မင်္ဂလာပါရှင် ကိုယ်ပိုင် ဘလော့ဂါ တည်ဆောက်ထားသော သူငယ်ချင်းမိတ်ဆွေများအတွက် blogger template ကိုယ်ပိုင်စာမျက်နှာလေးအလှဆင်နည်းလေကို တောသူမလေး သိလို့တော့မဟုတ်ပါဖူး မသိတဲ့သူက ရေးပေးခိုင်းလို့ သိသလောက် ကြိုးစားပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။
ပုံ(၁)

ပထမဆုံးအနေနဲ့ http://www.blogger.com ဆိုတဲ့ ဆိုဒ်လေးကို အရင်ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံ(၁) မှာပြထားတဲ့အတိုင်း ကိုယ့်ဘလော့ဂါ အကောင့်ရဲ့ ဂျီမေး ပတ်စ်ဝေါ့ ကို ရိုက်ထည့်ပြီးမှ ၀င်လိုက်ပါ။
ပုံ(၂)

ဂျီမေးနဲ့ ပတ်စ်ဝေါ့နဲ့ မိမိအကောင့်ကို ၀င်လိုက်တာနဲ့ http://www.blogger.com/home ဆိုပြီးမှ Dashboard စာမျက်နှာ ကျလာပါလိမ့်မယ်။ အပေါ်က ပုံ(၂) မှာပြထားတဲ့အတိုင်း drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၃)

drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ရင်တော့ ပုံ(၃) မှာ ပြထားတဲ့အတိုင်း ဘလော့တစ်ခုရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တာလေးတွေကျလာပါလိမ့်မယ်။ အဲ့ဒီထဲကမှ blogger template မှာ မိမိနှစ်သက်ရာ ဘလော့ပုံစံ၊ နောက်ခံပုံ၊ စာလုံးပုံစံ စတာလေးတွေထည့်မယ် ပြုပြင်မယ်ဆိုရင်တော့ template ဆိုတဲ့ မြှားပြထားတာလေးကို တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၄)

template ကိုနှိပ်ပြီးရင်တော့ ပုံ(၄) မှာ ပြထားတဲ့အတိုင်း template page တစ်ခုကျလာပါလိမ့်မယ်။ ဒါဆို မိမိနှစ်သက်ရာ ဘလော့ပုံစံ၊ နောက်ခံပုံ၊ စာလုံးပုံစံ စတာလေးတွေကို ဘယ်နားကနေ ဘယ်လိုလေး ထည့်မယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ မိမိ ထည့်ချင်တာလေးတွေထည့်ဖို့ ပြုပြင်ဖို့အတွက်ကတော့ Customize ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၅)

Customize ဆိုတဲ့ မြှားပြထားတဲ့ နေရာလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ ပုံ(၅) မှာပြထားတဲ့အတိုင်း Blogger Template Designer ဆိုပြီးမှ စာမျက်နှာတစ်ခုထပ်ကျလာပါလိမ့်မယ်။ လိုင်းအနှေး အမြန်ပေါ်မူတည်ပြီးမှ ခဏစောင့်ရပါမယ်။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း (Template, Background, Adjust widths, Layout, Advance) ဆိုပြီးမှ လုပ်ဆောင်ချက် ၅-ခုကို ဘယ်ဘက်မှာ တွေ့မြင်ရပါလိမ့်မယ်။ အဲ့ထဲကမှ ပုံ (၅)မှာ ပြထားတဲ့အတိုင်း Template ဆိုတာလေးကို တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဖြင့် ဘလော့ဂါမှာ မူရင်းပါလာပြီးသားဖြစ်တဲ့ Template ပုံစံလေးတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ပုံစံလေးတစ်ခုကို ရွေးပြီးမှ နှိပ်လိုက်ရင်တော့ မိမိကိုယ်ပိုင်စာမျက်နှာလေးဟာ ရွေးချယ်လိုက်တဲ့ စိတ်ကြိုက်ပုံစံလေးကို ပြောင်းသွား ပါလိမ့်မယ်။ ဒါဆိုရင်တော့ စာမျက်နှာပုံစံရွေးလို့ ပြီးသွားပါပြီ။
ပုံ(၆)

မူရင်းရွေးထားတဲ့ Template မှာပဲ စာမျက်နှာ Background ပုံလေးပြောင်းထည့်ချင်တယ်ဆိုရင်တော့ ပုံ(၆) မှာ ပြထားတဲ့အတိုင်း Template အောက်က Background ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ Background image ဆိုပြီး အမဲလေးထောင့်ကွက်လေးနဲ့ စာမျက်နှာတစ်ခုကျလာပါလိမ့်မယ်။ သူ့ရဲ့ ညာဘက်ဘေးအလယ်မှာတော့ ပုံမှာမြှားပြထားတဲ့အတိုင်း Drop down လေးတစ်ခုကိုတွေ့ပါမယ်။ Drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၇)

Drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ ပုံ(၇) မှာ ပြထားတဲ့အတိုင်း Select Background image ဆိုပြီး ဘောစ်လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ ဒီထဲက မိမိနှစ်သက်ရာပုံလေးတစ်ခုကို တစ်ချက်နှိပ်ပြီး Done ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ရင် နောက်ခံပုံလေးသိမ်းပြီးသား ဖြစ်သွားပါပြီ။ တစ်ကယ်လို့ သင်က မူရင်းပါတဲ့ Background image ပုံကိုမနှစ်သက်လို့ မရွေးချယ်ပဲ မိမိစက်ထဲမှ တစ်ခြားနေရာမှ ပုံကို ထည့်ချင်တယ်ဆိုရင်တော့ ပုံမှာမြှားပြထားတဲ့အတိုင်း ဘယ်ဘက် ထိပ်ဆုံးတစ်ခုဖြစ်တဲ့ Upload image ဆိုတာလေးကိုနှိပ်လိုက်ပါ။ Upload ဖိုင်တစ်ခုကျလာပါလိမ့်မယ်။ ထိုနေရာမှာ စက်ထဲမှ ပုံကို Upload လုပ်ထားပြီး ခဏစောင့်လိုက်ပါ။ ပုံထည့်ပြီးသွားပြီဆိုရင်တော့ Done ဆိုတာလေးကို နှိပ်လိုက်ရင် ကိုယ်ပိုင်စာမျက်နှာလေးမှာ နောက်ခံပုံလေးပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်။
ပုံ(၈)

နောက်တစ်ခုကတော့ ကိုယ့်စာမျက်နှာမှာ ရွေးချယ်ထားတဲ့ Role နဲ့ Coloum တွေကို မိမိစိတ်ကြိုက် ချိန်ညှိချင်တယ်ဆိုရင်တော့ ပုံ(၈) မှာ ပြထားတဲ့အတိုင်း Adjust widths ဆိုတာလေးကိုနှိပ်လိုက်ပါ။ မိမိရွေးချယ်ထားတဲ့ ပုံစံအတိုင်း Settings ဘောစ်တစ်ခု ကျလာပါလိမ့်မယ်။ ကော်လံသုံးခု ရွေးထားရင်တော့ (Entire blogs - စာမျက်နှာ့အလယ် ပိုစ့်နေရာ) (Left Sidebar - စာမျက်နှာဘယ်ဘက်) (Right Sidebar - စာမျက်နှာညာဘက်) ဆိုပြီးသုံးခုကျလာပါလိမ့်မယ်။ ထို သက်ဆိုင်ရာနေရာရဲ့ Bar မှာဖြစ်စေ နံပါတ် px နေရာမှာဖြစ်စေ မိမိထားခြင်သလောက် စိတ်ကြိုက် ပြောင်းထားနိုင်ပါတယ်။
ပုံ(၉)

အဲ့ဒါပြီးရင်တော့ ပုံ(၉) မှာ ပြထားတဲ့အတိုင်း ကိုယ့်စာမျက်နှာကို Layout ပုံစံ ရွေးချယ်တာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Body Layout နဲ့ Footer Layout ဆိုပြီး နှစ်ခုတွေ့မြင်ရပါမယ်။ (Body Layout - စာမျက်နှာကိုယ်ထည်တစ်ခုလုံး) (Footer Layout - စာမျက်နှာအောက်ခြေ) မိမိနှစ်သက်ရာ ပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်ရှင်။
ပုံ(၁၀)

မိမိကြိုက်တဲ့ပုံစံရွေးပြီးသွားရင်တော့ ပုံ(၁၀) မှာ ပြထားတဲ့အတိုင်း အောက်ဆုံးတစ်ခုဖြစ်တဲ့ Advance ကိုနှိပ်လိုက်ပါ။ ဒီနေရာမှာတော့ မိမိစာမျက်နှာပေါ်မှာရှိတဲ့ စာလုံးတွေအကုန်လုံးကို (စာလုံးပုံစံ၊ စာလုံးအရောင်၊ စာနောက်ခံဘတ်ဂရောင်းအရောင်) စသဖြင့် မိမိလိုသလို စိတ်ကြိုက် ပြောင်းလဲ ပြုပြင်ယူနိုင်ပါတယ်။
ပုံ(၁၁)

ဒီနေရာမှာ Advance ထဲမှာပါဝင်တဲ့ Add Css ဆိုတာလေးကို ပုံ(၁၁) မှာ ပြထားတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်။ Add Css မှာတော့ နောက်ခံပုံနဲ့ စာမျက်နှာပုံစံနဲ့ ပတ်သက်တဲ့ HTML Code လေးတွေကို ဒီနေရာမှာလည်း လိုအပ်သလိုလေး ထည့်သုံးလို့ရပါတယ်။
ပုံ(၁၂)

နောက်ထပ်တစ်ခုပြောချင်တာကတော့ Blog Template ကို ရွေးချယ်ရာမှာ နဂိုမူလပါရှိတဲ့ Template ပုံစံကို အသုံးမပြုပဲ တစ်ခြားနေရာမှာ Download ရယူထားသော Template HTML Code များကို ထည့်သွင်းအသုံးပြုခြင်ရင်တော့ဖြင့် ပုံ(၁၂) မှာ ပြထားသည့်အတိုင်း Customize ဘေးမှာရှိတဲ့ Edit HTML ဆိုတာလေးမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။ Customize ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။
ပုံ(၁၃)

Customize ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရင်တော့ ပုံ(၁၃) မှာ ပြထားတဲ့အတိုင်း Template>Edit HTML ဆိုပြီး ဘောစ်တစ်ခုထပ်ကျလာပါလိမ့်မည်။ Proceed ဆိုတာလေးကို တစ်ချက်ထပ်နှိပ်လိုက်ပါ။
ပုံ(၁၄)

Proceed ဆိုတာလေးကို တစ်ချက်ထပ်နှိပ်ပြီးရင်တော ပုံ(၁၄) မှာ ပြထားတဲ့အတိုင့်း HTML ဘောစ်တစ်ခုကျလာပါလိမ့်မယ်။ အထဲမှာရှိတဲ့ HTML Code တွေကိုဖြတ်ပစ်လိုက်ပါ။ Download ယူထားတဲ့ Blog Template HTML Code တွေကို ကူးထည့်လိုက်ပါ။ Template HTML Code တွေ ထည့်ပြီးသွားရင်တော့ Expand Widget Templates ဆိုတဲ့ စာလုံးဘေးက Radio Button လေးထဲမှာ အမှန်ခြစ်လေးတစ်ချက်နှိပ်လိုက်ပါ ပြီးရင် HTML ဘောစ်လေးရဲ့ အောက်ခြေ ညာဘက်ထောင့်က Save Templates ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင့် သင့်စာမျက်နှာလေး ပြောင်းလဲခြင်း ပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။
မှတ်ချက်။ ။ အားလုံးပြုပြင်ပြီးပါက Blogger Template Designer မှ (Apply to Blog) နှင့် Template>Edit HTML မှ (Save Templates) ဆိုတာလေးကို နှိပ်ပြီး သိမ်းဖို့ မမေ့ပါရန်။ နှိပ်ရန်မေ့သွားပါက သင့်ပြင်ဆင်မူများအားလုံး အကျုံးဝင်မည် မဟုတ်ပေ။
ဘလော့ဂါစသုံးစ မသိသေးသောသူငယ်ချင်းများအတွက် မိမိနားလည်သလို အဆင်အပြေဆုံးဖြစ်အောင် ကြိုးစားရေးပြ ပေးထားပါတယ်ရှင်။ ဘလော့ဂါအသုံးပြုသူ သူငယ်ချင်းမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment