အဘိဏှသုတ်တော် ဖြစ်စဉ်
သမ္မာသမ္ဗုဒ္ဓ အတုလထွတ်ထား ရှင်တော်မြတ်ဘုရားသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့ သံသရာ ၀ဋ်ဒုက္ခ၌ မေ့လျော့ပျော်ပါး နေမှားသောကြောင့် အို-နာ-သေခြင်း ကင်းရာအမှန် မြတ်နိဗ္ဗာန်ကို မရ ၀ဋ်ဒုက္ခ၌ နစ်ကြရသည်ကို ကြည့်ရူ ဆင်ခြင်တော်မူပြီး မေ့လျော့ပေါ့ဆ သတိမရ နေမြဲနေကြလျှင် သံသရာ၌နစ်မြဲ နစ်ပြန်ကြလိမ့်မည်ကို သနားတော်မူလှသောကြောင့် အို၊ နာ၊ သေရေး ဒုက္ခဘေးတို့မှ ကင်းဝေးလွတ်ရာ မဟာအမတ သိဝ-တွင်မည် ရွှေပြည်နိဗ္ဗာန်သို့ ၀င်စံ ရောက်စိမ့်သောဌာ နေ့ညမပြတ် အောက်မေ့ ဆင်ခြင်အပ် နှလုံးမပြတ် အထပ်ထပ် သွင်းအပ်သော အတိပဏီတ ဤအဘိဏှသုတ် ဒေသနာတော်ကို ပဉ္စင်္ဂုတ္တရ ပါဠိတော်၌ ကရုဏာရှေ့ထား၍ ရှင်တော်မြတ်ဘုရား ဟောကြားတော် မူခဲ့ပေသတည်း၊ ရှင်တော်ဘုရား ဟောကြားတော်မူပြီးသည့်နောက်၌ သူတော်စင်အများ မပြတ်ရွတ်ပွား သရဇ္ဈာယ်ချိန်မှစ၍ ဤအဘိဏှသုတ်တော် ဖြစ်ပေါ်၍ လာပါသတည်း။
အဘိဏှသုတ်ပါဠိ
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
ကတမာနိ ပဉ္စ -
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခ္ခိတက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊ တဿ ဒါယာဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
အဘိဏှသုတ်တော် ရွတ်ဖတ်ရခြင်း၏အကျိုးကျေးဇူး
ဤ အဘိဏှသုတ်တော် အမြဲမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် တရားအားထုတ်သူတို့မှာ စိတ်ဓာတ် ကြည်လင်စွာဖြင့် တရားထူးများ ရရှိနိုင်ပါသည်။ ကိလေသာ အာရုံ ကာမဂုဏ်ခံစားလိုသော ကိလေသာစိတ်များ တဖြည့်ဖြည်း လျော့ပါးစေနိုင်ပါသည်။
အထက်ဖော်ပြပါ အဘိဏှသုတ်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment