ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 18 October 2010

ရတနာရွှေချိုင့်ဂါထာတော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

ရတနာရွှေချိုင့် ဂါထာတော်ဖြစ်စဉ်
ရတနာရွှေချိုင့်ပါဠိဂါထာတော်သည် တစ်ချိန်က ဘုန်းတော်ကြီးကျောင်း ပညာရေးလောက၌ နေရာရခဲ့သဖြင့် ဗုဒ္ဓဘာသာလောကတွင် ထင်ရှားသော ဂါထာတစ်ရပ် ဖြစ်ခဲ့ပေသည်။ ဘုရားရှင်တို့အား မိမိ၏ ဦးခေါင်းစသည်သို့ ကြွရောက်တည်နေရန် ပင့်ဖိတ် ပူဇော်ကာ အရံအတားပြုခြင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ တပည့်သာဝကကြီးများအား ပင့်ဖိတ် ပူဇော်ကာ အရံအတားပြုခြင်း၊ ရတနသုတ်ပရိတ်၊ မေတ္တသုတ်၊ ဓဇ္ဇဂသုတ် စသော ပရိတ်တော်များကိုလည်း မိမိ၏ ကိုယ်အင်္ဂါ ကောင်းမြတ်ရာ ဌာနများ၌ တည်ပါစေဟု အဓိဋ္ဌာန်ပြုခြင်း၊ ယင်းသို့ အဓိဋ္ဌာန်ပြုကာ ဘေးရန်အန္တရာယ် ကင်းရှင်းစေခြင်းစသော အကြောင်းအကျိုးများကို အခြေခံကာ ရှေးပညာရှိကြီးများက ဤရတနာရွှေချိုင့် ဂါထာတော်ကို စီစဉ်ပေးခဲ့ကြခြင်း ဖြစ်ပါသည်။

ရတနာရွှေချိုင့်ဂါထာပါဠိ
၁။ ဇယာသန္နာဂတာ ဗုဒ္ဓါ၊ ဇိတွာ မာရံ သ ပါဟနံ။
စတုသစ္စာမတရသံ၊ ယေ ပိဝိံသု နရာသဘာ။

၂။ တဏှင်္ကရာဒယော ဗုဒ္ဓါ၊ အဋ္ဌ၀ီသတိ နာယကာ။
သဗ္ဗေ ပတိဋ္ဌိတာ မယှံ၊ မတ္ထကေ တေ မုနိဿရာ။

၃။ သီသေ ပတိဋ္ဌိတော နော သိ၊
ဗုဒ္ဓေါ ဓမ္မော ဒွိ လောစနေ။
သံဃော ပတိဋ္ဌိတော မယှံ၊ ဥရေ သဗ္ဗဂုဏာကရော။

၎။ ဟဒယေ မေ အနုရုဒ္ဓေါ သာရိပုတ္တော စ ဒက္ခိဏေ။
ကောဏ္ဍညော ပစ္ဆာဘာဂသ္မိံ၊
မောဂ္ဂလ္လာနော စ ၀ါမကေ။

၅။ ဒက္ခိဏေ သ၀ဏေ၊ မယှံ၊ အာသုံ အာနန္ဒာ, ရာဟုလာ။
ကဿပေါ စ, မဟာနာမော၊
ဥဘောသုံ ၀ါမသောတကေ။

၆။ ကေသန္တေ ပိဋ္ဌိ ဘာဂသ္မိံ၊ သူရိယောဝ ပဘံကရော။
နိသိန္နော သိရိသမ္ပန္နော၊ သောဘိတော မုနိ ပုင်္ဂဝေါ။

၇။ ကုမာရ ကဿပေါ နာမ၊ မဟေသီ စိတြ၀ါစကော။
သော မယှံ ၀ဒနေ နိစ္စံ၊ ပတိဋ္ဌာသိ ဂုဏာကရော။

၈။ ပုဏ္ဏော, အင်္ဂုလိမာလော စ၊ ဥပါလိ, နန္ဒ, သီဝလိ။
ဣမေ ပဉ္စ မဟာထေရာ၊ နလာဋေ တိလကာ ၀ိယ။

၉။ တေဟိ သေသာ မဟာထေရာ၊
ဇိတ၀န္တော ဇိနောရသာ။

၁၀။ ရတနံ ပုရတော အာသိ၊ ဒက္ခိဏေ မေတ္တသုတ္တကံ။
ဓဇဂ္ဂံ ပစ္ဆတော အာသိ၊ ၀ါမေ အင်္ဂုလိမာလကံ။

၁၁။ ခန္ဓ, မောရ, ပရိတ္တဉ္စ၊ အာဋာနာဋိယသုတ္တကံ။
အာကာသေ ဆဒနံ အာသိ၊
သေသာ ပါကာရ လင်္ကတာ။

၁၂။ ဇိနာနံ ပလသံယုတ္တေ၊ ဓမ္မပါကာရလင်္ကတေ။
ဝသတော မေ အကိစ္ဆေန၊ သမ္မာသမ္ဗုဒ္ဓပဉ္ဇရ။

၁၃။ ၀ါတပိတ္တာဒိသဉ္ဖာတာ၊ ဗာဟိရဇ္ဈတ္တုပဒ္ဒ၀ါ။
အသေသာ ၀ိနာသံ ယန္တု၊ အနန္တဂုဏတေဇသာ။

၁၄။ ဇိန ပ
ဉ္ဇရ မဇ္ဈမှိ၊ ၀ိဟရန္တံ မဟီတလေ။
သဒါ ပါလေန္တု မံ သဗ္ဗေ၊ တေ မဟာ ပုရိသာသဘာ။

၁၅။ ကတော ဣစ္စေ၀ မေ ကနံ္တ၊ သုရက္ခော ဇိန တေဇသာ။
ဂုဏာ ကရဿ သံဃဿ၊ ဘဝေယျံ သုခိတော အဟံ။

ရတနာရွှေချိုင့် ဂါထာတော် ရွတ်ဆိုရခြင်း၏အကျိုး
ဤရတနာရွှေချိုင့် ဂါထာတော် ရွတ်ဆို ပွားများအားထုတ်သူတို့မှာ ဘေးရန်အန္တရာယ်ကင်းရှင်းခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ အမှောင့် ပယောဂ မကပ်မှီနိုင်ခြင်း ဘေးဆိုး ရန်ဆိုး ရောဂါဆိုးများမှ ကင်းလွတ်ခြင်းစသော အကျိုးတရားတို့ ဖြစ်ပေါ်စေနိုင်ပါသည်။

အထက်ဖော်ပြပါ ရတနာရွှေချိုင့် ဂါထာတော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment