စိတ်ဆိုတာ ဥယျာဉ်နဲ့တူပါတယ်။ မကောင်းတဲ့မျိုးစေ့တွေ ကျလာရင် မကောင်းတဲ့အပင် ပေါက်မယ်။ ကောင်းတဲ့မျိုးစေ့တွေ ကျလာရင် ကောင်းတဲ့အပင်တွေ ပေါက်မယ်။ ဒါကြောင့် နေ့စဉ် ဘယ်လိုမျိုးစေ့တွေ ရောက်လာနေသလဲဆိုတာကို သတိထားဖို့ လိုတယ်။
ဉာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ်။ ဉာဏ်ပညာ ရင့်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ်။
အာရုံတွေ ဂုဏ်ပကာသနတွေက အမျိုးမျိုး လှည့်စားဖမ်းစားထားတယ်။ အဲဒီအာရုံတွေ ဂုဏ်ပကာသနတွေရဲ့ လှည့်စားမူထဲမှာ ထောင်ကျနေတဲ့သူဟာ လှပတဲ့ထောင်ထဲမှာ နေရတာကို ပျော်နေကြတယ်။
ကိုယ့်စိတ်ထား မြင့်လာမှ ကိုယ့်ဘ၀ဟာ တကယ်မြင့်လာမယ်။
ကျွန်စိတ်မရှိတဲ့သူကို ကျွန်လိုနေရာမှာ တာရှည်ထားလို့ မရပါဘူး။
ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်းသိနေရင် လုပ်သင့်တာကိုပဲ လုပ်ချင်မှာပဲ။ အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ်။
ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထားကို အရင် မွေးပါ။
အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်။ စိတ်ထဲမှာ အသက်ဝင်နေတဲ့ အရာဟာ မကြာခင်မှာ အကောင်အထည်ပေါ်လာမယ်။ စိတ်ထဲမှာ အသက် မ၀င်သေးရင် အကောင်အထည် မပေါ်နိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်ဝင်နေရမယ်။ အသက်ဝင်တဲ့စိတ်ကူးကို စိတ်ကူးနိုင်တဲ့ သူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင် လုပ်နိုင်ကြတယ်။
နဲနဲပေးပြီး များများရချင်တဲ့ စိတ်ဓာတ်မျိုးဟာ ဘ၀ကို ဖျက်ဆီးမယ့် စိတ်ဓာတ်မျိုးဖြစ်တယ်။ လောကကို ဖျက်ဆီးမယ့် စိတ်ဓာတ်မျိုး ဖြစ်တယ်။
အဆိုးနဲ့တွေ့ရမှ စိတ်ကို ပိုပြီးတော့ ကြည့်ပြီးတော့ ပိုပြီးတော့ ခံနိုင်စွမ်းရည်ရှိတဲ့သူ ဖြစ်လာမယ်။
ကိုယ့်ရဲ့စိတ်ထဲမှာ အမှန်ကိုသိတဲ့သူ ရှိတယ်။ သူက အမြဲတန်း မှန်တဲ့ စီရင်ချက်ကို ချတယ်။
မဟာကရုဏာတော်ဖြင့် အလွန်အေးမြန်သောစိတ်နှလုံး ရှိတော်မူသော မြတ်စွာဘုရား။
သူတစ်ပါးကို နှိပ်စက်ချင်တဲ့သူဟာ သူ့စိတ်က မအေးချမ်းဘူး။
စိတ်ထားမကောင်းရင် စိတ်အေးချမ်းမူ မရနိုင်ဘူး။
To known and not to do is not yet to know.
သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပဲ။
နဲနဲသိ၊ နဲနဲ လုပ်ပါ၊ များများသိ၊ များများလုပ်ပါ။ အသိအမြင် လေးနက်မှန်ကန်ပြီးတော့ မိမိဘ၀ကို အဓိပ္ပာယ်ရှိရှိ နေနိုင်သူများ ဖြစ်ကြပါစေ။ မိမိအကျိုး သူတစ်ပါးအကျိုးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြသူများ ဖြစ်ကြပါစေ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment