ပါဠိတော်
“ယေတိ ကေစိ ဘိက္ခဝေ သမဏာဝါဗြာဟ္မဏာဝါ ဧ၀ံကာမာဒနံ အဿာဒဉ္စ အဿာဒတော။ လ။ ယထာ ပဋိပန္နော ကာမေ ပရိဇာနိဿတီတိ ဌာနမေတံ ၀ိဇ္ဇတိ”
မြန်မာပြန်
မြန်မာပြန်
“ရဟန်းတို့... အကြင် ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤကဲ့သို့ ကာမဂုဏ်တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိကုန်၊ အမှန်စင်စစ် ထိုသူတို့အား ကိုယ်တိုင်သော်လည်း ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်။
သူတစ်ပါးတို့ကိုသော်လည်း ကာမဂုဏ်တရားတို့၌ ပိုင်းခြား၍ သိကြောင်းအကျင့်ကို ညွှန်ပြဆောက်တည် စေကြလိမ့်မည် ဟူသောအကြောင်းသည် မရှိနိုင်။ ရဟန်းတို့... ရဟန်းဖြစ်စေ ပုဏ္ဏားဖြစ်စေ မည်သူမဆို အကြင်ပုဂ္ဂိုလ်သည် ဤကဲ့သို့ ကာမဂုဏ်တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိကုန်၏။ အမှန်စင်စစ် ထိုသူတို့အား ကိုယ်တိုင်သော်လည်း ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးတို့ကိုသော်လည်း ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍သိကြောင်း အကျင့်ကို ညွှန်ပြဆောက်တည်စေကြလိမ့်မည် ဟူသော အကြောင်းသည် ရှိသည်သာတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
အဓိပ္ပာယ်ရှင်းလင်းချက်
မြတ်စွာဘုရားသည် ရဟန်းတို့အား မည်သူမဆို အကြင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ကာမအာရုံ ကာမဂုဏ်တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟု၊ အပြစ်ကိုလည်း အပြစ်ဟု၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟု ဟုတ်တိုင်းမှန်တိုင်း သိသူ မြင်သူမှသာလျှင် ထိုကာမတို့ကို ပညတ်နိုင်သည်။ ကာမတို့၏ သဘောတရားမှန်ကို အမှန်အတိုင်း မသိမမြင်ပါဘဲလျက် သိသူမြင်သူတို့၏ စကားကို သံယောင်လိုက်၍ ပြောဆိုခြင်းသည် အမှန်သဘောကို လုံးဝသိသူတို့ မဟုတ်ကုန်။ ထို့ကြောင့် ဤပါဠိတော် အပိုဒ် ၅တွင် မြတ်စွာဘုရားက...
(ယထာတံ ဘိက္ခဝေ အ၀ိသယသ္မိံ)
“ချစ်သားတို့ - ထိုကာမတရားတို့ကို လွန်မြောက်မူ၊ ပယ်နိုင်မူသည် ၎င်း တိတ္ထိပရိဗိုဇ်တို့၏ အရာမဟုတ်”
“ချစ်သားတို့ - ထိုကာမတရားတို့ကို လွန်မြောက်မူ၊ ပယ်နိုင်မူသည် ၎င်း တိတ္ထိပရိဗိုဇ်တို့၏ အရာမဟုတ်”
ဟု ဟောတော်မူခြင်း ဖြစ်ပေသည်။ အကြောင်းမူ ထိုတရားတို့ကို လွန်မြောက်ကြောင်း၊ ပယ်နိုင်ကြောင်းဖြစ်သော (မဇ္ဈိမပဋိပဒါ) မဂ္ဂင်ရှစ်ပါးသည် ထိုတိတ္ထိပရိဗိုဇ်တို့၏ သာသနာ အသိုက်အ၀န်းတွင် မရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကာမအာရုံ ကာမဂုဏ်တို့ကို လွန်မြောက်ရန်၊ ပယ်နိုင်ရန် မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ရှိကြကုန်သော မြတ်စွာဘုရားကိုလည်းကောင်း၊ ဤတရားမျိုးကို ကြားနာသက်ဝင်ကာ သဘောပေါက်ထားသော အရိယသာဝကကိုလည်းကောင်း၊ မဂ္ဂင်တရားသည် ကျင့်ဆောင် အားထုတ်သူအား ကာမတရားတို့ကို ထွက်မြောက်စေရန် ပယ်နိုင်စေရန် ပို့ဆောင်ပြီးဖြစ်သောကြောင့် ဤဘုရားအဆုံးအမ သာသနာမှတစ်ပါး ထွက်မြောက်နိုင်သူ၊ ပယ်ခွာနိုင်သူ မရှိကြောင်း ဟောကြားသော အဓိပ္ပာယ်ဖြစ်လေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment