ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 5 December 2012

ဆန္ဒရာဂ ပယ်နိုင်မှ ဗုဒ္ဓ၀ါဒသာ

ခန္ဓ၀ဂ္ဂသံယုတ် ပါဠိတော် ဒေ၀ဒဟသုတ်တွင် မြတ်စွာဘုရား၏ ၀ါဒတော်ကို အရှင်သာရိပုတ္တရာ သင်ကြားလိုက်ရာ၌...

“ကိံ ၀ါဒီယသ္မန္တာနံ သတ္ထာ၊ ကိမက္ခာယိ”

“အရှင်တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒ ရှိပါသနည်း၊ အဘယ်သို့ ဟောလေ့ပြောလေ့ ရှိပါသနည်း”


ဟု မေးခဲ့သော်...

(ဆန္ဒရာဂ ၀ိနယက္ခာသိ ခေါနော အာဝုသော သတ္တာ)

“ငါ့ရှင်တို့၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် လိုချင်တပ်မက်မူ(ဆန္ဒရာဂ)ကို ဆုံးမခြင်းကို ဟောပြောလေ့ ရှိပါသည်”

ဟု ပြောတတ်အောင် အရပ်တစ်ပါးသို့ သွားမည့်ရဟန်းများအတွက် လိုရင်းကို သင်ပြပေးခြင်း ဖြစ်လေသည်။ ထိုဆန္ဒရာဂဟူသည် အဘယ်နည်းဟူမူ...

(ပါဠိ၌ “ဟတ္တိ” သဒ္ဒါသည် “ဆင်”ဟု အနက်ပေးသည်။ တစ်ဖန် “နာဂ”ဟူသော သဒ္ဒါသည်လည်း “ဆင်”ဟုပင် အနက်ပေးသည်။ ထိုပုဒ်နှစ်ခုကို ပေါင်း၍ “ဟတ္ထိနာဂ”ဟု ပါဠိတွေ့လျှင် “ဆင်”ဟူ၍ သာမည အနက် မပေးရဘဲ ဆင်တို့တွင် အလွန်ကြီးသော “ဆင်ပြောင်ကြီး”ဟု အနက်ပေးရသကဲ့သို့ ယခု ပါဠိတော်တွင် ပါသော “ဆန္ဒရာဂ” ပုဒ်၌ “ဆန္ဒ” သဒ္ဒါသည် “တဏှာ” ဟူသော အနက်ဖြစ်၍ “ရာဂ” သဒ္ဒါသည်လည်း “တဏှာ”ပင် ဟောလေရကား ထို ၂-ပုဒ်ပေါင်း “ဆန္ဒရာဂ”ဟူရာ၌ တဏှာရိုးရိုးကို မဟောဘဲ “အားကြီးသော တဏှာ”ကို ဟောလေသည်)။

ထိုဆန္ဒရာဂဟူသော တဏှာသည် အာရုံဝတ္ထု တိုက်ဆုံမူ အခိုက် တပ်မက်လာလျှင်၊ စွဲလမ်းနှစ်သက်လာလျှင် ကာမဂုဏ်စိတ်ဖြစ်လေသည်။ အာရုံဝတ္ထုတိုက်ဆုံမူရှိသော ကာမဘုံသား ပုဂ္ဂိုလ်များအတွက် “ကာမ”ဟူ၍လည်းကောင်း၊ “ကာမဂုဏ်” ဟူ၍လည်းကောင်း ဖြစ်လေသည်။ ဤသို့ ကာမဘုံသားတို့တွင် အကြီးဆုံးသော ကာမဂုဏ် အနှောင်အဖွဲ့မှ လွတ်ထွက်နိုင်စေရန် ဟောကြားလေသည်။

ထိုစကားကို ထင်စွာပြဦးအံ့... ဘုရားဖြစ်ရန် စိတ်အကြံနှင့် တောသို့ ထွက်လာသော သိဒ္ဓတ္ထ အလောင်းမင်းသားသည် တရားရရန် စိတ်အကြံနှင့် အားထုတ်နေရာ နေရဉ္စရာမြစ်သာကမ်းနားသို့ သနားသယောင် မေတ္တာဆောင်၍ ဖျက်ဆီးလိုသော မာရ်နတ်သည်...

(သဟဿဘာဂေါ မရဏဿ။ လ။ ဇီဝံပုညာနိကာ ဟိသိ)

“ငါ၏ အချင်း အလောင်းမင်း-အသင် အသက်ရှင်ဖို့ကိစ္စသည် သေခြင်းကို အပုံတစ်ထောင်ပုံသော် တစ်ပုံစာမျှသာ ရှိတော့သည်၊ သင် အသက်ရှင်နေစေချင်ပါသည်၊ အသက်ရှင်နေပါလျှင် ကုသိုလ်ကောင်းမူတို့ကို သင်ပြုရပါလိမ့်မည်”

ဟု ပြောလာရာ တရားရှာနေသော အလောင်းတော်က မိမိ၏ ရည်မှန်းချက်သည် အသက်မသေရန်၊ ကုသိုလ်ရှာရန် မဟုတ်။ သင်အနှောင့်အယှက်ပေးနေသော တပ်ဆယ်တန်ကို လွန်မြောက်အောင် တိုက်ရပုံကို...

(ကာမာတေ ပဌမာ သေနာ၊ ဒုတိယာ အရတိ ၀ုစ္စတိ)

စသည်ဖြင့် တရားရှာသူတို့ တိုက်အပ်သော တပ်ဆယ်တန်ကို ပြန်ပြောသည်။

“ကာမာ၊ ကာမအာရုံ ကာမဂုဏ်တို့ကို။ တေ။ သင်၏။ ပဌမာသေနာ၊ အမှတ် ၁ တပ်မကြီးသည်။ အရတိ၊ ပျင်းခြင်း၊ အားမထုတ်ချင်ခြင်းကို။ ဒုတိယာ၊ သင်၏ အမှတ် ၂ တပ်မတို့ဟူ၍။ ၀ုစ္စတိ၊ ဆိုရ၏”

စသည်ဖြင့် တပ်ဆယ်တပ်ကို ၃-ဂါထာဖြင့် ပြန်ဟောထား၏။ ကျယ်အံ့စိုး၍ ခြွင်းခဲ့သည်။ အလိုရှိသူများသည် (သုတ္တနိပါတ်ပါဠိတော် ပဓာနသုတ် - ၃၄၂တွင် လည်းကောင်း၊ မဟာနိဒ္ဒေသ ပါဠိတော် - ၇၃။ စူဠနိဒ္ဒေသ ပါဠိတော် - ၁၁၄ တို့တွင်လည်းကောင်း ရှာဖွေယူကြရန်)

ဆိုလိုရင်းမှာ - ကာမဘုံသား သတ္တ၀ါများ၌ ဤကာမ အနှောင်အဖွဲ့သည် အကြီးဆုံးဖြစ်၍ အလောင်းတော်သည် မာရ်နတ်၏ အမှတ်-၁၊ အဖျက်တပ် (၀ါ) ကာမဘုံသား ယောဂီများတို့အား အရေးကြီးသော ရန်သဖြစ်ကြောင်း သိ၍ အလောင်းတော်ကိုယ်တိုင် ပထမ ရင်ဆိုင်တိုက်ရသောကြောင့် တရားရူသော ယောဂီ၌ တရားကို သာယာနှစ်သက်မူသည်ပင် “ဓမ္မရာဂ-ဓမ္မတဏှာ”ဟု ကာမတပ်ကို မလွန်နိုင်ပုံ ပြထားသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment