တရားအားထုတ်ပြီးတော့ အောက်ဆုံးအဆင့် ငြိမ်းချမ်းမူကို ရအောင်လုပိနိုင်ရင်ကိုပဲ ခန္ဓိာိကိုယ်မှာ ဖြစ်တဲ့ေိရာဂါတွေနဲ့ စိတ်ရောဂါတွေဟာ ပျောက်သွားမှာပါ။ အဲဒါတွေပျောက်သွားရင် လူဟာ နေရထိုင်ရတာ တော်တော်ပေါ့သွားတာပဲ။ ခန္ဓာကိုယ်မှာလည်း အားပိုရှိလာတယ်။ အလုပ်ကို ပိုလုပ်နိုင်တယ်။ ပြဿနာတွေကို ပိုပြီးတော့ ရင်ဆိုင်နိုင်တယ်။ ဖြေရှင်းနိုင်တယ် ပြဿနာကို မကြောက်တော့ဘူး။
တရားအားထုတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ဟာ တိုးလာမယ်၊ နေလို့ ပိုကောင်းမယ်၊ ပိုပြီး ထိရောက်မယ်။ ဒီအချိန်ဟာ ကိုယ့်ကိုကိုကိုယ် ပေးဖို့လိုတဲ့ အချိန်ပဲ။ ကိုယ့်ကိုယ်ကိုကိုယ်ပေးတဲ့ အကောင်းဆုံး လက်ဆောင်ပဲ။
အလုပ်လုပ်ရင်းနဲ့ တစ်နာရီပြည့်တဲ့အခါမှာ ခဏလောက်လေးဖြစ်ဖြစ် နားပါ။ နားပြီးတော့ စိတ်ကလေးကို ငြိမ်းချမ်းအောင် လုပ်ပါ။ တစ်နာရီ ပြည့်တိုင်း ပြည့်တိုင်း သတိထားပြီးတော့ စိတ်ကိုရော ခန္ဓာကိုယ်ရော ခန္ဓာကိုယ်ကိုရော လျှော့ပြီးတော့ ချလိုက်ပါ။ အဲဒီအချိန်မှာ ဘာမှမတွေးပါနဲ့။ အားရပါးရ ရူတာလေးကိုပဲ သတိလေး ကပ်ထားပါ။ အကယ်၍ ခဏလေးထပြီးတော့ လမ်းလျှောက်လို့ရတယ်ဆိုရင် ထပြီးတော့ ဟိုဘက်ဒီဘက် ခြေလှမ်း ၁၀-လှမ်း လောက်ပြဲဖြစ်ဖြစ် သတိလေးထားပြီးတော့ လှမ်းလိုက်ပါ။
အဲဒီလို တစ်နေ့တာလုံး တစ်နာရီမှာ တစ်ခါလောက် ၂-မိနစ် ၃-မိနစ် လုပ်သွားမယ်ဆိုရင် တစ်နေ့တာလုံး လုပ်သွားတဲ့သူဟာ သတိပိုပြီးတော့ အားကောင်းလာတယ်။
တယ်လီဖုန်းမြည်တာနဲ့ ချက်ချင်း သတိထားလိုက်ပါ၊ “အသံ ကြားတယ်” လို့မှတ်လိုက်ပါ၊ သိလိုက်ပါ။ အသက်၀၀ ရှူလိုက်ပါ။ ရှူပြီးရင် ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူကို စိတ်ထဲက မေတ္တာစိတ်ကလေး ထားလိုက်ပါ။ သတိလေးနဲ့ လက်ကို လှမ်းလိုက်ပါ၊ လှမ်းလိုက်တာကို သိတယ်။ တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပါ။ ပြီးမှ စိတ်ကလေး အေးအေးလေးနဲ့ အသံအေးအေးလေးနဲ့ ပြောလိုက်ပါ။ ကိုယ့်ရဲ့ အေးချမ်းတဲ့အသံက သူ့ကို နည်းနည်းလေး အေးချမ်းသွားစေတယ်။
အဲဒီတော့ တယ်လီဖုန်း မြည်တိုင်းမြည်တိုင်း “အဲဒါဟာ ငါ့ကို တရား အားထုတ်ဖို့ သတိပေးတာ၊ ငါ ငါးစက္ကန့်လောက်ဖြစ်ဖြစ် ဆယ်စက္ကန့်လောက်ဖြစ်ဖြစ် သတိလေးနဲ့ နေလိုက်မယ်” ဆိုတာ အလေ့အကျင့်လုပ်ပါ။
ကိုယ် ဘာပြောမလဲ၊ ဘယ်လိုစေတနာနဲ့ ပြောမလဲ၊ မေတ္တာနဲ့ ပြောမလား၊ သို့မဟုတ် မကျေနပ်တာ တစ်ခုခုအခံကလေးနဲ့ ဒေါသနဲ့ ပြောမှာလား၊ စိတ်ကလေးကို သိလိုက်ဦးမှာနော်။ သိပြီးမှ ပြောမယ့်လူကိုလည်း အာရုံပြုလိုက်သေးတယ်။ သူ့စိတ်ထဲမှာ ချမ်းသာသွားအောင်၊ သဘောလည်း ပေါက်သွားအောင် အေးအေးဆေးဆေး ပြောလိုက်ပါ။
သတိကောင်းကောင်းနဲ့ စိတ်ကို တည်ငြိမ်အောင် ထားပြီးတော့ အဲဒီ T.V, Video ကို ကြည့်နေလို့ရှိရင် အဓိပ္ပာယ်မရှိဘူးဆိုတာလည်း သိတယ်တဲ့။ ကိုယ့်ကိုကိုလည်း ဂုဏ်သိက္ခာ တော်တော်ကျနေပြီ ဆိုတာလည်း သိတယ်တဲ့။ ကိုယ့်ကိုယ်ကို လေးစားမူလည်း ကျသွားတယ်တဲ့။
ကိုယ့်ကိုကိုကိုယ်မှ မချစ်ရင် သူများကို ချစ်လို့ မရတော့ဘူးနော်။ ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်က စရမှာ။ မေတ္တာပို့ ဘယ်ကစလဲ။ မိမိကိုယ်က စတယ်နော်။ တကယ် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူဟာ တဖြည်းဖြည်းနဲ့ ကျန်းမာရေး ထိခိုက်တာလည်း မလုပ်တော့ဘူး။ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေ မလုပ်တော့ဘူး။ ဂုဏ်သိက္ခာကျမည့်ကိစ္စတွေ မလုပ်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်ဘ၀ကိုလည်း ကိုယ်တန်ဖိုးထားလို့ ဒီဘ၀မှာ ရနိုင်သမျှ အကောင်းဆုံးတွေကို အများကြီး လိုချင်တယ်။ အကောင်းဆုံး စိတ်ထားကို လိုချင်တယ်။ အကောင်းဆုံး အသိဉာဏ်ကို လိုချင်တယ်။ မြင့်မြတ်တဲ့ မြင့်မားတဲ့ အသိဉာဏ်မျိုးကို များများ လိုချင်တယ်။ အသက်ရှည်ချင်တယ်။ ဘ၀ကို တန်အောင်နေချင်တယ်၊ တန်အောင် လုပ်ချင်တယ်။
မသင့်တော်တာကို မလုပ်ချင်ဘူး၊ မသင့်တော်တဲ့ အတွေးတောင် မတွေးချင်ဘူး။ ပင်ပန်းလွန်းလို့ ကိုယ့်ကိုယ်ကိုကိုယ် အဲ့သလိုချစ်တော့ ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း စိတ်ချမ်းသာမှ ကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့် အားလုံးကို စိတ်ချမ်းသာစေချင်တယ်။ အကျင့်စာရိတ္တကောင်းစေချင်တယ်။ အသက်ရှည်ရှည် နေစေချင်တယ်။ တရားတွေ အားထုတ်စေချင်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ဆိုတာ သတိရှိမှ ရတယ်။
ဘ၀နဲ့တရား တစ်ထပ်တည်းဖြစ်လာတဲ့အခါမှာ ဘ၀ကလည်း ပိုပြီးတော့ တန်ဖိုးရှိလာသလို လေးနက်လာသလို တရားကိုလည်း ပိုပြီးတော့ နက်နက်နဲနဲ သိလာတယ်။ ဘ၀တခြား တရားတခြား ဖြစ်နေရင် ဘ၀ကိုလည်း တန်ဖိုးရှိရှိ မနေနိုင်ဘူး၊ တရားကိုလည်း လေးလေးနက်နက် မသိနိုင်ဘူး။
အခြေအနေတွေအားလုံး အဆင်ပြေနေလို့ စိတ်အေးချမ်းအောင် နေရမှာလားဆိုတော့ မဟုတ်ဘူးနော်။ ပရမ်းပတာဖြစ်ပျက်နေတဲ့ ကိစ္စတွေ ကြားထဲမှာပဲ စိတ်ကြည်လင်မူ၊ အေးချမ်းမူ ရအောင်လုပ်ရမယ်။ လုပ်တတ်အောင် လေ့လာရမယ်၊ လေ့ကျင့်ရမယ်။ ကိုယ့်ဘ၀ရဲ့ အရည်အသွေးကို ပျက်မသွားအောင် ထိန်းသိမ်းရမယ်။
ဘ၀အခြေအနေတွေကြောင့် စိတ်ရူပ်ထွေးနေရင် တရားအားထုတ်ဖို့ မလွယ်ပါဘူးလို့ ပြောကြတယ်။ တရားထိုင်တောင်မှ စိတ်မှ မကြည်ဘဲကိုးနော်။ ဒါပေမဲ့ ကိုယ့်ဘ၀ အခြေအနေတွေ ပိုပြီးတော့ အဆင်ပြေမူ ရှိလာအောင် တရားနဲ့ပဲ လုပ်မှ ရမယ်။
“တပည့်တော် စိတ်က မကြည်သေးလို့ တရားမထိုင်သေးဘူး ဘုရား။” ဆိုရင် အဓိပ္ပာယ်က ဘယ်လိုပေါက်မလဲ၊ သိလား “တပည့်တော် နေမကောင်းသေးလို့ ဆေးမသောက်ချင်သေးဘူး”လို့ ပြောတာနဲ့ တူနေပြီ “တပည့်တော် နေမကောင်းသေးလို့ ဆေးမသောက်ချင်သေးပါဘူး ဘုရား၊ နေကောင်းသွားမှပဲ ဆေးသောက်မယ်”လို့ … ဆိုရင် ဒီစကားက ဓိပ္ပာယ်ရှိပါ့မလား။ ပြောင်းပြန်ကြီး ဖြစ်နေပြီနော်။ နေမကောင်းလို့ ဆေးသောက်ရတာပါ။
ရွှေကျင်တဲ့လူတွေဟာ ရွှေကျင်ဖို့သွားတဲ့အခါမှာ ရွှေတွေကို အတုံးလိုက်၊ အခဲလိုက် မရနိုင်ပါဘူး။ သဲတွေ နုံးတွေကို အထပ်ထပ်ဆေးပြီးမှ တစ်နေကုန် လုပ်ကာမှ တစ်ပဲသားလောက်ပဲ ရတာ။ ဒါပေမဲ့ အဖိုးတန်လွန်းလို့ လုပ်တာပဲ။ အဲသလိုပဲ ဒီသတိပဋ္ဌာန်းတရား အားထုတ်ပြီး နေတာကို တန်ဖိုးရှိမှန်း နားလည်တဲ့လူဟာ တစ်ခဏလေးဖြစ်ဖြစ် သတိလေးကပ်ဖို့ ကြိုးစားပြီးတော့ နေမှာပဲ။
သတိနဲ့ နေလိုက်တဲ့အချိန်ဟာ ကိုယ်ရလိုက်တဲ့အချိန်။ သတိနဲ့မနေလိုက်တဲ့အချိန်ဟာ ဆူံးရူံးသွားတဲ့အချိန်၊ မရလိုက်တဲ့အချိန်ပဲ။ ဒါကြောင့် ရွှေကျင်သလိုပဲ။ အတုံးလိုက်အခဲလိုက် မရတောင်မှ တစ်မူန်ပဲရရ၊ နှစ်မူန်ပဲရရ ရသလောက်ကို စုပြီးတော့ ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ထားမှ။
အခုလက်ရှိရထားတဲ့ အခြေအနေကို တန်ဖိုးရှိရှိ သုံးပါ။ အချိန်ဟာ ရွှေထက် တန်ဖိုးရှိတယ်။ ရွှေကျင်ဖို့ သွားတဲ့လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက် မတွေ့ရဘူး။ သဲတွေ နူန်းတွေကို ဆေးရင်း ဆေးရင်းနဲ့ နဲနဲချင်း နဲနဲချင်း ရွှေကိုရတာ… အင်မတန် အဖိုးတန်တယ်။ အဲဒီလိုပဲ ကိုယ့်ဘ၀မှာ ရှိသမျှ အချိန်ကလေးတွေကို တစ်ချက်ပဲဖြစ်ဖြစ် တစ်ကြိမ်ပဲဖြစ်ဖြစ် အသက်ရူတာလေးကို သတိကပ်လိုက်ခြင်း အားဖြင့် ရလိုက်တဲ့ ဒီတည်ငြိမ်အေးချမ်းတဲ့ ပစ္စုပ္ပန်တည့်နေတဲ့ စိတ်ကလေးကို ရွှေလေးတွေလိုပဲ တန်ဖိုးထားလိုက်ပါ။
သတိပဋ္ဌာန်းတရားကို နေ့စဉ်စွဲစွဲမြဲမြဲ အချိန်မရွေး နေရာမရွေး ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို သိပြီးတော့ ကြည့်ပြီးတော့ လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ သတ္တိရှိတဲ့လူ ပိုပြီးတော့ ယုံကြည်မူ ရှိတဲ့လူ၊ သူ့ကိုယ်ပိုင်ဉာဏ်နဲ့ အမှား, အမှန၊် အကောင်း, အဆိုးကို ဝေဖန်နိုင်တဲ့လူ၊ ဘယ်ဟာ တန်ဖိုးရှိတယ် ဘယ်ဟာ တန်ဖိုးမရှိဘူးဆိုတာကို ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ဟာကိုယ် အတည်ပြုနိုင်တဲ့လူ ဖြစ်လာမှာပဲ။
တကယ် ရေရှည် စိတ်ပါလက်ပါ ရိုးရိုးသားသား ကြိုးစားသွားမယ်ဆိုရင် အသိဉာဏ်တွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်လာပြီး စိတ်ပိုင်း၊ နာမ်ပိုင်း၊ အသိဉာဏ်ပိုင်းမှာ အထွတ်အထိပ်ရောက်တဲ့သူ ဖြစ်နိုင်ပါတယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment