ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 12 December 2012

မဟာသုဒဿန စကြာမင်း၏ဈာန်ချမ်းသာ

မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရာဖြစ်သော ဤကုသိနာရုံမြို့သည် ငါအလောင်းတော် ဖြစ်ခဲ့ဖူးကြောင်း စသည်ဖြင့် မဟာသုဒဿနသုတ်ကို ဟောလျက်...

အာနန္ဒာ - ထိုနောက် မဟာသုဒဿနမင်းသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်သို့ ရောက်၍နေကြောင်း အကျယ်တ၀င့် ဟောတော်မူသည် စကြာမင်းသည်လည်း ဈာန်ရ၍ ဈာန်ချမ်းသာခံစားနေရသည်မှာလည်း ခံစားမူ(ဝေဒနာ)တို့၏ သာယာဖွယ် ပင်တည်း။


(သုတ်မဟာဝါ ပါဠိတော် - မဟာသုဒဿနသုတ် - ၁၅၂)

၎င်းအပြင် ဈာန်ချမ်းသာကို ခံစားသူတို့၏ သာယာဖွယ်ကိုပြသော ပါဠိတော်များမှာ...

(အင်္ဂုတ္တရ ပါဠိတော် - ပဉ္စကနိပါတ် - သမာဓိသုတ်နှင့် ပဉ္စင်္ဂီကသုတ် - ၂၀။ မူလပဏာသ ပါဠိတော် - မဟာအဿပုရသုတ် - ၃၄၄။ သုတ်သီက္ခန်ပါဠိတော်၊ သာမည ဖလသုတ် - ၇၀) တို့တွင် အကျယ်တ၀င့် ယူနိုင်သည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။




No comments:

Post a Comment