခြင်းစသော အခြင်းအရာ လက္ခဏာ အားလုံးသည် ဇရာတရားဖြစ်လေသည်။ ထိုတရားသည် ဇာတိရလာဖြစ်လာရသော သတ္တ၀ါ၊ အရာဝတ္ထုတိုင်း အဆင့်ဆင့် ဖြစ်လာကြောင်းကို… နွားကျောင်းသား ဥပမာဖြင့် ၀ိသာခါ အမှူးရှိသော သီတင်းသည် ငါးရာအား ဟောတော်မူထားကြောင်း “ဇာတိဇရာ ယသန္တိကံ” အဖြစ်သည် အရင့်သို့ပို့ပုံကို ဓမ္မပဒ ဋ္ဌကထာ - ၃၃ တွင် တွေ့နိုင်သည်။

ယင်းသို့ ဇရာတရားသည် အမြဲနှိပ်စက်၍ ၎င်း၏ ဓမ္မတာလမ်းကြောင်းသို့ သွားနေသည်ကို မမြင်ကြသော သူတို့အား ထိုအဆင်း ရုပ်၌ အဿာဒအဖြစ် သာယာဖွယ်, နှစ်သက်ဖွယ်ဟု ရူမြင်တတ်သော အာရုံ ကာမဂုဏ်စိတ်သည် ထိုအစွဲမှား, အမြင်မှားသောသူအား အသက်သေအောင်ပင် သတ်တတ်လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။







No comments:

Post a Comment