(အဋ္ဌိကင်္ကလူပမာ ကာမာ) ဥပမာသော်ကား…
ဆာလောင် မွတ်သိပ်သဖြင့် အလွန် အားအင်နည်းပါးလျက် ရှိသော ခွေးတစ်ကောင်သည် နွားတို့ကို သတ်ဖြတ်ရာ နေရာအနီး၌ ရောက်ရှိ တည်နေသည်ဖြစ်အံ့၊ နွားသတ်ရာ၌ ကျွမ်းကျင်လိမ္မာသော နွားသတ်သမားသည်လည်းကောင်း၊ တပည့်သည်လည်းကောင်း၊ အသားတို့ကို ကောင်းစွာ ခြစ်ယူခြင်းဖြင့် အရိုးချည်းသက်သက်ကျန်၍ သွေးလိမ်းနေသော နွားရိုးကို ထိုခွေးအနီးသို့ ပစ်ချရာ၏။
ဤသို့ဖြစ်သော် ထိုခွေးသည် ကောင်းစွာ ခြစ်ယူထားသဖြင့် အသားမရှိသော၊ သွေးတို့ လိမ်းကျံနေသဖြင့် အနံ့အသက်သာ ရှိသော ထိုအရိုးကို လျှာဖြင့် လျက်ရုံမျှနှင့် ဆာလောင်မွတ်သိတ်မူ ပျောက်နိုင်မည်မဟုတ်ပေ။ စားချင်အားကြီးသဖြင့် သွားတို့နှင့် ကိုက်သော်လည်း အသားကိုကားမရ၊ ပင်ပန်းနွမ်းနယ်ရုံမျှသာ ဖြစ်ရာ၏။
ထို့ကြောင့် မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုခွေးငတ်ရိုးခဲ-၀နိုင်ဘဲဟူသည်ကိုသိ၍ ကာမတို့သည် သာယာဖွယ်နည်းလျက် အပြစ်ကသားများလှသည်ဟု အပြစ်တို့ကို သိ၍ ခွာရှောင်နိုင်ကြကုန်ရာသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment