ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 7 December 2012

ရုပ်နာမ်ဆိုတာဘာလဲ?

ရုပ်နာမ်ဆိုသော စကား၏ အနက်အဓိပ္ပာယ် အကျယ်ကို ဤနေရာတွင် ဖော်ပြနေရန်လိုလိမ့်မည် မထင်။ ကျွန်ုပ်တို့ ရေးသား ပြုစုထားသည့် စာအုပ်များတွင် ရှင်းလင်းထားပြီးဖြစ်သည်။ သို့ရာတွင် ဤနေရာတွင် သိသာရုံမျှ ဖော်ပြပါအံ့။

(ဣဒဉ္စရူပံ)
“ဤသည်ကား ဖောက်ပြန်မူ၏ သဘောတည်း”


(ဣဒဉ္စနာမံ)
“ဤသည်ကား ညွှတ်သိမူ၏ သဘောတည်း”

(ဣဒံ ၀ုစ္စတိ နာမ ရူပံ)
“ဤသည်တို့ကို ညွှတ်သိမူ ဖောက်ပြန်မူတို့ဟု ဆိုအပ်၏”။

“ရူပံ” ဟူသော ပရမတ်ကို လောကသမုတိ နယ်သားများ သိမှတ်နိုင်ရန်အတွက် လောကသုံး ပညတ်စကားနှင့် တွဲစပ်၍ ဟောတော်မူထားပုံကား…

“သီတေနပိရုပ္ပတိ၊ ဥဏှေနပိရုပ္ပတိ၊ ဇီဃစ္ဆာယပိရုပ္ပတိ၊ ပိပါသာယပိရုပ္ပတိ၊ ဍံသမကသ ၀ါတာတပ သရီသပ သမ္ဖေဿနပိရုပ္ပတိ၊ ရုပ္ပတီတိခေါဘိက္ခဝေတသ္မာ ရုပန္တိ၀ုစ္စတိ”

(ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် - ၇၁)။

“ဖောက်ပြန်သော သဘောဆိုသည်မှာ…

ပညတ် = ပရမတ်
(သီတေနပိ) အအေးဟု ဆိုခြင်းသည်လည်း = (ရုပ္ပတိ) ဖောက်ပြန်သဘောတည်း။

(ဥဏှေနပိ) အပူဟု ဆိုခြင်းသည်လည်း = (ရုပ္ပတိ) ဖောက်ပြန်သဘောတည်း။

(ဇိဃစ္ဆာယပိ) ဆာလောင်ခြင်းသည်လည်း = (ရုပ္ပတိ) ဖောက်ပြန်သဘောတည်း။

(၀ိပါသာယပိ) မွတ်သိပ်ခြင်းသည်လည်း = (ရုပ္ပတိ) ဖောက်ပြန်သဘောတည်း။

(ဍံသမကသ ၀ါတာတပ သရီသပသမ္ဖေဿနပိ) မှက်, ခြင်, ယင်, လေ နေပူကိုက်ခဲခြင်းစသော တွေ့ထိခြင်းဟုဆိုခြင်းသည်လည်း = (ရုပ္ပတိ) ဖောက်ပြန် သဘောတည်း။

အဓိပ္ပာယ်မှာ အေးသည်၊ ပူသည်၊ ဆာလောင်သည်၊ မွတ်သိပ်သည်၊ မှက်, ခြင်, ယင်, မြွေ, ပျား, ကင်း, သန်း စသည်ကိုက်ခဲသည်၊ တွေ့ထိသည်၊ လေ, နေပူ တွေ့ထိသည်ဟု လောကတွင် အမည်တပ် ပြောကြားမူအားလုံး၊ တွေ့သိမူအားလုံးသည် ပညတ် အမည်တပ်ထားသော ပရမတ်တို့၏ (ရုပ္ပတိ) ဖောက်ပြန် သဘောချည်းတည်း။

ထိုပရမတ်သဘော “ဖောက်ပြန်မူ”ကို မသိဘဲ အေးသည် ပူသည်စသော အမှတ်ပညတ်ကို သိနေက မည်သည့်နည်းနှင့်မျှ ၀ိပဿနာ မဖြစ်ပေ၊ အဘယ်ကြောင့်ဟူမူ ပရမတ်ရူပံကို ပရမတ် သဘောရောက်အောင် မသိခြင်းကြောင့်ဖြစ်သည်။ ထိုသဘောတို့သည် အမှန်သဘော၊ အရှိသဘော (ပရမတ်တို့ဖြစ်၍ နိမိတ်လက္ခဏာ အသွင်သဏ္ဍာန် မရှိရကား ၎င်းတို့ကို သိနေသော ဉာဏ်အသိသည် ကိလေသာမဖြစ်တော့ပေ။ ထိုပရမတ်ကို သိခိုက် ကိလေသာ မဖြစ်ခြင်းသည် (ဆန္ဒရာဂ၀ိနယ) တပ်မက်တွယ်တာမူကို တားမြစ်ထားသည်။ ဆုံးမထားသည်။ နောက် မိမိ၏အသိသည် ထိုပရမတ် သဘောတို့ အပေါ်မှာချည်း နေလာနိုင်လျှင်ကား (ဆန္ဒရာဂပ္ပဟာန) ယောဂီ၏မဂ်နှင့် ဆိုင်ရာကိလေသာကို ပယ်နိုင်တော့သဖြင့် ကာမကိလေသာ၏ ထွက်မြောက်ရာသာမက ကိလေသာအားလုံး၏ ထွက်မြောက်ရာလည်း ဖြစ်တော့သည်။ (အကျယ်မချဲ့သာပြီ)။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။



















No comments:

Post a Comment