(တိဏှက္ကူပမာ ကာမာ) ဥပမာသော်ကား...
ယောက်ျား တစ်ယောက်သည် မြက်ခြောက်တို့ကို တုတ်၌စည်း၍ မီးဖြင့်ရို့ပြီးလျှင် လေညာသို့ ဆန်၍ ယူပြေးရာ၏။ ထိုအခါ လေတိုက်အားကြောင့် ထိုမီးသည် ယူလာသော သူအား တဖြည်းဖြည်း တောက်လောင်ရာသည်။ ထိုသူသည် ဤမီးရှူးကို လွှတ်၍ ပစ်သော်လည်း ပစ်ရာ၏။ မပစ်က လက်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း၊ အခြားအင်္ဂါကြီးငယ်တို့သို့ စွဲလောင်ခြင်းဖြင့် ထိုသူအား သေသော်လည်း သေရာ၏။ မသေသော်လည်း သေလောက်သည့် ဆင်းရဲသို့ ရောက်မည်သာတည်း။
ထို့အတူ ကာမတရားတို့ကို မြက်မီးရှူးနှင့် တူသည်ဟု မြတ်စွာဘုရား ဟောတော်မူသည်ကို သဘောပေါက်နားလည်သော တပည့်သား သာဝကသည် ထိုမြက်ခြောက် မီးရှူးနှင့် တူသော ကာမတို့ကို ခွာမှ စွန့်ပစ်မှ ဆင်းရဲဒုက္ခကင်းဝေး လွန်မြောက်နိုင်ရာ၏။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment