ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 20 June 2008

အနန္တငါးပါး ဘုရားရှိခိုး

`ဗုဒ္ဓဂုဏော အနန္တော´ ဟု ကျော်ဇောထင်ရှား၊ သုံးပါးရပ်လူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သဘောင်္ယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့လတ်မူသည့်၊ နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ၊ အစိန္တေယျဟု၊ မဟာအမိတ၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`ဓမ္မဂုဏော အနန္တော´ ဟု တည်သောကမ္ဘာ၊ သတ္တာဝါလူနတ်၊ အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်တဏှာသံယော၊ ကိလေတောမှ၊ ဆေးကြောသုတ်သင်၊ မြူမတင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားတော်မြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`သံဃဂုဏော အနန္တော´ ဟု လောဘ ဒေါသ၊ မောဟ၊ ကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ပဲ ရှင်တော်ဟောကြားမြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်ဖိုနိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့ ဂုဏ်တော်ကြီးလှ၊ အနန္တကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`မာတာပိတုဂုဏော အနန္တော´ ဟု အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဘတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချိုချဉ်ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယမိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစားဆိမ့်အေး နို့ချိုပေး၍၊ ကျွေးသည့်မိခင်၊ မွေးဘရှင်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

`အာစရိယဂုဏော အနန္တော´ ဟု မိန့်ဟောအရ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွတ်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ဖြစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာဘုမ္မိ၊ ဘေးမရှိသည့်၊ သန္တိသုခ၊ မုချဧကန်၊ နိဗ္ဗာန်အရောက်၊ ညွှန်ထောက်သွန်သင်၊ ပဲ့ပြင်ပေးတတ်၊ ဆရာမြတ်ကို၊ အဟံ- ဘုရားတပည့်တော်သည်၊ ၀န္ဒာမိ - သဒ္ဓါညွတ်ကျိုး လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။


ကုဟကဇာတ်

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသားတစ်ယောက်သည် ရသေ့ တစ်ဦးကိုကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုပ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် တောင်းပန်၏။ ထိုအခါ ရသေ့ ရဟန်းတို့မည်သည် ဤသို့ ရွှေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။ သို့သော် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံအစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုပ်နှံ ထားလိုက်၏။


ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါးပိုင်သော ပစ္စည်းကို နေရာပြောင်းရွှေ့မှုသည်
ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။ ထို့နောက် ရသေ့သည် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြားအရပ်သို့ သွားတော့မည်”ဟု ရွာသားကို နှုတ်ဆက်၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တစ်ခြားအရပ်သို့ မသွားပါရန် တားမြစ်လျှောက်ထား၏။ တား၍ မရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်းမည်သည် မပေးလှူလျှင် မြက် တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် “ရသေ့ကား ရိုးသားလှပေစွ”ဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ သို့သော် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို ယူသွား၏။ သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏ စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် မြှုတ်နှံထားသော ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။ဤ၀တ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ ကိုယ့်အားနည်းချက် ကိုယ့်မကောင်းမှုကို ဖုံးကွယ်ရန် တစ်ဘက်သားကို လှည့်စားသော မာယာသည် လူသားတို့ သန္တာန်၌သာ ဖြစ်ပေါ်သည်မဟုတ်။ လူ့ဘောင်ကို ခွာရှောင်ခဲ့သော ရသေ့ရဟန်းတို့သည်ပင် မာယာကို ရှောင်နိုင်ခဲကြ၏။ မာယာ၏ နယ်ပယ်ကား ကျယ်လွန်းလှပေသည်။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တ၀ါတို့၏ သန္တာန်၌ သံသရာ အဆက်ဆက် အမြစ်တွယ် လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။ မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူဖြစ်စေ ရှင်ဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မာယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ ရှောင်ခွာရမည့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာမဖြစ်အောင် သတိထားကြရပေမည်။ မည်သည့် အကုသိုလ်မဆို ပညာသတိဖြင့် လွန်မြောက်နိုင်၏။ မာယာရှင်ကို ရှောင်နိုင်အောင် ဂရုစိုက်ကြရပေမည်။ နိုးကြားမှုနှင့် ပါးနပ်မှုသည် ဘေးအားလုံးမှ လွတ်မြောက်စေနိုင်၏။ ကိုယ်တိုင် မာယာကင်းကြ၍ မာယာရှင်ကိုလည်း ရှောင်ကြဉ်နိုင်ကြပါစေ။



ချစ်သူနဲ့ကွဲရတာလည်း ဆင်းရဲ..

ချစ်သူနဲ့ ခွဲရတာ သိပ်ကို စိတ်ဆင်းရဲရပါတယ်။ ရင် ပူလောင်ရပါတယ်။ တချို့ဆို ရင်ကွဲနာကျပြီး သေတောင် သေတယ်။ ချစ်သူနဲ့ဆို ထားပါဦး။ အင်မတန် သဘောကျ နှစ်သက်တဲ့ သက်မဲ့ပစ္စည်းနဲ့တောင် မခွဲချင်ဘူး။ မပေးချင် ဘူး။ မပျက်စီးစေချင်ဘူး။ မြတ်စွာဘုရား ဟောခဲ့တဲ့ ဇာတ်တော်တစ်ခုထဲမှာငါး ကြီးတစ်ကောင် တံစို့ထိုးပြီး မီးကင်ခံနေရချိန်မှာ ငိုကြွေးနေတယ်။ “မီးလောင်ခံရလို့ မပူပါဘူး၊ တံစို့ထိုးခံရလို့ မနာပါ ဘူး”တဲ့။ ချစ်သူ ငါးမလေးနဲ့ ကွဲရမှာမို့ “ရင်ထဲမှာ မီးလောင် နေတယ်၊ ရင်ထဲမှာ နာနေတယ်”တဲ့။ ချစ်သူနဲ့ကွဲတဲ့ဆင်းရဲ၊ ချစ်မိလို့ ခံစားရတဲ့ဒုက္ခနော်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခက ဘယ်လိုနေတယ် မသိဘူး။ ငါးကြီးရဲ့ဒုက္ခကိုတော့ ဘုန်းကြီးသံဝေဂရမိတယ်။






အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

မင်္ဂလာပါရှင်.. ကျွန်မ်အနေဖြင့် အချစ်ကံခေသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ် ခင်ဗျာ။ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသော “အကောင်းကံချစ်မှအချစ်ကံကောင်းမယ်” မည်သော စာအုပ်မှ တိုက်ရိုက် ကူးယူဖော်ပြပေးခြင်းဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော် အကြိုက်ဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

အရှင်ဘုရား . . .
နားနဲ့မနာ ဖ၀ါးနဲ့ နာတော်မူပါဘုရား၊ တပည့်တော်မဟာသစ္စာမဲ့တဲ့ လင်ယောက်ျားကြောင့် အကြီးအကျယ် စိတ်သောကရောက်နေရပါတယ်ဘုရား၊ စိတ်ချမ်းသာအောင် တရားဓမ္မနဲ့ ဘယ်လို နှလုံးသွင်းပြီး ဘယ်လို ဖြေသိမ့်ရမယ်ဆိုတာ သနားကရုဏာ ရှေ့ထားပြီး မိန့်ကြားပေးတော်မူပါဘုရား။
မမိုးသက်လှိုင်၊ ရန်ကင်းမြို့နယ်။
မမိုးသက်လှိုင်ရေ ....
မမိုးသက်လှိုင်ရဲ့ မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ အခုတလော နာမည်ကြီးနေတဲ့ နိုင်ငံကျော်မင်းသမီးတစ်ဦးရဲ့ အိမ်ထောင်လမ်းခွဲသတင်းကို ချက်ချင်း သတိရလိုက်မိပါတယ်။ “တစ်ဦးတစ်ယောက်ရဲ့ သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ။ ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်။ ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်။ ချစ်စရာအများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။ သောကငြိမ်းချင်ရင်ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ချစ်ရမယ့်လူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။ အချစ်ကို ရယူဖို့ မကြိုးစားတော့ဘဲ ပရိသတ်ရဲ့ အချစ်ကို ထာဝရ ရယူနိုင်ဖို့ပဲ ကြိုးစားသွားပါတော့လို့ မယ်လို” လည်း အင်တာဗျူးတစ်ခုမှာ သူမကရင်ဖွင့်ထားသေးတယ်လေ။ ဟုတ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့အချစ်ဆိုတာက တဏှာဓာတ်တွေ လွှမ်းခြုံနေပြီး ပရိသတ်ရဲ့ အချစ်ကတော့ မေတ္တာဓာတ်တွေ မွှမ်းထုံနေပါတယ်။ တဏှာချစ်ကို တောင့်တရင် တောင့်တနေချိန်မှာလည်း တဏှာစိတ်နဲ့ ပူလောင်ရသလို ရရှိလာချိန်မှာလည်း သံယောဇဉ် မီးတွေနဲ့ ကျွမ်းမြိုက်ရပါတယ်။ မေတ္တာချစ်ကို မျှော်လင့်ရင်တော့ မျှော်လင့်နေချိန်မှာလည်း မေတ္တာစိတ်နဲ့ အေးမြရသလို ရရှိလာချိန်မှာလည်းမေတ္တာ ရောင်ပြန်တွေနဲ့ ချမ်းမြေ့ရပါတယ်။ (တဏှာချစ်နဲ့တော့ စိတ်နှလုံး အပူလောင် မခံချင်ပါနဲ့တော့ ရွှေမင်းသမီးရေ ....။)



ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအကျဆုံး ယုံကြည်ချက်ကတော့ ကံနဲ့ကံရဲ့ အကျိုးတရားပါပဲ။ “ကောင်းတာ လုပ်ခဲ့ရင် ကောင်းကျိုးရမယ်၊ မကောင်းတာ လုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင် ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်တဲ့မျိုးစေ့နဲ့ ထိုက်တန်တဲ့အပင် ပေါက်ပြီး အဲဒီအပင်နဲ့ လိုက်ဖက်တဲ့ အသီးကိုပဲ ကိုယ်စားရမယ်၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့အကျိုးတရားကို ကိုယ်ပဲ ခံစားရမယ်၊ အလုပ်ဆိုတာ ကံ၊ ကံဆိုတာ အလုပ်၊ ကိုယ့်ကံက ကိုယ့်ဘ၀ကို စီမံတယ်၊ ကိုယ့်ဘ၀ရဲ့ ဖန်ဆင်းရှင်ဟာ ကိုယ်လုပ်ခဲ့တဲ့ ကံတရား”အဲဒီလို နားလည် လက်ခံ ယုံကြည်ထားကြပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကျိုးပေး မကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။ သမီးရည်းစားချစ်၊ လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာ မဟုတ်ပါဘူး။ မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူ မည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လုပ်ရင် ဖြစ်လေရာဘ၀တိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုင်ခွင့်” မှေးမှိန်ပျောက်ကွယ်ပြီး “လွမ်းဆွတ်ခွင့်” “တမ်းတခွင့်” တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။အောက်ထစ်ဆုံး ငှက်ကလေး၊ ငါးကလေးတွေ၊ ကြောင်ကလေး၊ ခွေးကလေးတွေကို သူတို့မိသားစု၊ သူတို့အသိုက်အမြုံကနေခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပိုက် ထားခဲ့ရင်တောင် အဲဒီအကုသိုလ်ကံက သူအကျိုးပေးတဲ့ဘ၀မှာ ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင် စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန်စေတဲ့ ကြောက်စရာအကောင်းဆုံးကံကတော့“ကာမေသုမိစ္ဆာစာရကံ” ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ” လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်ရဲ့ ကာမပိုင် မဟုတ်သူတွေနဲ့ ကာမကိစ္စ ဖောက်ပြန်ရင် “ကာမေသုမိစ္ဆာစာရကံ” ထိုက်ပါတယ်။ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန်ရင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း ခေါ်ပါတယ်။ အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့သူဟာကာမကိစ္စတစ်စိတ် တစ်ပိုင်းပါဝင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကိုယ့်အပေါ် သစ္စာကင်းမဲ့တာဟာ ကိုယ့်ရဲ့ အတိတ်က “သစ္စာမဲ့ကံ” က ကိုယ့်ကို အကျိုးပေးတာပါပဲ။ ကိုယ့်ရဲ့နှလုံးလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင် ဖွဲ့စည်းတည်ဆောက်ထားခဲ့တဲ့ ကျွန်းပါ။ ဘယ်သူမပြု မိမိမှုပေါ့နော်။ “နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်” လို့ ဟစ်အော်ကြွေးကြော်နေတာဟာ “အတိတ်ဘ၀တွေက အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ သစ္စာယွင်းပျက်ခဲ့ပါတယ်၊ ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်” လို့ ထုတ်ဖော်ဝန်ခံနေတာပါပဲ။ ကံတရားရဲ့ သဘာဝကို အကြောင်းအကျိုး ဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင် မယ်ဆိုရင်တော့ ကိုယ့်ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ် မမိုးသက်လှိုင်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်ဖြေသိမ့်နိုင်မယ်ထင်ပါရဲ့။ ဒါပေမဲ့ ခွင့်လွှတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး မမိုးသက်လှိုင်ရေ ....။ ကိုယ်ကြုံတွေ့နေရတဲ့ အဆိုးလောကဓံထဲကနေ အနှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ်ထွက်အောင် လုပ်ရပါဦးမယ်။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အတိတ်ကံ အကြောင်း တရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကို လုံးဝမချစ်ပါဘူး။ တခြားအမျိုးသမီး တစ်ယောက်နဲ့ မျက်နှာပြောင်တိုက်ပြီး လူမှုရေးဖောက်ပြန် နေပါတယ်။ ကိုယ့်ကို မချစ်လို့၊ ကိုယ့်အပေါ် သစ္စာမဲ့လို့ဆိုပြီး သူမက စိတ်လည်း မညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။ “လင်က မချစ်တော့ လင်နဲ့ အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့” လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။ အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကို အိမ်မှာနေ့စဉ်ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲ သောတာပန် အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။ “လင်က မပေါင်းချင်မှတော့ အိမ်မှာ နေလည်း အပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာအရှင်မလေး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ သူမရဲ့ခင်ပွန်းက သူမကို သိပ်ချစ်၊ သိပ်ကြင် နာနေမယ်ဆိုရင် အခုလို တရားအရသာ ခံစားခွင့်ရမှာမဟုတ်ပါဘူး။ယောက်ျားအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။ နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရနေမှတော့ ယောက်ျားအရသာဆုံးရှုံးခဲ့တာကို နှမြောတမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ် မကြင်နာတဲ့ ခင်ပွန်းသည်ကိုကျေးဇူးတင်စရာတောင် ကောင်းပါသေးတယ်။ သူတို့နှစ်ယောက်ပဲ ဘ၀တစ်ခုမှာ ဗြဟ္မဒတ်မင်းသားနဲ့ အသိတာဘူမင်းသမီးဆိုပြီး တော်ဝင်ဇနီးမောင်နှံဖြစ်ခဲ့ဖူးပါတယ်။ ဖခင်ဘုရင်ကြီးက အာဏာလုမှာစိုးရိမ်ပြီး တိုင်းပြည်က နှင်ထုတ်လိုက်လို့ သူတို့နှစ်ဦး ဘုရားအလောင်းတော်ရသေ့ သီတင်းသုံးရာ ဟိမ၀န္တာတောထဲမှာနေထိုင်ခဲ့ကြရပါတယ်။ တစ်နေ့တော့ သိပ်ချောသိပ်လှတဲ့ ကိန္နရီမလေးတစ်ဦးကို သစ်ခက်တဲနန်းအနီးမှာ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရပါတယ်။ ကိန္နရီမလေးကို မြင်မြင်ချင်း ချစ်မိသွားတဲ့ မင်းသားဟာ “မိဖုရားမြှောက်မယ်”ဆိုတဲ့ အကြံအစည်နဲ့ ကိန္နရီမလေးနောက် တကောက်ကောက် ပြေးလိုက်ပါတော့တယ်။မင်းသားရဲ့သစ္စာဖောက်မှုကို မြင်ရတဲ့ မင်းသမီးလည်း မင်းသားအပေါ် သံယောဇဉ်ပြတ်ပြီး ဘုရားလောင်းရသေ့ထံမှာ ကမ္မဋ္ဌာန်း သင်ယူအားထုတ် လိုက်တဲ့အတွက် တစ်ခဏချင်းအတွင်းမှာပဲ ဈာန်အဘိညာဉ်တွေ ရရှိသွားပါတယ်။တောကျွမ်းတဲ့ ကိန္နရီမလေးနဲ့ ခြေရာပြတ်ပြီး လက်လျှော့ပြန်လာတဲ့ မင်းသားကို ကောင်းကင်ပေါ်ကနေ နှုတ်ဆက်စကားပြောကြားပြီး ဝေးရာကို ပြေးခွာထွက်သွားပါတော့တယ်။ မင်းသမီးရဲ့ နှုတ်ဆက်စကားက ....

“တစ်ချိန်က “မောင်” လို့ အမြတ်တနိုးခေါ်ခဲ့ရတဲ့ မင်းသားရေ၊ရှင့်ရဲ့ သစ္စာမဲ့မှုကြောင့် ကျွန်မ ဈာန်ချမ်းသာ ရခဲ့ပါပြီ၊ တကယ်တော့ကျွန်မရဲ့ ဈာန်ချမ်းသာဟာ ရှင်ပေးတဲ့ချမ်းသာပါ၊ ဒီ့အတွက် ရှင့်ကိုကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်” “ဒါပေမယ့် တစ်ချိန်က ရှင့်အပေါ်ထားရှိခဲ့တဲ့ ကျွန်မရဲ့ အချစ်တွေ၊ ကျွန်မရဲ့သံယောဇဉ်တွေကတော့ ကျွန်မရဲ့ နှလုံးသားကနေ ပြုတ်ကျသွားခဲ့ပါပြီ၊ ကျွန်မရင်ထဲမှာ ရှင်မရှိတော့ပါဘူး။ လွှနဲ့အဖြတ်ခံရတဲ့ဆင်စွယ် ပြန်မဆက်နိုင်တော့သလို ရှင်နဲ့ကျွန်မ ကြားမှာရှိတဲ့ နှောင်ကြိုးတွေကိုလည်း ပြန်ဆက်လို့ မရနိုင်တော့ပါဘူး။ တစ်စစီ ကျိုးပဲ့ကြေမွခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျွန်မ နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်”အသိတာဘူမင်းသမီးရဲ့ နှုတ်ဆက်စကားကို ကြည့်ရင် သူမရဲ့ရင်ထဲမှာ သောကဆူးငြောင့် မကျန်ရစ်ခဲ့ဘူး၊ သူမရဲ့ စိတ်အစဉ်ဟာ ပူလောင်ခြင်းမရှိ၊ ပကတိအေးချမ်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ သာသနာပကာလမို့သာ ဈာန်ချမ်းသာနဲ့ပဲ ငြိမ်းအေးမှုရယူခဲ့ရတာပါ။ဒီလောက်ဆိုရင် မမိုးသက်လှိုင် အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ သိလောက်ပါပြီနော်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို “နောက်ဆုံးထွက်သက်အထိ ရူးသွပ်စွာ ချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့၊ သီချင်းတွေထဲကလို “ရက်စက်တတ်တဲ့မင်းရဲ့အနားမှာ ရက်စက်မှုတွေခံယူချင်တယ်” လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘ၀မှာ စိတ်ချမ်းသာဖို့နဲ့ ဖြစ်နိုင်ရင် ဘ၀လွတ်မြောက်မှု ရဖို့အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရှေးသူတော်ကောင်းတွေထုံး နှလုံးမူပြီး တရားနဲ့ မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပေါ့။ နှာသီးဝ လေထိရာအရပ် သတိကပ်ပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” လို့ ရှုမှတ်ရတဲ့အလုပ်ကတော့ သီးခြားထိုင်ရင်းနဲ့ရော၊ သွားရင်းလာရင်းရော လုပ်လို့ လွယ်ကူပါတယ်။ စွဲစွဲမြဲမြဲလုပ်ကြည့်ရင် စိတ်တွေအထူးအေးချမ်းလာမှာပါ။ သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ၊ ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊ ချစ်စရာ ဆယ်ခုရှိရင် သောက ဆယ်ခုရှိမယ်၊ ချစ်စရာ အများကြီးရှိရင်တော့ သောက အများကြီးရှိမယ်ပေါ့။ သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာ နည်းပါးသွားလေ၊ သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ။ ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။ အသုံးချတတ်သူတစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ .... လို့ ....။

အရှင်ဆန္ဒာဓိက


Wednesday 18 June 2008

kolin: ဓါတ်ပုံဆက်ရအောင်

kolin: ဓါတ်ပုံဆက်ရအောင်

Type your summary here

Type rest of the post here

ပရိသတ်ကြားတွင် စိတ်လွတ်လပ်ပေါ့ပါးစွာပြောဆိုနေထိုင်တတ်စေရန် နည်းလမ်း (၄) ရပ်

၁။ ရိုးသားပွင့်လင်းစွာ ပြောသည့်အလေ့အထကို မွေးမြူပါ။

၂။ ကြောက်သောအရာကို တစ်ထစ်ချင်း တစ်စချင်း ရင်ဆိုင်ပါ။

၃။ အဓိကအာရုံကို သူတစ်ပါးကို ရွှေ့ပြောင်းပေးပါ။ (တစ်ပါးသူအား စကားပြောဆိုခွင့်ပေးပါ။)

၎။ စိတ်လှုပ်ရှားမှုကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်ပါ။


အောင်မြင်မှုသူများတွင်တွေ့ရှိရသော အချက်များ

၁။ မိမိကို သတိပြုမိအောင် လုပ်ပြခြင်း

၂။ ပထမဆုံးပေးအပ်သည့်တာဝန်ကို လိုသည်ထက်ပို၍ ကျေပွန်အောင် ဆောင်ရွက်ခြင်း

၃။ မိမိလုပ်ငန်းနယ်ပယ်ကို ကျွမ်းကျင်နှံ့စပ်အောင်လေ့လာခြင်း

၎။ ဖြစ်ရမည် စိတ်ချဟု အာမခံရဲခြင်း

၅။ လုပ်ငန်းကိစ္စ၌ အမြဲစိတ်ထက်သန်မှုရှိခြင်း

၆။ ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်လုပ်ကိုင်တတ်ခြင်း

အထက်လူကြီးနှင့်အဆင်ပြေစေရန်နည်းလမ်း(၁၀)ရပ်

၁။ နားထောင်ပါ။

၂။ လိုရင်းတိုရှင်းပြောပါ။

၃။ သံတမန်နည်းပရိယာယ်မျိုး ကျင့်သုံးတတ်ပါစေ။

၎။ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းပါ။

၅။ အထက်လူကြီး၏ဂုဏ်ကို မြှင့်တင်ပါ။

၆။ အကောင်းမြင်တတ်ပါ။

ရ။ အလုပ်ခွင်ကို စောစောလာပါ။ နောက်ကျခံပြီး မပြန်ပါနှင့်။

၈။ ကတိတည်ပါစေ။

၉။ မိမိအထက်လူကြီးအကြောင်းကို သိအောင်ကြိုးစားပါ။

၁၀။ ရင်းနှီးလွန်းရင်လည်း မကောင်းပါ။



Thursday 12 June 2008

အသံအေးလေးနဲ့ တွေ့ဆုံကြမယ်



တရုတ်-မြန်မာ သီချင်းစာသား

聽見 冬天的離開
Ting jian Dong tian de li kai
ကြားလိုက်ရတယ် ဆောင်းတောင် ကုန်ပီ..
我在某年某月醒過來
Wo zai mou nian mou yue xing guo lai
ဒီလိုနဲ့ တစ်နေ့မှာ နိုးထလာတယ်
我想 我等 我期待
Wo xiang Wo deng Wo qi dai
စဉ်းစာနေတယ်၊ စောင့်နေတယ်၊ မျှော်လင့်နေတယ်၊
未來卻不能因此安排
Wei lai que bu neng yin ci an pa
အနာဂတ်ကိုတော့ စီစဉ်လို့မရဘူး

陰天 傍晚 車窗外
Yin tian Bang wan Che chuang wai
မိုးအုပ်တဲ့ ညတစ်ညမှာ ကားတစ်ခါးအပြင်မှာ
未來有一個人在等待
Wei lai you yi ge ren zai deng dai
လူတစ်ယေက်က အနာဂတ်မှာ စောင့်နေတယ်
向左 向右 向前看
Xiang zuo Xiang you Xiang qian kan
အမြဲတမ်း ရည်ရွယ်ချက်မရှိပဲ ရှာနေမိတယ်
愛要拐幾個彎才來
Ai yao guai ji ge wan cai lai
ငါ့ဆီ ဒီအချစ်က ဘယ်တော့များ ရောက်လာမလဲ။

我遇見誰 會有怎樣的對白
Wo yu jian shei Hui you zen yang de dui bai
အနာဂတ်က ချစ်သူနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ
ဘယ်သူက ငါ့ချစ်သူ ဖြစ်မှာလဲ
我等的人 他在多遠的未來
Wo deng de ren Ta zai duo yuan de wei lai
သူက အနာဂတ်ရဲ့ ဘယ်အကွာအဝေးမှာ ရှိနေလဲ
我聽見風 來自地鐵和人海
Wo ting jian feng Lai zi di tie he ren hai
ရထားဂိတ်မှာလို လူတွေ အများကြီးကြား
လေသံ ပြင်းပြင်းတွေ ငါကြားနေတယ်
我排著隊 拿著愛的號碼牌
Wo pai zhe dui Na zhe ai de hao ma pai
ငါကတော့ အချစ်ရဲ့ အလှည့်ကို စောင့်နေတယ်

我往前飛 飛過一片時間海
Wo wang qian fei Fei guo yi pian shi jian hai
ငါ့ရှေ့မှာရှိတဲ့ အချိန်ပင်လယ်ကြီးကို ဖြတ်ပြီး ပျံနေတယ်
我們也常在愛情裡受傷害
Wo men ye chang zai ai qing li shou shang hai
ငါတို့အားလုံးဟာ အချစ်ကြောင့် နာကျင်ကြရတယ်
我看著路 夢的入口有點窄
Wo kan zhe lu Meng de ru kou you dian zhai
အိမ်မက်ထဲကို ၀င်ဖို့ အမြဲလမ်းရှာနေတယ်
我遇見你是最美麗的意外
Wo yu jian ni shi zui mei li de yi wai
နင့်ကို တွေ့ရှိခဲ့တာ ငါ့ဘ၀ကို အရမ်းထူးခြားစေတယ်

終有一天 我的謎底會解
Zhong you yi tian Wo de mi di hui jie kai
တစ်ရက်ရက်ကျရင် ဒီပဟေဉိ အဖြေပေါ်လာမှာပါ။

သီချင်းသည် စိတ်ကို ကြည်နူးစေသည်။

Tuesday 10 June 2008

ဟာာာာာာာာာာာာာသ

၁ ။ " နတ်ပြည်ရောက်ထိုက်သူ "
ယမမင်းရှေ့ကို လူတစ်ယောက် စစ်ဆေးခံဖို့ ရောက်လာတယ်။
ယမမင်းက သူ့ရဲ့ကွန်ပျူတာထဲမှာ ဒီလူရဲ့ဖိုင်းကို ဖွင့်ကြည့်ပြီး အမိန့်ချတယ်။
'မောင်မင်းဟာအပြစ်အများကြီးလုပ်ခဲ့သူဖြစ်တယ် ။ ဒါကြောင့် ငါထွေထွေထူးထူး မပြောတော့ဘူး ။
ဒီအောက်က ငရဲစခန်းတွေမှာ ကိုယ်ကြိုက်တဲ့အခန်းဝင်ပြီးခံပေတော့ '
ဒီတော့ ငရဲခံရမယ့်သူက အထွန့်တက်တယ် ။
'ဟိုအပေါ်က အထပ်တွေကို သွားလို့မရဘူးလား..'
'ဟဘယ်ရမလဲကွ ၊ အဲ့ဒါကနတ်ပြည်လို့ခေါ်တယ် ။ လူးဘ၀မှာတုန်းက ဒါန ၊ သီလ ၊ ဘာဝနာနဲ့နေ
လာတဲ့ သူတွေကိုသာ ပို့တာကွ '
'ဟာ..ဒါဆိုရင် ကျွန်တော့်ကို အဲ့ဒီပို့ရမှာဗျ '
'ဘာဖြစ်လို့လဲ...'
'ထိုးအခါမှာတော့ လူငယ်ပြန်ပြောလိုက်တာကတော့...
ကျွန်တော်လည်း ဒါန ၊ သီလ ၊ ဘာဝနာ နဲ့နေတာပါ။
ကျွန်တော့် မိန်းမ သုံးယောက် နာမည်က မဒါနရယ် ၊ မသီလရယ် ၊ မဘာဝနာရယ်လေ... '

၂။ " သိလို့ "
မိုးရွာရွာ နေ့တစ်နေ့မှာ လိပ်သုံးကောင် မိုးခိုရင်း လက်ဖက်ရည် ၀င်သောက်သည် ။
အကြီးဆုံးလိပ်က အငယ်ဆုံးလိပ်အား..
'ဟေ့ကောင်မင်းပြန်ပြီး ပိုက်ဆံယူကွာ' ဟုခိုင်းလိုက်သည် ။
လိပ်ကလေးလည်း မသွားချင်ပါ..
'ထိုအခါ လိပ်ကလေးက ကျွန်တော်သွားရင် ကျွန်တော့် လက်ဖက်ရည် ကို ယူသောက်မှာလား '
'မသောက်ပါဘူးကွာ ။ စိတ်ချလက်ချသွားပါ ။ မြန်မြန်သာပြန်လာခဲ့ ။ '
ကျန်လိပ်နှစ်ကောင်းက ကတိပေးသည် ။
အငယ်ဆုံး လိပ်ကလေးကလည်း မသွားချင်သွားချင်နှင့် ထွက်သွားသည် ။
အချိန်ကာလ ၂ နှစ်ကြာသွားသည် ။ လိပ်ကလေးက ပေါ်မလား ။
'ဒါနဲ့ လိပ်ကြီးနှစ်ကောင်းက ဟိုကောင်းတော့ ခုထိမလာဘူး ။ သူ့လက်ဖက်ရည်ကို ငါတို့ တစ်ဝက်ဆီ
သောက်လိုက်ကြစို့ '
လိပ်ကြီး နှစ်ကောင်က တိုင်ပင်သည် ။
ထိုအခါ မှာတော့ တံခါး နောက်ကျယ်မှာ လိပ်ကလေး အသံထွက်လာကာ ပြောလိုက်သည်ကတော့..
'ခင်ဗျားတို့ အဲ့ဒီလိုလုပ်ရင် ကျွန်တော် မသွားတော့ဘူးနော် တဲ့..'


၃။ " မျက်စိကောင်းပုံ "
တရားရုံး တစ်ခုမှာ အမှုတစ်ခု စစ်ဆေးနေတုန်း ကျွန်ုပ်ရောက်သွားသည် ။
တရားခံရှေ့ကနေ တရားလိုပြ သက်သေကိုး မေးနေပါတယ် ။
'ခင်ဗျားက ကျွန်တော့ အမှုသည်ကို မျက်မြင်တွေ့ပါတယ်လို့ ပြောခဲ့တယ် ။
ခင်ဗျား ပြောခဲ့တာက ခင်ဗျားရေကန်ကြီးရဲ့ အလယ် လှေကလေးပေါ်မှာ ကျွန်တော့် အမှုသည်က
မိန်းခလေးကို မတရားပြုကျင့်နေတာကို မြင်ခဲ့ပါတယ်တဲ့ ။ ဟုတ်ပါသလား..'
'ဟုတ်ပါတယ်...'
'သေချာပါတယ်...'
'ရေကန်ကြီးဟာ နည်းနည်းနောနော မဟုတ်ဘူးနော် ။ စတုရန်းမိုင် လေးမိုင်လောက်ကျယ်တယ် ။
အဲ့ဒီရေကန် အလယ်က လှေကလေးပေါ်မှာ တွေ့တဲ့လူဟာ ကျွန်တော့် အမှုသည် ဟုတ်မဟုတ် ခင်
ဗျား တပ်အပ် ပြောနိုင်လောက်အောင် ခင်ဗျား မျက်စိကောင်းလို့လား..'
ဒီအခါ သက်သေက ပြန်ဖြေလိုက်တာကို ကျွန်တော်ကြားလိုက်ရတော့ ကျွန်တော်ပြုံးမိလိုက်ပါတယ် ။
သူပြောလိုက်တာကတော့..
'ဟာမျက်စိကောင်းတာကတော့မပြောနဲ့ ၊ ညမှောင်မည်းမည်းထဲမှာတောင် လကိုမြင်ရပါတယ် 'တဲ့ ။


၎ ။ " ဥာဏ်ကောင်းပေလို့ "
တစ်ခါတုန်းကပေါ့ ကရင်ကြီးတစ်ယောက် အရက်မှုးပြီး ညမှောင်မှောင်မှာ ပွဲဈေးတစ်ခုက တစ်ယောက်တည်း ပြန်လာတယ် ။
တစ်နေရာရောက်တော့ မည်းမည်း အပုံကြီးတစ်ခု နင်းမိမလို ဖြစ်တော့..
'အအား...ဘာလဲဝေ့..'
ဆိုပြီး ခုန်ကျော်လိုက်တယ် ။ ပြီးတော့ သက်ပြင်းချပြီး..
ဟင်း...တော်သေးတာပေါ့ ချေးပုံလားမသိဘူး တက်နင်းမိတော့မလို့ဆိုပြီး အရှေ့ဆက်လှမ်းသွားတော့ ။ နှစ်လှမ်း သုံးလှမ်း
လောက်ဆက်လှမ်းပြီးတော့ မျက်မှောင်ကျုံ့လိုက်တယ်..
'သြော်သြော် ချေးမှဟုတ်ရဲ့လားမသိဘူး..ပြန်ကြည့်ဦးမှ 'ဆိုပြီး ဇဝေဇ၀ါနဲ့ အပုံဆီပြန်လှည့်သွားသည် ။ ပြီးတော့ အပုံ
ကိုသေချာငုံ့ကြည့်တယ် ။
'အေး..ချေးလိုလို သနပ်ခါးလိုလိုနဲ့ဝေ့...'
လို့ရှေုရွတ်ပြီး အပုံပေါ်ကဖြုတ်တွေကိုလက်နဲ့ ခါယမ်းပြီးမောင်းထုတ်လိုက်တယ် ။ ပြီးတော့ နှာခေါင်းတစ်ရူံရူံနဲ့ အနံ့ခံကြည့်ပြီး
အေးလေကွာ...အနဲ့တော့ နံသလို မွှေးသလိုပဲဝေ့...ဘာလဲမသိ..သြော်သြော်..
ဆိုပြီ အပုံကို လက်ညှိးနဲ့ ထိုးကလော်လိုက်တယ် ။ ပြီးတော့ လက်မနဲ့ပွတ်ချေပြီး လရောင်နဲ့ ထောင်ကြည့်တယ် ။ ပြီးတော့မယုံ
သင်္ကာနဲ့..
'အေး...ချေးလိုလို သနပ်ခါးလိုလို...သြော်သြော်သေချာအောင်...'
ဆိုပြီး မသင်္ကာတာနဲ့ သေချာသွားအောင် ဆိုပြီးမှ ခုနက အပုံထဲ နီူက်ထားတဲ့ လက်ညှိုးကို လျှာနဲ့တို့ ကြည့်လိုက်တယ် ။ သေချာ
သွားမှလက်ကချေးတွေကို ခေါင်းကိုသုတ်လိုက်ပြီး အားရ၀မ်းသာ ရင်ခေါင်းသံကြီးနဲ့..
အေးမေ...ချေးမှာချေးစစ်စစ်ဟ..တော်သေးတာပေါ့..တက်နင်မိရင်ဖြင့် ခြေထောက်ပေနေဦးမယ် ။ ကံကောင်းတာပေါ့ဆိုပြီး
သူပြောလိုက်တာကတော့...' ငါဥာဏ်ကောင်းပေလို့ ' တဲ့ ။





၅။ "တရားကျနေပြီ"
တစ်နေ့မှာ အတော်လေးအသက်ရနေပြီဖြစ်သော အဖိုးအဖွား ဇနီးမောင်နှံဟာ အပျင်းပြေတီဗွီကြည့်ရင်း အဖွားအိုက စပြောလိုက်တယ်...
' အသက်အရွယ်လည်း ကြီးလာပြီနော်...မဟုတ်မမှန်တဲ့ ဖြစ်မှုတွေကို ကျှူးလွန်ဖို့မပြောနဲ့ စိတ်တောင်မကူးမိစေနဲ့' တဲ့ ။ အဖိုးအိုကပြန်
ပြောလိုက်တယ်...'စိတ်ချစမ်းပါကွာ...ကြော်ငြာကြည့်လို့ မော်ဒယ်ချောချောလေးတွေ တွေ့ရင်တောင် လူပ်ရင်လူပ်တယ်..ခါရင်ခါတယ်...
ခုန်ရင်ခုန်တယ်...လို့မှတ်ပြီး ကြည့်တာကွ မိန်းမမရဲ့တဲ့'...အဖွားအိုက စိတ်တိုသွားကာ ပြန်ပြောလိုက်တာကတော့...'ကျုပ်ကိုလည်းအဖွား
ကြီးဆိုပြီးမှ တရားမှတ်ပြီး ခုချိန်ထိပေါင်းနေတာပေါ့လေ' တဲ့...အဖိုးအိုကပြန်ပြောလိုက်တယ်...'ဒါပေါ့မိန်းမရ တရားကျနေပြီလေ 'တဲ့။

၆။ " မှားပါတယ်"
အစ်ကို့ကို တစ်ကယ်ချစ်လားတဲ့...ချစ်သူကောင်လေးက ကောင်မလေးကို မေးလိုက်ခြင်းဖြစ်သည် ။ ကောင်မလေးက ကောင်လေးကိုမေး
လိုက်ခြင်း ဖြစ်သည်။ ကောင်မလေးကလည်း အစ်ကိုကဘာအလုပ်တွေ လုပ်လည်းတဲ့...ဒါနဲ့ကောင်လေးကလည်း...'စကာင်္ပူနှစ်ခေါက် ၊ ဘင်္ဂ
လားဒေရှ်ငါးခေါက် ပြန်လာတာ'...ကောင်လေးကပြောလိုက်တော့ ပြောလို့မဆုံးသေးဘူး ကောင်မလေးက အစ်ကို့ကိုချစ်နေတာကြာပြီတဲ့...
အမြန်ဆုံး လက်ထပ်ကြမယ်နော် တဲ့...ထိုအခါကောင်လေးကလည်း ချစ်နေတာဆိုတော့လေ အားရ၀မ်းသာနဲ့ ချစ်သူစိတ်ကြိုက်ဖြစ်စေရမယ်
မနက်ဖြန်ဘဲ ရုံးမှာလက်မှတ်ထိုးကြမယ်တဲ့...ဒါနဲ့ကောင်မလေးကလည်း သဘောတူ နှစ်ဦးသဘောတူလက်ထပ်လိုက်ကြတယ်ပေါ့...ဒီလိုနဲ့
လာရင်း တစ်လလောက်ကြာလာတော့ ဇနီးဖြစ်သူက အစ်ကို အလုပ်မသွားတာ ကြာပြီနော်တဲ့..ထိုအချိန်မှာတော့..ခင်ပွန်းဖြစ်သူက ပြန်ပြော
လိုက်တာကတော့..'.စကာင်္ပူနှစ်ခေါက် ၊ ဘင်္ဂလားဒေ့ရှ်ငါးခေါက် ပြန်လာတာဆိုပေမယ့် သဘောင်္သားတော့ မဟုတ်ဘူး မုန်တိုင်းမိပြီး ပြန်လာတဲ့
တံငါသည်ပါလို့ အစကတည်းက ပြောမလိုပါ မင်းကအချိန်မပေး လို့ပါ ' တဲ့ ။

ရ။ " အားကိုးပါတယ် "
တစ်နေ့မှာ မိန်းမတစ်ယောက်က အိမ်မှာ သူခိုး အဖောက်ခံရတာနဲ့ နာမည်ကြီးရှေ့နေ တစ်ယောက်ဆီ သွားတယ် ။ အမှုအပ်ခြင်လို့ပါတဲ့...
ဖောက်ထွင်းခံရတဲ့ အထဲမှာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါသွားလို့ပါ တဲ့ ။ ရှေ့နေကပြန်မေးတယ် ဘယ်လောက်အရေးကြီးတဲ့ စာ၇ွက်
စာတမ်းတွေပါသွားလို့လည်း တဲ့ ... ဖောက်ထွင်းခံရတဲ့ အထဲမှာအရေးကြီးတဲ့ စာရွက်စာတမ်းတွေ တစ်ခြားတော့မဟုတ်ပါဘူးရှင် ။ ' သမီးရည်း
စား ဘ၀ထဲက ကျွန်မယောကျာ်းက သားမှတ်မှတ် မယာမှတ်မှတ် ရိုးမြေကျ လုပ်ကိုင်ကျွေးမွေးပါ့မယ်ဆိုတဲ့...ကတိပြုစာရွက်ပါသွားလို့' အာစ
ရိရယ် ။ ဆရာလိုက်တဲ့ အမှုတွေ တစ်ခါမှ မရူံးဖူးသေးဘူးလို့ ဆိုတာကြားလို့လာခဲ့တာပါ ။ ဒီအမှုလေးကို နိုင်အောင်လိုက်ပေး ပါရှင်အားကိုးပါ
တယ်တဲ့ ။ ရှေ့နေက ပြန်ပြောလိုက်တာကတော့..'ဟုတ်ပါတယ်ဗျာ...ကျွန်ကတော့မရူံးပါဘူး...ကျုပ်အမှုသည်တွေသာ...ရှုံးသွားကြတာပါ'တဲ့။

၈။ " ရှက်လွန်းလို့ကွ "
တစ်ခါက သူခိုးတစ်ယောက် ရှိသတဲ့...သူကအရမ်းနာမည်ကြီးပြီး အရမ်းလည်းလျှင်တော့လေ ဘယ်သူကမမဖမ်းနိုင်ဘူးဖြစ်နေတာပေါ့ ။တစ်နေ့
တော့ ခိုးပြီးထွက်ပြေးလာတာ မောမောနဲ့ အပင်တစ်ပေင်ရဲ့ အောက်မှာအိပ်မလို့ လှဲလိုက်တယ် ။ ကျွန်ုပ်သင်၏ ကိုယ်စောင့်နတ်ဖြစ်တော့သတည်း
ဆိုပြီးတော့ ကိုယ်ရောင်ပြလိုက်တယ်...'ဟာပွတာပဲ...ကျုပ်ကိုမ...မလို့လားဟင် 'လို့ပြောလိုက်တော့ နတ်ကပြန်ပြောလိုက်တာကတော့...'ဖနောင့်
နဲ့ပေါက်မလို့လေ နင့်ကိုယ်စောင့်ရတာ ငါရှက်လွန်းလို့ကွ' တဲ့ ။

၉။ " အစားမတော်တစ်လုပ်"
ဟဲ့ဟဲ့...ဆိုပြီးလှမ်းခေါ်နေသော အသံ ဖြစ်သည် ။ ခေါ်သံကြားသဖြင့် အမျိုးသမီးက လှည့်ကြည့်လိုက်တော့ အိမ်နားက အိမ်နီးချင်း အမျိုးသမီးတစ်
ယောက်၏ ခေါ်သံဖြစ်နေသည် ။ ညဉ်းယောကျာ်းရော မတွေ့တာကြာပေါ့ နင်ရောနေကောင်းလားတဲ့...မိတ်တွေဖြစ်သူမိန်းမတစ်ယောက်ကမေးလိုက်
သည် ။ ထိုအခါမှာတော့...'သူ့ကို အမြဲပြောပါတယ်ရှင်...အစားမတော်တစ်လုပ်ဆိုတာ သိရက်နဲ့ အစားမှ မဆင်ခြင်တဲ့ဟာကို '..ဟင်...ဒါဖြင့် ဆေးရုံ
ရောက်နေရောပေါ့နော် ။ မဟုတ်ဘူးအစ်မ ဆိုပြီးပြန်ဖြေလိုက်တာကတော့ဒီလို...'ထောင်ထဲရောက်နေတာအစ်မ 'တဲ့ ။

၁၀။ " ထိုင်ခုံရှာနည်း "
ရုပ်ရှင်ရုံထဲမှာ မှောင်နေသည် ။ ရုပ်ရှင်ကပြနေပြီ ဖြစ်သည် ။' ဒီမှာခင်ဗျာ စောစောက ကျွန်တော်တို့ အထွက်မှာ ခြေထောက်ပေါ် တက်နင်းသွားမိပါ
သလား ခင်ဗျာ' ဟိုစမ်းစမ်း ဒီစမ်းစမ်းနှင့် သူ၏ထိုင်ခုံကို ပြန်ဝင်လာသူက မေးလိုက်သည် ။ အနင်းခံလိုက်ရသောသူကတော့ စိတ်တိုတို ဒေါပွပွနှင့်' ဟု
တ်တယ် နင်းသွားတယ် 'ဟုပြန်ပြောလိုက်သည် ။ ထိုအခါ မေးသူက နောက်သို့ လှည့်ကာ ပြောလိုက် သည်မှာတော့...'အချစ်ရေလာ..ဒါကိုတို့ခုံတန်း
အမှန်ဘဲ' တဲ့ ။
ကြားတယ်