ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 9 October 2010

မဟာဝေဒဗ္ဗမန္တန်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

မဟာဝေဒဗ္ဗမန္တန်တော်ဝတ္ထု ဖြစ်စဉ်
မဟာဝေဒဗ္ဗမန္တန်တော်ကြီးသည် ဓနသိဒ္ဓိနက္ခတ်စန်းနှင့် ယှဉ်သော ကာလ၌ ကောင်းကင်သို့ မော်ကြည့်၍ ရွတ် ဖတ်ပါလျှင် ရတနာမိုးရွာကြောင်း ငါ့ရာ့ငါးဆယ် နိပါတ်တော်၌ ပါရှိပေသည်။

ဗာရာဏသီတိုင်းမှ မဟာဝေဒဗ္ဗမန္တန်ကို တတ်မြောက်သော ဆရာပုဏ္ဏားနှင့် တပည့်ပုဏ္ဏား နှစ်ဦးသား တို့သည် စေတတိုင်းသို့ ခရီးထွက်ရာလမ်းတွင် “စောရကန္တာရ” ခေါ် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းရာ၌ ခိုးသား ငါးရာနှင့်တွေ့ပြီး အဖမ်းခံရလေသည်။

ထိုခိုးသားဓားပြတို့သည် သားနှင့်အဖ ဖမ်းမိပါက အဖကို ချုပ်နှောင်၍ သားကိုငွေယူခိုင်းခြင်း၊ သမီးနှင့် အမိ ဖမ်းမိပါက အမိကိုချုပ်နှောင်၍ သမီးကိုငွေယူခိုင်းခြင်း အလေ့ရှိကြသဖြင့် ယခု ဆရာနှင့်တည့် ဖမ်းမိရာတွင် ဆရာကို ချုပ်နှောင်ထားပြီး တပည့်ကို ငွေရှာဖွေ၍ လာရွေးရန် မှာကြားပြီး ပြန်လွှတ်လိုက် လေသည်။

တပည့်ဖြစ်သူက ပြန်ခါနီးတွင် ဆရာ့အား မှာကြားသည်မှာ “ ယနေ့ နှစ်ရက်-သုံးရက်အတွင်း ဓနသိဒ္ဓိ နက္ခတ်နှင့် စန်းယှဉ်မည်ဖြစ်ရာ ချုပ်နှောင်ထားသော ဝေဒါနာကြောင့် သည်းမခံနိုင်ဘဲ ဆရာမန္တန်မရွတ်ပါ နှင့် ခဏအောင့်အည်း သည်းခံပါ။ တပည့်ငွေရှာ၍ အမြန် ပြန်လာပါမည်” ဟု အကြိမ်ကြိမ် အထပ်ထပ် မှာကြားခဲ့လေသည်။

တပည့်ပြန်မလာမီ ဓနသိဒ္ဓိနက္ခတ် စန်းနှင့် ယှဉ်လတ်သော အခါ ဆရာက “ရွှေ၊ ငွေ၊ အသပြာလိုချင်ပါက မိမိအား ချုပ်နှောင်ရာမှ ဖြည်၍ ရေမိုးချိုးပေးကြလော့”ဟုဆိုကာ ရေမိုးသန့်စင်စေပြီး ကောင်းကင်ယံသို့ မော့ကြည့်လျက် မဟာဝေဒဗ္ဗမန္တန်တော်ကို ရွတ်ဆိုရာ ရတနာမိုး ရွာသွန်း လေတော့သည်။ သူခိုး၊ ဓားပြ များလည်း ရွေ၊ ငွေ၊ ဥစ္စာများကိုရသဖြင့် ဆရာကြီးကို ပြန်လွှတ်ပေးလိုက်လေသည်။

ထိုခိုးသား၊ ဓားပြများထံမှ ငွေကြေးအသပြာများကို မြင်တွေ့ရသော အခြား ခိုးသားငါးရာတို့က ထိုအကြောင်းကို သိသဖြင့် တစ်ဖွဲ့က လွှတ်လိုက်သော ဆရာကြီးအား နောက်တစ်ဖွဲ့က ထပ်မံဖမ်းဆီး ၍ ကောင်းကင်မှ ရွှေမိုး။ ငွေမိုး ရွာချစေရန် စီမံခိုင်းလေတော့သည်။

ပုဏ္ဏားဆရာကြီးက “နေသိဒ္ဓိနက္ခတ်နှင့် စန်းယှဉ်ခိုက်သာရွတ်၍ ရတနာမိုးရွာနိုင်ပါတယ်။ ယခု ဓနသိဒ္ဓိ နက္ခတ်နှင့် စန်းမယှဉ်တော့သဖြင့် ရတနာမိုး ရွာမချနိုင်တော့ကြောင်း” ပြောရာ မယုံကြည်၍ အကြိမ်ကြိမ် ခိုင်းမရသည်အဆုံး ဆရာကြီးအား သတ်ပစ်လိုက်လေတော့သည်။

အမြော်အမြင်ရှိသော တပည့်လိမ္မာ၏စကား နားမထောင်သဖြင့် ပညာရှိသော်လည်း မြော်မြင်ဥာဏ်နှင့် ဆင်ခြင်တုံတရား မရှိသည့် ဆရာမှာ အသက်ဆုံးရူံးရလေသည်။

ဤ ဝေဒဗ္ဗမန္တန်ဇာန်တော်မှာ ဘုရားဟော ငါ့ရာ့ငါးဆယ် ဇာတ်နိပါတ်တွင် အထက်ဖော်ပြပါအတိုင်း ပါရှိလေ သည်။ ယင်းသို့ပါရှိသော်လည်း ဇာတ်လမ်းသာ ပြည့်စုံစွာပါရှိပြီး နေသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်သည့် အခါ ရွတဆိုရမည့် ဝေဒဗ္ဗမန္တန်တော်မှာမူ မပါရှိချေ။ သုတ္တန်ပိဋကတ်ပါ ဂါထာတော်များအရ ဇာတ်လမ်း ကိုသာ မြန်မာပြန်ရ၍ ရွှေမိုး၊ ငွေမိုးရွာချစေနိုင်သည့် ဂါထာရှာမရချေ။

သို့သော် ဆရာကြီးများ စဉ်ဆက်ထိန်းသိမ်းရွတ်ဆိုခဲ့ကြသည့် “မဟာဝေဒဗ္ဗမန္တန်တော်ကြီး” ဟု အမည်တွင်သော ဂါထာ တစ်ပုဒ် ရှိနေပေသည်။

လောကီသိဒ္ဓလမ်းကို လိုက်စားကြသူများမှာ ၄င်းဝေဗ္ဗဇာတ်တော်မှာ ဖြစ်ပုံပျက်ပုံကိုသာ ဟော၍ ရွတ်ဆိုသောဂါထာမန္တန်တော်ကြီးကို ငါ့ရာ့ငါးဆယ်ဇာတ်တော်လာ ဘုရားဟော မန္တန်တော်ကြီးဟု ထင်မှတ်နေ ကြလေသည်။ ဘုရားဟော ဝေဒဗ္ဗဇာတ်တော်မှာ ဖြစ်ပုံပျက်ပုံကိုသာ ဟော၍ ရွတ်ဆိုသော ဂါထာမန္တန်တော်ဟူ၍ ဟောထားတော်မမူခဲ့ချေ။

ထိုသို့ မဟောခဲ့သဖြင့် မဟာဝေဒဗ္ဗဇာတ်တော်တွင် လိုနေသော၊ ကွတ်လပ်ဖြစ်နေသော ဓနသိဒ္ဓနက္ခတ် နှင့် စန်းယှဉ်ချိန် ရွတ်ဆိုလိုက်လျှင် ရွှေ၊ ငွေ၊ ရတနာမိုး ရွာသွန်းဖြိုးချစေသော မဟာဝေဒဗ္ဗမန္တန်တော်ဟု အမည် တွင်မည့် မန္တန်တစ်ပုဒ်ကို လောကီ၊ လောကုတ္တရာ ပညာ ဗဟုသုတစွယ်စုံရ ရှေးဆရာတော်ကြီး များ စီရင်၍ ထားခဲ့ကြဟန်တူပေသည်။

ထိုမဟာဝေဒဗ္ဗမန္တန်တော်မှာ ဘုရားဟော မဟုတ်သော်လည်း ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူး တော်များ ကို ဖွဲ့ဆိုထားသည့်ပြင် သစ္စာပြု၍ ဆုတောင်းခန်း ပါရှိသဖြင့် ရိုသေလေးစားထိုက်၊ အားကိုး အားထားပြု ထိုက်သော မန္တန်တော်ကြီးဖြစ်ပါသည်။

မဟာဝေဒဗ္ဗဇာတ်တော်ပါ မန္တန်တော်ရွတ်ဆိုနည်း
၁။ မန္တန်တော် ရွတ်ဆိုခါနီးတွင် ဦးခေါင်းမှ လောင်း၍ ရေချိုးရမည်။
၂။ ၀တ်ဖြူစင်ကြယ်ဝတ်၍ ငါးပါးသီလ ခံယူဆောက်တည်ရမည်။
၃။ ပြီးလျှင် အမွှေးနံ့သာလိမ်း၍ ပန်းပန်ဆင်ရမည်။
၎။ နောက် ကောင်းကင်သို့ မော့ကြည့်ပြီး မဟာဝေဒဗ္ဗမန္တန်တော်ကို ရွတ်ဆိုရမည်။

မဟာဝေဒဗ္ဗမန္တန်တော်ကြီး မရွတ်ဖတ်မီ
“နာမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ဟူ၍ (၃) ခေါက် ရွတ်ဆိုပါ။

၁။ ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဣတိပိ သော ဘဂ၀ါ အရဟံ
သမ္မာသမ္ဗုဒ္ဓေါ ၀ိဇ္ဇာစရဏသမ္ပန္နော
သုဂတော လောက၀ိဒူ အနုတ္တရော
ပုရိသ ဒမ္မသာရထိ သတ္ထာဒေဝ
မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါတိ။
နတ္ထိ မေ သရဏံ အညံ၊ ဗုဒ္ဓေါ မေ သရဏံ ၀ရံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၂။ ဓမၼံ သရဏံ ဂစ ၦာမိ။
သွာက္ခာတော ဘဂ၀တာ ဓမ္မော
သန္ဒိဋ္ဌိကော အကာလိကော
ဧဟိပဿိကော သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီတိ။
နတ္ထိ မေ သရဏံ အညံ၊ ဓမ္မော မေ သရဏံ ၀ရံ။
ဧတေန သစ္စ၀ဇ္ဖေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။။

၃။ သံဃံ သရဏံ ဂစ ၦာမိ။
သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော။
ဥဇုပဋိပန္နော ဘဂ၀တော သာဝက သံဃော။
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော။
သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော။
ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝက သံဃော။
အာဟုနေယျော၊ ပါဟုနေယျော၊
ဒက္ခိဏေယျော၊ ဉ္ဖလီကရဏီယျော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
နတ္ထိ မေ သရဏံ အညံ၊ သံဃော မေ သရဏံ ၀ရံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၎။ သမာဒိယိံ ပဉ္စသီလံ၊ အဋ္ဌင်္ဂမ္ပိ သုဒေသိတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၅။ န ဇီဝိတန္တရာယောပိ၊ ကာတုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၆။ န ဉာဏန္တရာယောပိ၊ ကာဘုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၇။ န ရသ္မိအန္တရာယောပိ၊ ကာတုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၈။ ဗုဒ္ဓေါ အဘိဇ္ဇကာယောပိ၊ နတ္ထိ လောဟိတ သူဒနံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၉။ သဒ္ဓါ မေ ဗုဒ္ဓသဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၁၀။ သဒ္ဓါ မေ ဓမ္မသေဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၁၁။ သဒ္ဓါ မေ သံဃသေဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခ၀ဍ္ဎနံ။

၁၂။ နတ္ထိ မေ သရဏံ အညံ၊ ဗုဒ္ဓေါ မေ သရဏံ ၀ရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ၀ိဇ္ဇတိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ပ၀ဿန္တု သတ္တရတနာ။
နတ္ထိ မေ သရဏံ အညံ၊ ဓမ္မော မေ သရဏံ ၀ရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ၀ိဇ္ဇတိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ပ၀သန္တု သတ္တရတနာ။
နတ္ထိ မေ သရဏံ အညံ၊ သံဃော မေ သရဏံ ၀ရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ၀ိဇ္ဇတိ။
ဧတေန သစ္စ၀ဇ္ဇေန၊ ပ၀ဿန္တု သတ္တရတနာ။

မဟာဝေဒဗ္ဗမန္တန်တော်ကြီးပါဠိ ပြီး၏။

မဟာဝေဒဗ္ဗမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး
နိပါတော်လာအတိုင်း စည်းစိမ်ဥစ္စာ ရတနာ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးသကဲ့သို့ တိုးတက် ကြီးပွားစေနိုင် လေသည်။

ရှေးဆရာကြီးများက တစ်နေ့(၂၇)ကြိမ် ရွတ်ဆိုရမည်ဟု ဆိုထားရာ အဓိဋ္ဌာန်ထား၍ နိစ္စဗဒ်ဝတ်ပြုရွတ်ဆိုသွားပါက မုချ ထူးခြားရမည်သာ ဖြစ်ပေသည်။ ရတနာ သုံးပါးအပေါ်တွင် ဂုဏ်တော်ကို ပေါ်နိုင်သလောက် ပေါ်အောင် စီမံထားသဖြင့် ပွားများရခြင်း၏ အကျိုးမှာ လွန်စွာ များပြား လှ၍ အနန္တကျေးဇူးကို မုချမလွဲရမည်သာ ဖြစ်၏။

အထက်ဖော်ပြပါ မဟာဝေဒဗ္ဗမန္တန်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment