(သုပိနကူပမာ ကာမာ) ဥပမာသော်ကား...
လူတစ်ယောက်သည် ပျော်စရာကောင်းသော သစ်ပင် တောအုပ်၊ မွေ့လျော်ဖွယ်ကောင်းသော ဥယျာဉ်ရေကန် ပန်းမန်တို့ဖြင့် သာယာဖွယ်သော အိပ်မက်ကို မြင်မက်၏။ ထိုအိပ်မက်သည် နိုးလာသော ထိုယောက်ျားအား တစ်စုံတစ်ရာ တစ်ခုကိုမျှ မမြင်ရတော့သည် ဖြစ်သောကြောင့် စိတ်ပျက် ၀မ်းနည်းခြင်း ဖြစ်ရလေသည်။
ထို့အတူ ကာမဂုဏ်တို့သည် အာရုံဝတ္ထု တိုက်ဆုံမူ အခိုက်သာ ကိလေသာကာမတို့ ဖြစ်၍ သာယာဖွယ်ဟု ယူမှတ်ကြသော ပုထုဇဉ်တို့အတွက် အစွဲနာလေသည်။ စင်စစ်အခိုက်အတန့်မျှသာ ဖြစ်သော ကာမဂုဏ်ဟူသည် အိပ်မက်နှင့် တူသည်ဟူ၍ မြတ်စွာဘုရား အဆုံးအမကိုရသော တပည့်သား သာဝကသည် အိပ်မက်ခဏ၌သာ အေးချမ်း၍ နိုးလာသောအခါတွင် ပူပန်ဖွယ်များလှသော ကာမဂုဏ်တို့ကို ပယ်ခွာ၍ ထိုကာမမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြကုန်ရာသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment