ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 14 October 2010

ပထ၀ီဇယမန္တန်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

ပထ၀ီဇယမန္တန်တော်ဖြစ်စဉ်
ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ရသေ့ဘ၀နှင့် ဟိမ၀န္တာတောင်၌ သီတင်းသုံးစဉ်အခါက အမြဲခစားသော သဗ္ဗဒါဌိက အမည်ရှိ မြေခွေးသည် အလောင်းတော် ရသေ့ထံမှ ပထ၀ီဇယ မန္တန်တော်ကို သင်ယူ၍ ရိုသေစွာ အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သဖြင့် တောနေ သတ္တ၀ါများက ၀န်းရံခစားကြကုန်သည်။

မြေခွေးအား အမြဲမပြတ် ရန်မူ သတ်ဖြတ်လေ့ရှိသော သစ်-ကျား-ခြင်္သေ့ စသည်တို့ကပါ ၀ိုင်းအုံ မြှောက်ပင့်၍ တောဘုရင်အဖြစ် တင်မြှောက်ခံရခြင်းကိုစွဲ၍ ပထ၀ီဇယမန္တန်တော် ဖြစ်ပေါ် ရွတ်ဆိုပွား များခဲ့ကြပါသည်။

ပထ၀ီဇယမန္တန်ပါဠိ
၁။ ပထ၀ီ ဇယံ သဗ္ဗံ၊ အနေက အန္တရာယိကံ။
ဇယံ ပစ္စေကဗုဒ္ဓါ စ၊ ဇယံ ပရိ မဟေသယော။

၂။ ဇယံ ဟရော ဟရိဒေဝေါ၊ ဇယံ ဗြဟ္မာ ဓတရဋ္ဌော။
ဇယံ နာဂေါ စ ၀ိရူဠှော၊ ၀ိရူပက္ခော စ စန္ဒိမာ။

၃။ ၀ိဣန္ဒော ဝေနတေယျော စ၊ ကုဝေရော ၀ရုဏော ပိ စ။
အဂ္ဂိ ၀ါရဏော ပဇ္ဇုန္နော၊ ကုမာရော စတုပါလကော။

၎။ အဋ္ဌာရသ မဟာဒေ၀ါ၊ သုခိတာ စ ပသိဒ္ဓိယော။
အသီတိ မဟာသာဝကာ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။

၅။ ဇေယျော ဓမ္မော စ သံဃော စ၊
ဒသဗလော စ ဇေယျကော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဇေယျာ သုခီ ဘ၀န္တု မေ။

၆။ နရာ ဒေ၀ါ စ ဗြဟ္မာနော၊ ယက္ခာ နာဂါစ ဂရုဠာ။
တေ ပိ ဒိသွာ ပိယာ မယှံ၊ ပုတ္တံ မမေ၀ သိနေဟာ။

၇။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ။
သဗ္ဗေ ကရောန္တု မေ မေတ္တံ၊ သဗ္ဗေ တိဋ္ဌန္တု မတ္ထကေ။

၈။ တေသံ မေတ္တာနုဘာဝေန၊ သဗ္ဗေ ရောဂါ သုသီတလာ။
သဗ္ဗေ ဘယာ ၀ိနဿန္တု၊ သဗ္ဗေ နဿန္တု’ ပဒ္ဒ၀ါ။

၉။ ဣမသ္မိံ စက္က၀ါဠေ စ၊ ဗဟူ အနန္တပါဏိနော။
အနန္တစက္က၀ါဠေ စ၊ ဗဟူ အနန္တပါဏိနော။

၁၀။ ဣမေ သတ္တာ အဝေရာ စ၊ အညမညံ ပိယာ ဟောန္တု။
ဣမေ သတ္တာ အဝေရာ စ၊ အညမညံ သုခါ ဟောန္တု။

၁၁။ နေရယိကာ နိရစ္ဆာနာ၊ ပေတာ အသုရကာ ယမာ။
ဣမေ သဗ္ဗေ ယထာ သတ္တာ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။

၁၂။ ဒသကောဋိ ဒကဇာ စ ထလဇာ န၀ကောဋိယော။
သံသေဒဇောပပါတိကာ၊ ဒီဃာယုကာ ဘ၀န္တုတေ။

၁၃။ ဥဒ္ဓံ ယာဝ ဘ၀ဂ္ဂါ စ၊ အဓော ယာဝ အ၀ီစိတော။
သမန္တာ စက္က၀ါဠေယု၊ ယေ သတ္တာ ပထ၀ီစရာ။

၁၄။ အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စ နုပ္ပဒ္ဒ၀ါ။
သဗ္ဗေ သတ္တာ အဝေရာ စ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပထ၀ီဇယမနံ္တ နိဋ္ဌိတံ။

ပထ၀ီဇယမန္တန်တော် ရွတ်ဆိုရခြင်း၏ အကျိုး
ပထ၀ီဇယမန္တန်တော်ကို အမြဲမပြတ် ရွတ်ဖတ်ရခြင်းဖြင့် မရသေးသော စည်းစိမ်းများရတတ်ခြင်း၊ မြေယာ- တိုက်-အိမ်-များ ဖြစ်ထွန်းခြင်း၊ သြဇာအာဏာ ကြီးမားခြင်း အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါ သည်။

အထက်ဖော်ပြပါ ပထ၀ီဇယမန္တန်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment