ပါဠိတော်
“ကောစဘိက္ခဝေ ဝေဒနာနံ အဿာဒေါ ဣဓဘိက္ခဝေ ဘိက္ခုဝိ၀ိစ္စေ၀ ကာမေဟိ။ လ။ အဗျာပဇ္ဈပရမာဟံ ဘိက္ခဝေ ဝေဒနာနံ အဿာဒံဝဒါမိ”
မြန်မာပြန်
မြန်မာပြန်
“ရဟန်းတို့ - ခံစားမူတို့၏ သာယာဖွယ်သည် အဘယ်နည်း၊ ရဟန်းတို့… ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင် ကြံစည်ခြင်းနှင့်တကွဖြစ်သော၊ သုံးသပ်ခြင်းနှင့်တကွဖြစ်သော၊ ပိတ်ဆို့တတ်သော တရားတို့၏ ကင်းခြင်းကြောင့် ဖြစ်သော နှစ်သက်ခြင်း၊ ချမ်းသာခြင်း ရှိသော ပထမဈာန်သို့ ရောက်၍ နေ၏။ ထိုပထမဈာန်သို့ ရောက်၍နေသောအခါ မိမိဆင်းရဲရန်လည်း မစေ့ဆော်၊ သူတစ်ပါးဆင်းရဲရန်လည်း မစေ့ဆော်၊ မိမိသူတစ်ပါးနှစ်ဦး ဆင်းရဲရန်လည်း မစေ့ဆော် ထိုအခါ၌ ဆင်းရဲမရှိသော ခံစားမူကိုသာလျှင် ခံစား၏၊ ရဟန်းတို့ ဤခံစားမူတို့၏ သာယာဖွယ်ကား ဆင်းရဲမရှိခြင်းမျှသာလျှင် ဖြစ်၏ဟု ငါဆို၏။
ရဟန်းတို့… ထို့ပြင်လည်း ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်သို့ ရောက်နေသောအခါ မိမိဆင်းရဲရန်လည်း မစေ့ဆော်၊ သူတစ်ပါးဆင်းရဲရန်လည်း မစေ့ဆော်၊ မိမိသူတစ်ပါး နှစ်ဦးဆင်းရဲရန်လည်း မစေ့ဆော် ထိုအခါ၌ ဆင်းရဲမရှိသော သာယာဖွယ်ကား ဆင်းရဲမရှိခြင်းမျှသာ ဖြစ်၏ဟု ငါဆို၏။
အဓိပ္ပာယ်ရှင်းလင်းချက်
အဓိပ္ပာယ်ရှင်းလင်းချက်
ရှေးဦးစွာ ဝေဒနာဟူသော စကားကို ရှင်းလင်းသိထားရန် လိုသေးသည်။ “ဝေဒနာ ဝေဒနာ”ဟူ၍ ပြောဆိုနေကြသော စကားသည် ပါဠိဘာသာကို မြန်မာဘာသာ စကားဟု ထင်မှတ်၍ ရောနှော ပြောဆိုနေကြလေသည်။ သုံးနူန်းပြောဆိုရာတွင် နားလည်သလိုလိုရှိသော်လည်း တကယ်အဓိပ္ပာယ် ကောက်ယူရာ၌ လည်းကောင်း၊ သတိပဋ္ဌာန်းတရားအလုပ် အားထုတ်ရာ၌ လည်းကောင်း ယောင်မှားမူ ဖြစ်ကြလေသည်။
အများအားဖြင့် “ဝေဒနာ ခံစားသည်” ဆိုသော စကား၌ “ဆင်းရဲ” တွေ့နေရသည်ကိုသာ မှတ်ယူထားကြလေရာ (ဝေဒနာနုပဿနာ) သတိပဋ္ဌာန်းအလုပ်တွင် “ခံစားမူတို့၏ သဘောကို ရူနေ၊ သိနေ ရမည့်အစား ဆင်းရဲတစ်ခုခုတွေ့မှ “ဝေဒနာနုပဿနာ” ဟု ထင်၍ ထိုဒုက္ခကိုပင် ရှာဖွေရူနေသူတို့ များလှလေသည်။
ဝေဒနာဟူသည် ပါဠိစကားဖြစ်၍ “ခံစားခြင်း၊ ခံစားမူ”ဟု အဓိပ္ပာယ်ထွက် ရှိသော မြန်မာစကား ဖြစ်လေသည်။ မိမိတို့ မြန်မာဘာသာအရ “ခံစားမူ၊ ခံစားသည်ကို သိမူ” ပင်ဖြစ်သည်။ မိမိ ဉာဏ်ဖြစ်ရန် ခဲယဉ်းလှသည်။ မိမိနားလည်သော ဘာသာစကား၌ ပင်လျှင် ပညတ်မဖြစ်သော ပရမတ်ကို သိစေရန် အတော်ပင် ရှင်းလင်းနေရရာ ပါဠိဘာသာရောသော “ရုပ်”ဟူ၍လည်းကောင်း၊ “ဝေဒနာ”ဟူ၍လည်းကောင်း ရူနေမှတ်နေသော ယောဂီတို့မှာ မိမိတို့သည် မည်သို့ သဘောပေါက်၍ မည်မျှ နားလည်သည်ကိုကား ကျွန်ုပ်တို့ မသိပေ။
မည်သို့ဆိုစေ ဤဝေဒနာကိစ္စ ဤမျှ ရှင်းနေ၍လည်း ရမည် မဟုတ်သည့်အပြင် ကျွန်ုပ်တို့၏ အဓိကထားသော ကိစ္စလည်း ရောက်သဖြင့် လျစ်လျူရူရပေမည်။ မြတ်စွာဘုရား၏ အလိုသော် ခံစားမူ၏ သာယာဖွယ်ကို ဟောနေသဖြင့် ထို “ဝေဒနာ”ဟူသော ခံစားမူ၌ အဘယ်သည် သာယာဖွယ်နည်းဟူမူ ပထမဈာန်ရအောင် အားထုတ်သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကို ခွာ၍ ကာယ၊ ၀စီ၊ မနော၊ အကုသိုလ်တို့ ကင်းဆိတ်၍ (၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ) ဟူသော ကြံစည်ခြင်း၊ သုံးသပ်ခြင်း၊ နှစ်သက်ခြင်း၊ ချမ်းသာခြင်းရှိသော ပထမဈာန်သို့ ရောက်နေသောအခါ ထိုအခိုက် ဈာန်ယောဂီသည် မိမိ ဆင်းရဲဖြစ်ရန်လည်း မစေ့ဆော်၊ သူတစ်ပါး ဆင်းရဲဖြစ်ရန်လည်း မစေ့ဆော်၊ မိမိ, သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲဖြစ်ရန်လည်း မစေ့ဆော်သဖြင့် ထိုအခါတွင် ဆင်းရဲမူမရှိသော ခံစားခြင်းဖြစ်နေ၏။ ခံစားခြင်း၏ သာယာဖွယ်၊ နှစ်သက်ဖွယ် ဟူသည် ထိုဈာန်သော ပုဂ္ဂိုလ်၏ ထိုအခိုက် ဆင်းရဲ မရှိခြင်းသည်သာလျှင် ဖြစ်၏ဟု ဘုရားဟောသည်။ လုံးလုံးဆင်းရဲ ချုပ်သွားသည်ကား မဟုတ်ပေ။
ဒုတိယဈာန်မှာ ကြံစည်ခြင်း၊ သုံးသပ်ခြင်း (၀ိတက်-၀ိစာရ)တို့ ချုပ်ခြင်းကြောင့် မိမိ၏ ကိုယ်ကို၊ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း (သမာဓိ) ရသည်ဖြစ်၍ ထိုသမာဓိကြောင့် ဖြစ်သော နှစ်သက်ခြင်း၊ ချမ်းသာခြင်း ရှိနေသောအခါ ဒုတိယဈာန်သို့ ရောက်၏။
တတိယဈာန်မှာ ဒုတိယဈာန်မှ ရရှိနေသော နှစ်သက်ခြင်းကိုလည်း မစွဲမက်ခြင်းကြောင့် ဂရုစိုက်မူနှင့် ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိလျက် ချမ်းသာခြင်းကိုသာ ကိုယ်နှင့်ခံစား၏။ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရူသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု ပြောကြားကုန်၏။ သို့ဖြင့် နှစ်သက်ခြင်းကို မစွဲမမက် ခွာထွက်၍ နေသောအားဖြင့် တတိယဈာန်သို့ ရောက်၏။
စတုတ္ထဈာန်မှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း နှစ်မျိုးကို ပယ်ခြင်းကြောင့် ရှေးမဆွကပင်လျှင် ၀မ်းသာခြင်း - သော မနဿ၊ နှလုံုးမသာယာခြင်း - ဒေါမနဿတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်းမဟုတ်သော လျစ်လျူရူမူကြောင့် ဖြစ်သော စင်ကြယ်သော သတိရှိသော စုတုတ္ထဈာန်သို့ ရောက်၍ နေသောအခါ မိမိ ဆင်းရဲရန်လည်း မစေ့ဆော်၊ သူတစ်ပါးဆင်းရဲရန်လည်း မစေ့ဆော်၊ မိမိ သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲရန်လည်း မစေ့ဆော်၊ ထိုအခါ၌ ဆင်းရဲမရှိသော ခံစားမူသာလျှင် ဖြစ်၏။ ခံစားမူတို့၏ သာယာဖွယ်ကား အလွန်ဆုံး ဆင်းရဲမရှိခြင်းမျှသာ ဖြစ်၏ဟု ဘုရားဟောပေသည်။ ဆင်းရဲလုံးဝ ချုပ်ဆုံး ကွယ်ပျောက်သည်ကား မဟုတ်ပေ။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment