(အင်္ဂါရကာသူပမာ ကာမာ) ဥပမာသော်ကား...
မီးတောက်မီးခိုး မရှိသော မီးကျီမီးခဲ အတိဖြစ်သော ယောက်ျားတို့၏ တစ်ရပ် အတိုင်းအတာရှိသော မီးတွင်းကြီးသည် ရှိရာ၏။ ထိုအခါ အသက်ရှည်လိုသော၊ မသေလိုသော၊ ဆင်းရဲမည်ကို မကြောက်သော၊ ချမ်းသာလိုသော ယောက်ျားတစ်ယောက်ကို အခြားသော အားခွန်ဗလ ကောင်းသော ယောက်ျား နှစ်ယောက်တို့သည် လက်မောင်းတစ်ဖက်စီ အတင်းဆုပ်ကိုင်၍ ထိုမီးကျီတွင်းဆီသို့ ဆွဲငင်ရာ၏။
ထိုသို့ ဆွဲငင်လေသော် ထိုသူသည် တတ်နိုင်ပါက လွတ်အောင်ရုန်း၍ ထွက်ပြေးမည်။ လွတ်အောင် မတတ်နိုင်ကလည်း ဟိုဟိုသည်သည် ရုန်းကန်လေရာ၏။ အကြောင်းမူ ဤမီးကျီးတွင်းသို့ ငါကျရောက်ငြားအံ့၊ ငါ့အားသေခြင်းသို့သော်လည်း ရောက်မည် မသေလျှင်မူလည်း သေလောက်သော ဆင်းရဲကြီးသို့ ရောက်မည်ဟု သိသောကြောင့် ဖြစ်၏။
ထိုအတူ အာရုံငါးပါး ဤကာမတရားတို့သည် သဘောပေါက် နားလည်ထားသော မြတ်စွာဘုရား၏ တပည့် သာဝကသည် ထိုမီးကျီတွင်းသို့ မသေလိုသော ချမ်းသာကိုလိုသောသူ ရှောင်ခွာသကဲ့သို့ ထိုကာမတို့အား ရှောင်ရှားအပ်လေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment