နမောတေ ဗုဒ္ဓ ၀ီရတ္ထု
ယေစဗုဒ္ဓေ၊ တေသာဝကေ အပ္ပမာဒေန အတ္တနိ
ပရေပိ၊ ဒုက္ခမောစေသုံ၊ လောကေ၊ လောကန္တ၊ သင်္ကန္တော၊
နမော၊ မေ ယာဝဇီဝိကံ၊ အနနံ္တု၊ သ ရဏံ၊ ဂဏံ။
ယေစဗုဒ္ဓေ၊ တေသာဝကေ အပ္ပမာဒေန အတ္တနိ
ပရေပိ၊ ဒုက္ခမောစေသုံ၊ လောကေ၊ လောကန္တ၊ သင်္ကန္တော၊
နမော၊ မေ ယာဝဇီဝိကံ၊ အနနံ္တု၊ သ ရဏံ၊ ဂဏံ။
ယေစဗုဒ္ဓေ - အကြင်အကြင် ဘုရားရှင်အပေါင်းတို့သည်လည်းကောင်း၊ ယေစသာဝကေ - အကြင်အကြင် ဘုရားရှင်၏ တပည့်သား အရိယာသာဝကများတို့သည်လည်းကောင်း၊ အပ္ပမာဒေန - သတိဉာဏ်ဖက်၊ အပ္ပဒ - သတိတည်းဟူသော လက်နက်ထူးကြီးဖြင့် - အတ္တနိပိ၊ မိမိကိုယ်တော်တိုင်လည်း ဒုက္ခမောစေသုံ - ခန္ဓာ့ဒုက္ခ၊ သံသာရဒုက္ခအားလုံးတို့မှ လွတ်မြောက်စေခဲ့ကြလေကုန်ပြီ။
ပရေပိ၊ ကျွတ်ထိုက်ရှိချေ၊ များဝေဏေတို့ကိုလည်း လောကေ လောကန္တ၊ သင်္ကန္တော၊ လောကသုံးခွင်၊ ဘုံအပြင်မှ၊ လောကအဆုံး၊ ဘုံသုဉ်းရာသို့ ပြောင်းရွှေ့စေသောအားဖြင့် ဒုက္ခမောစေသုံ၊ ဒုက္ခလုံးစုံ အဖုံဖုံးတို့မှ လွတ်မြောက်စေခဲ့ကြကုန်ပြီ။
တေ - ထိုထိုဘုရား၊ ထိုထိုသာဝကအများတို့ကို မေမယာ၊ ၀န၀ါသီထေရမဟာ၊ အကျွန်ုပ် ၀န၀ါသီ - မဟာထေရ်သည်၊ ယာဝဇီဝိကံ အသက်မည်စွာ့ ခန္ဓာအ၀၀တို့ ရှိနေသမျှကာလပတ်လုံး၊ တေသံ - ထိုအရှင် ထိုသခင်အပေါင်းတို့၏ အနနံ္တ၊ အဆုံးဟူငြား မည်သည့်အနားဟူ၍ ပိုင်းခြားခြင်းငှာ မတတ်သာသော ဂဏံ၊ ဂရုဏာဆောင်း၊ ဂုဏ်အပေါင်းကို သရဏံ - ဉာဏ်စဉ်စွေ့စွေ့၊ အောက်မေ့လျက်က နမော စိတ်ဝယ်ညွတ်နူး အယုံထူးဖြင့် ရွှင်မြူးကြည်သာ ရှိခိုးပါ၏ဘုရား။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment