ပါဠိတော်
“ကောစ ဘိက္ခဝေ ရူပါနံ အဿာဒေါ၊ သေယျထာပိ ဘိက္ခဝေ ခတ္တိယ ကညာဝါ။ လ။ ယံခေါ ဘိက္ခဝေ သုတံဝဏ္ဏနိတံ ပဋိစ္စဥပ္ပဇ္ဇတိ သုခံ သော မနဿံ၊ အယံ ရူပဿအဿာဒေါ”
မြန်မာပြန်
မြန်မာပြန်
“ရဟန်းတို့ - အဆင်းရုပ်၏ သာယာဖွယ်သည် အဘယ်နည်း၊ ရဟန်းတို့-ဥပမာအားဖြင့် မမြင့်လွန်း, မနိမ့်လွန်း, မပိန်လွန်း, မ၀လွန်း, မမည်းလွန်း, မဖြူလွန်း၍ အပြစ်ခြောက်ရပ် ကင်းစင်သော အသက်အားဖြင့် တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိ မင်းမျိုး သတို့သမီးဖြစ်စေ၊ ပုဏ္ဏာားမျိုး သတို့သမီးဖြစ်စေ၊ သူကြွယ်မျိုး သတို့သမီးဖြစ်စေ ရှိရာ၏။ ရဟန်းတို့ - ထိုအရွယ်၌ ထိုအဆင်းသည်လှပသည်၊ တင့်တယ်သည် မဟုတ်လော၊ မှန်ပါသည်၊ ရဟန်းတို့- ထိုလှပတင့်တယ်သော အဆင်းကိုစွဲ၍ ဖြစ်သော ချမ်းသာခြင်း၊ ၀မ်းသာခြင်းသည် ထိုအဆင်းရုပ်တို့၏ သာယာဖွယ်တည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
“မြတ်စွာဘုရားသည် ကာမတို့၏ သာယာဖွယ်၊ ကာမတို့၏အပြစ်၊ ကာမတို့၏ ထွက်မြောက်ရာကို ဟောတော်မူပြီး၍ အဆင်းရုပ်တို့၏ သဘောကို ဟောတော်မူခြင်းငှာ “ရူပါနံ အဿာ ဒေါ”ဟု အစချီ၍ ဟောတော်မူသည်။ ကာမအာရုံ ကာမဂုဏ် စိတ်ဖြစ်ရာတွင် အဆင်း, အသံ, အနံ့, အရသာ, အတွေ့သည် ၀တ္ထုကာမဖြစ်၍ ကိလေသာ မဟုတ်သော်လည်း ကိလေသာမဖြစ်ရန်၊ တစ်နည်း ထိုအဆင်းတို့ မရှိလျှင်၊ ထိုအဆင်းတို့ကို မတွေ့ရလျှင် မျက်စိ အာရုံ ကာမဂုဏ် ကိလေသာစိတ် မဖြစ်နိုင်ပေ။ ၀တ္ထုကာမသည် ကိလေသာကာမဖြစ်ရန် ကြီးစွာသော အထောက်အပံ့ ဖြစ်၏”
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment