ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 27 August 2012

ညမဖတ်ရ (ကြောက်တတ်သူများမဖတ်ရ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေသည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ဒေါင်းစိန်၏ဂ
အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။


ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံး သိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ဒါပေါ့အစ်ကိုရယ်… ယောကျာင်္းလေးတို့ရဲ့ အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာ ရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဦးကိုအမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှူရှိကြပြီး အချစ်ကြီးချစ်ခဲ့ကြသော ယာဉ်မောင်းသမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာ ပင်လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့် ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန်ကလဲအိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအားစီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည်၊ သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်။

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲ လိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။ သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်။

“ဒီနေ့တော့ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသော မျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊ အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့သူ့မိန်းမကလွဲရင်ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက်သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။ သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများ တိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟုဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကိုဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့ အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲ ထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။ မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့် ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင် အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီး ကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့မနက်တွင် နန်းစင်ချို တစ်ယောက်သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံးမရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းကြောင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန်အူကြချင်းဖြစ်သည် နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာ နင်တို့အ သိပဲလေ။ ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်က ကျသေတဲ့နေရာကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့် စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊ မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏ အိမ်သို့ချဉ်းကပ်လိုက်သည်။ မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့် ၀င်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့ မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကို ဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများ ဖြစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်။

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူးဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ်သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့

စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကိုအကြောင်းကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန်နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့ တင်လိုက်ကြသည်။

“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့သည်။

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့် အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည် ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင် မလိုတော့။

ထိုနေ့ ထိုရက်များမှစပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏။

မူရင်းလင့်ခ် monicakyaw ထံမှပြန်လည်ကူးယူဖော်ပြပေးထားသည်။

Sunday 26 August 2012

လေနဲ.မောင်းမဲ့ကား လာပါပြီ


အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ ဖြစ်ပါတယ်။

ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကိုအသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။ လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။


ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ် မောင်းနှင်ဖို့ လေကို ဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့ တာတာ အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ လျှပ်စစ်ကားဆိုရင် ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ ဖြစ်နေပါတယ်။ ဒါကြောင့် အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed) လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod ကားအတွက် တာတာက ဈေးနှုန်းတောင် သက်မှတ်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဘီးသုံးဘီးပါပြီး လူ ၃ဦး စီးနိုင်တဲ့ ယင်းကားကို ဥရောပ၊ အမေရိက၊ အာရှ ကမ္ဘာတစ်လွှား ဖြန့်ချိနိုင်ဖို့ တာတာမှ မျော်မှန်ထားပါတယ်။

ကားအလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက်ကြည့်ရှနိုင်ပါတယ်။
မူရင်းလင့်ခ် monicakyaw ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

Friday 24 August 2012

ရေကြီးနေသော ရန်ကုန်


စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်း အနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်းမှ ကွန်ကရစ်များဖြင့် ပိတ်ဆို့ထားမှု ရှိနေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်လျှက်ရှိသောကြောင့် အေးရှားဝေါလ်ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြသည့် ရပ်ကွက်နေ လူထုကို ယခု (သြဂုတ်လ ၂၄ ရက်) ည ၈ နာရီကျော်က တွေ့ရစဉ်။

ရန်ကုန်မြို့ တာမွေအ၀ိုင်းထိပ်တွင် ကားများ သွားလာနေမှုကို ယနေ့ ညနေပိုင်းက မြင်တွေ့ရစဉ်။
မူရင်းလင့်ခ် monicakyaw ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

Wednesday 22 August 2012

တောသူမလေးနှင့် ကြည်ပြာရောင်နှလံုးသားတို့၏ ရွှေအင်တာဗျူးအစီအစဉ်


http://api.ning.com/files/HrlfYBbt94SH*rjkKkCeEZQDjsnuQaPWkbH8SD8PHR*q1XOME0-qBzbfT3NyyIPqeMSI7Fh-bBn-MSLdktLAzB-U4MhiZAHQ/01jg052UkWI.gif
ရွှေမိသားစုကြီးအားလုံး မင်္ဂလာပါရှင့်
ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့် (ကြည်ပြာရောင်နှလုံးသား)လို့ အမည်ရတဲ့ ရွှေမိသားစုဝင်တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစမှ အစ်ကိုကြည်ပြာရဲ့ အကြောင်းတစေ့တစောင်းလေးကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ အစ်ကိုကြည်ပြာကို မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။

http://friends18.com/img/divider/0051.gif

   http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရေ မင်္ဂလာပါရှင်! ညီမလေးတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးကဏ္ဍလေးအတွက် အစ်ကိုကို အင်တာဗျူးလေး မေးချင်လို့ပါရှင်။

 http://www.virtuallandmedia.com/a5/6/a.gifhttp://www.virtuallandmedia.com/a5/6/a.gif
မင်္ဂလာပါခင်ဗျာ.... ဟုတ်ကဲ့မေးပါခင်ဗျာ.. ဖြေနိုင်တာကိုပြောပါ့မယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ပထမဦးဆုံးအနေနဲ့ ရွှေမြန်မာဥယျာဉ်ထဲက မန်ဘာဝင်မိသားစုကြီးအားလုံးကို အစ်ကိုရဲ့ နာမည်အရင်းလေးနဲ့ မိတ်ဆက်ပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gifhttp://www.virtuallandmedia.com/a5/6/a.gif
ဟုတ်ကဲ့ ကျနော့်ရဲ့ နာမည်အရင်းကတော့ မောင်ကျော်လှိုင်ပါခင်ဗျာ.... ရွှေမြန်မာဥယျာဉ်ရဲ့မန်ဘာဝင်အားလုံးကို ခင်မင်လေးစားပါတယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိရှင်သန်နေထိုင်နေတဲ့ နေရာလေးကိုလည်း
 ရွှေမိသားစုကြီးကို ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော့်ဇာတိက ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ဒုံကနိကျေးရွာ ဖြစ်ပါတယ်… ကျနော် ယခုလက်ရှိနေထိုင်နေတာက မလေးရှားနိုင်ငံ ပူချုန်းမြို့မှာပါ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ မိသားစုလေးနဲ့လည်း ရွှေမိသားစုကြီးကို မိတ်ဆက်ပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
မိသားစု ငါးယောက်ပါ… ကျနော်အမေရယ်၊ အမရယ်၊ ဦးလေးရယ်၊ အဒေါ်ရယ်၊ ကျနော်ရယ်ပေါ့... အဖေကတော့ မြောက်ဥက္ကလာပါမှာ နေပါတယ်။

http://friends18.com/img/divider/0051.gif


  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲမှာ (ကြည်ပြာရောင်နှလုံးသား)လို့ အမည်ရတဲ့ နာမည်လေးကို စွဲမြဲစွာနဲ့ သုံးဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကြည်ပြာရောင်နှလုံးသားဆိုတာ သီချင်းထဲကနာမည်လေးပါ… အဲသီချင်းကို ကျနော် အရမ်းကြိုက်နေချိန် ရွှေမြန်မာဆိုက်ကို ၀င်ဖြစ်ခဲ့ပါတယ်… ဒီနာမည်လေးနဲ့ပဲ ``မသင်္ကာလို့´´ဆိုတဲ့ ဟာသတစ်ပုဒ် ရေးဖြစ်ရင်းကစလို့ ဒီနာမည်ကို စွဲစွဲမြဲမြဲသုံးဖြစ်ခဲ့တာပါ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ယခုလက်ရှိ အစ်ကိုမှာ ဘ၀လက်တွဲဖော်(သို့) ချစ်ရသူရှိနေပြီလား၊ တစ်ကယ်လို့မရှိသေးဖူးဆိုရင် အစ်ကိုရဲ့ ဘ၀လက်တွဲဖော်ကို ဘယ်လိုပုံစံမျိုးလေး ရွေးချယ်မယ်ဆိုတာလေးလည်း ပြောပြပေးပါအုံးလားရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘ၀လက်တွဲဖော်က ရှိနေပြီးသားပါ... သူကလည်းကျနော့ ဇာတိရွာကပါပဲ... ရည်းစားသက်တမ်း အခုဆိုရင် (၁၅)နှစ် ရှိနေပါပြီ... သူက အရမ်းကို သိမ်မွေ့နူးညံ့တယ်… တည်ကြည်လေးနက်တယ်… နောက်ကျနော့အပေါ်ကိုလည်း လေးစားချစ်ခင်တယ်... အရပ်ရှည်တယ်… အဲဒါတွေက ကျနော်ရွေးချယ်မဲ့ ပုံရိပ်တွေဖြစ်လို့ ကျနော့ဆန္ဒနဲ့လည်း ထပ်တူကျပါတယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ လက်ရှိရှင်သန်နေထိုင်နေရတဲ့ ဘ၀ပုံစံနဲ့ အစ်ကို့ရင်ထဲမှာဆန္ဒရှိတဲ့ ဘ၀ပုံစံလေးက ဘယ်လိုလေးလည်းဆိုတာရယ် ဘ၀နဲ့ဆန္ဒထပ်တူကျရဲ့လား ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
သူများနိုင်ငံမှာ အလုပ်လုပ်ရတာဆိုတော့ ကိုယ့်မိခင်နိုင်ငံလောက်တော့ ဘယ်ပြည့်စုံလေးနက်မှုရှိပါ့မလဲ... အထူးသဖြင့် စိတ်ခံစားမှုနဲ့ ပတ်သက်လို့ပေါ့... မလေးကိုစရောက်တော့ အသက်က (၁၇) ပဲရှိပါသေးတယ်... ဘာဆိုဘာမှကို မသိသေးပါဘူး… ကျောင်းတက်နေရင်းတန်းလန်းနဲ့ လူကြုံရှိလို့အမဖြစ်သူက (၂)နှစ်ပဲနေဆိုပြီး မလေးကိုလွှတ်လိုက်တာ…နေရင်းနေရင်နဲ့ ခုဆိုရင် (၉၆)ကဆိုတော့ (၁၆)နှစ်ပေါ့... နှစ်ခေါက်ပြန်လည်ပြီးသွားပါပြီ... အလုပ်မျိုးစုံကိုလည်း လုပ်ခဲ့ဖူးသလို ဒုက္ခပေါင်းစုံကိုလည်း ကြုံခဲ့ဖူးပါတယ်… သုခတွေလည်းခံစားဖူးပါတယ်... အခုလက်ရှိနေနေတဲ့ နေရာပူချုန်းမှာတော့ အေးချမ်းတည်ငြိမ်မှုရတယ်လို့ဆိုရမှာပါ... ငွေလည်းစုနိုင်တယ်… အသက်အရွယ်ပဲရလာလို့လားမသိဘူး.. ပေါင်းသင်းဆက်ဆံရေး တွေလည်း အဆင်ပြေလာတယ်... ကျနော်က အေးအေးချမ်းချမ်းလေးနဲ့ နေရတာကို ပိုသဘောကျပါတယ်… ရှိတာ\မရှိတာထက် စိတ်ချမ်းသာဖို့ကိုပဲ အဓိကထားပါတယ်... ဆန္ဒနဲ့ဘ၀ထပ်တူကျဖို့ မကြိုးစားပါဘူး... ဖြစ်လာတဲ့အပေါ်မှာ စိတ်ကျေနပ်တတ်အောင် နေနိုင်ဖို့ပဲ ကြိုးစားပါတယ်... ဒါကြောင့်ထပ်တူကျသည်ဖြစ်စေ မကျသည်ဖြစ်စေ အဆင်ပြေနေပါတယ်... လုပ်ယူလို့ရလာတဲ့ အရာဟာ... အတုသာဖြစ်တယ်လို့ ခံယူထားတယ်လေ... ဆန္ဒနဲ့ဘ၀ထပ်တူကျတယ်လို့ပဲ ဆိုရမှာပါပဲ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲကို အစ်ကိုစရောက်ဖြစ်ခဲ့ပုံလေးနဲ့ ဥယျာဉ်လေးထဲမှာ စာပေတွေရေးသားဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်အိမ်က ဘော်ဒါတယောက်က လက်တော့ ရောင်းချင်တယ်ပြောလို့ ၀ယ်မဲ့သူရောက်လာတဲ့အထဲမှာ ကိုဒီမွန်ပါလာပါတယ်... ဆော့ဝဲတစ်ခုသူ့ကိုမေးရင်းက သူဝင်ထားတဲ့ ရွှေမြန်မာဥယျာဉ်ဆိုက်ကိုဝင်မိတာကစလို့ ဟာသလေးတွေရေး ပိုစ့်တွေဖတ် ကွန်မန်းတွေပေးရင်းနဲ့ပဲ ရွှေမြန်မာဥယျာဉ်ဆိုက်ကို သံယောဇဉ်ဖြစ်လာတယ်လေ...  အဲဒီနောက် မှတ်သားထားသမျှ ဟာသတိုလေးတွေရေးတင်… ဘာသာရေးဆောင်းပါ၊ ကဗျာ၊ နောက်ပိုင်း ရေးထားပြီးသား ၀ထ္ထုတိုလေးတွေတင်ရင်နဲ့ စားပေလောကထဲ ၀င်ရောက်ခဲ့တာပါ... လိုင်းပေါ်မတက်ခင်ကတဲက ရေးထားတဲ့စာတွေရှိပြီးသားပါ... ဘာရယ်လို့မဟုတ်ဘူး... သူများတွေရေးသလို ရေးလို့ရသလားဆိုပြီး စမ်းကြည့်တဲ့သဘောနဲ့ ရေးခဲ့တာပါ... လုံးချင်းဝထ္ထုရှည်တစ်ပုဒ်လည်း ရေးထားတာ ရှိပါတယ်… နောက်ရေးထားတဲ့ ၀ထ္ထုတိုတွေလည်း လေးငါးခုလောက် ရှိပါတယ်... အဲအထဲမှာ ရွှေဆိုက်ကိုတင်ခဲ့တဲ့ ၀ထ္ထုတစ်ပုဒ်က စာမျက်နှာ (၁၄)မျက်နှာရှိပါတယ်... (ဒိုင်ပဲဂွကြီးနဲ့ ပုရွဲဆိတ်ကုန်း) ဆိုတာပါ... တခြား ၀ထ္ထုတိုတွေက စာမျက်နှာ အဲလောက်မများပါဘူး... အဲဒီလိုကိုယ်ရေးပြီးသားတွေကို စမ်းတင်ရင်းက ရွှေဆိုက်မှာစာတွေ  ရေးဖြစ်သွားခဲ့တာပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ညီမတို့ ရွှေမြန်မာဥယျာဉ်လေးကို အစ်ကိုရဲ့အမြင်နဲ့ အစ်ကိုရင်ထဲမှာဖြစ်ပေါ် ခံစားရတဲ့ ခံစားချက်အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေမြန်မာဥယျာဉ်လေးက ကျနော်အတွက် စာပေတွေ ရေးချင်စိတ်ဖြစ်ပေါ်လာအောင် မြေတောင်မြှောက်ခဲ့တဲ့ ဆိုဒ်ကလေးပါ... ဒီရွှေဆိုက်လေးမှာ နေရတာပျော်တယ်… အားလုံးကလည်း ချစ်ချစ်ခင်ခင်နဲ့ ရင်နှီးဖော်ရွေကြပါတယ်… မိန်းချက်ထဲမှာလည်း ရိုင်းစိုင်းတာတို့ ဘာတို့မတွေ့ရဘူး... တခြားဆိုက်တွေနဲ့လည်း မတူဘူး... ယဉ်ကျေးတယ်လို့ ပြောရမယ်... စာပေကိုလည်း ချစ်မြတ်နိုးကြပါတယ်... ဒီဆိုက်လေးမှာနေရတာ အရမ်းကို ၀မ်းသာပီတိဖြစ်ရပါတယ်... ဆိုက်ကောင်းလေး တစ်ခုပါပဲလို့ ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုအနေနဲ့ ဘယ်လိုစာပေကဏ္ဍအမျိုးအစားတွေကို ဖတ်ရူရတာဝါသနာပါပြီး ဘယ်လိုစာပေမျိုးတွေကို ရေးသားရတာကို အားရကျေနပ်မိသလဲဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘာသာရေးစာပေတွေ ဖတ်ရတာကိုဝါသနာပါပြီးတော့ ဘယာနကရသစာပေတွေကို ရေးရတာကို အားရကျေနပ်မိပါတယ်... ဂမ္ဘီရပေါ့။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မူနဲ့ ဘာသာရေးစာပေတွေအပေါ်မှာ အစ်ကိုဖတ်ရူ ခံစားသိရှိရတဲ့ အတွေးအမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘာသာတရားကို ကျနော်လေးစားမြတ်နိုးပါတယ်... ဘုရားကိုကြည်ညိုရင် ဘုရားစကားနားထောင်ရမယ်လို့ သိထားပါတယ်... ဒါကြောင့် ငါးပါးသီလကို လုံအောင်လည်း စောင့်ထိန်းပါတယ်... သုံးပါးကတော့ လွတ်လွတ်ကျွတ်ကျွတ်ရပါတယ်… ကျန်တဲ့နှစ်ပါးကတော့ ရတဲ့အခါလည်းရသလို မရတဲ့အခါလည်းမရတတ်ပါဘူး... မြန်မာပြည်ပြန်လည်တုန်းက မဟာဗုဒ္ဓ၀င် ခြောက်တွဲရှစ်အုပ်ကြီးကို ၀ယ်ချလာတယ်လေ.. လေးလလောက်ဖတ်ယူရတယ်... ဘာသာရေးစာပေတွေ ဖတ်လိုက်ရတာ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးကိုတိုးပွားစေပါတယ်... ဗုဒ္ဓစာပေတွေက လိုလို့ပြန်နှုတ်လိုက်ရတယ် ပိုလို့လျှော့လိုက်ရတယ် ဆိုတာမရှိပါဘူး... တိကျမှန်ကန်တဲ့ ဘ၀အမြင်တွေကို ပေးပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရေးတဲ့စာပေတွေကို ဖတ်ရူအားပေးနေတဲ့ ရွှေမိသားစုကြီးအတွက် အစ်ကို့ရဲ့ ရင်ထဲကဖြစ်ပေါ်လာတဲ့ ဖြစ်စေချင်တဲ့ ဆန္ဒစကားလေးပြောပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်ရေးတဲ့ စာတွေဖတ်ပြီး ကြည်နူးဝမ်းမြောက်ကြပါစေ... အသိဥာဏ်တွေတိုးပွားပါစေ... အမှားအမှန်ကို ခွဲခြားနားလည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
လူတိုင်းမှာ ၀ါသနာကိုယ်စီရှိကြတယ်ဆိုတော့ အနုပညာ၊ စာပေ၊ ဂီတ အစရှိသဖြင့် အစ်ကိုဘယ်လိုပညာရပ်တွေမှာ ၀ါသနာပါသလဲဆိုတာလေးလည်း သိပါရစေရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်ဝါသနာပါတာက  အနုပညာနဲ့ပတ်သက်တာတွေအားလုံးလို့ပဲပြောရမယ်... သီချင်ဆိုရင် ကိုယ်တိုင်ရေးပြီးဆိုတယ်... အပုဒ်(၂၀)ရှိတယ်... စီးဒီထုတ်ဖို့မဟုတ်ဘူး ဟိ…ဟိ.. (ရယ်လျက်) စမ်းကြည့်တာ... အဲဒါကို ပိုဝါသနာပါပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုအနေနဲ့ ရွှေမြန်မာဥယျာဉ်ထဲမှာ ကဗျာတွေကို အများဆုံးရေးဖြစ်တာကို တွေ့ရတဲ့အတွက် ကဗျာတွေရေးသားရတဲ့အပေါ် အစ်ကိုရဲ့ ခံစားချက် စိတ်ကူးနဲ့ အတွေးအမြင်လေးကိုလည်း သိပါရစေရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကဗျာတွေရေးရင် အလုပ်ထဲမှာ ရေးတာများပါတယ်… မုထည့်ပြီးရေးပါတယ်... နိုင်ငံအတွက် ဘာသာအတွက်ဆိုရင်တော့ မုထည့်တာခဏနဲ့ရပါတယ်… အချစ်ကဗျာဆိုရင်တော့ မုထည့်ရတာကြာတယ်... အလွမ်းဓာတ်ခံနည်းနေလို့လား မသိဘူး… ဟိ…ဟိ.. (ရယ်လျက်) နောက်ဆုံးမရရင် တယောက်ယောက်ကို ခံစားရင်းစိတ်ညွှတ်ပြီး ရေးပစ်လိုက်တယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် လူတစ်ယောက်အတွက် ဘယ်လိုကျင့်ကြံရှင်သန်နေထိုင်မှ လူ့ဂုဏ်သိက္ခာကိုစောင့်ထိန်းနိုင်တဲ့ လူပီသတဲ့သူတစ်ယောက် ဖြစ်နိုင်မလဲဆိုတဲ့ အစ်ကိုရဲ့ ခံယူချက်အတွေးအမြင် လေးကိုလည်း ရွှေမိသားစုကြီး အတုယူမှတ်သားရအောင် ပြောပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
လောကမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုကိုယ်လည်းအကျိုးပြု အများအတွက်လည်းအကျိုးပြု စေနိုင်မဲ့အကြောင်းတွေကို လုပ်ရင်းနဲ့ လူပီသအောင်နေကြပါလို့ ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ဘ၀မှာ လူရယ်လို့ဖြစ်လာရင် အခက်အခဲတွေ အနဲနဲ့အများတော့ သူသူငါငါ ရင်ဆိုင်ကြုံတွေ့ နေကြရတာပဲဆိုတော့ အဲ့ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့အခါ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ အခက်အခဲတွေကြားကနေ ကျော်လွှားဖြတ်သန်းခဲ့သလဲ? ကျော်လွှားဖြတ်သန်းကြရမလဲ ဆိုတာလေးကိုလည်း ရွှေမန်ဘာဝင်များအားလုံးအတွက် ပညာပေးစကားလေးအနေနဲ့ ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
အခက်အခဲဆိုတာ ကြုံတွေခဲ့ကြသူတွေချည်းပါပဲ... အဲ့ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် အကြောင်းအကျိုးဆင်ခြင်နိုင်မဲ့ ဥာဏ်လေးရှိထားသင့်တယ်လို့ ယူဆပါတယ်... အရင်မလိုပဲ စိတ်ကိုအေးဆေးတည်ငြိမ်အောင်ထားပြီး ပြဿနာကို သိမ်မွေ့နူးညံစွာ ဖြေရှင်းရင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်ထင်ပါတယ်... အဲလိုစိတ်ကိုတည်ငြိမ်နိုင်ဖို့ စိတ်လေ့ကျင့်ခန်းလုပ်ထားသင့်ပါတယ်... ဒါမှ အခက်အခဲရဲ့ လောကဓံတရားတွေကို ကြံကြံခံနိုင်မှာပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုဘ၀မှာ စိတ်အညစ်ဆုံးအချိန်နဲ့ အပျော်ဆုံးအချိန်တွေမှာ ဘယ်လိုအပြုအမူမျိုးတွေ ပြုလုပ်တက်သလဲဆိုတာကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စိတ်အညစ်ဆုံးအချိန်မှာ ဘာသာရေးအကြောင်းတွေကိုပြောရင်းနဲ့ စိတ်ဖြေပါတယ်... အပျော်ဆုံးအချိန်မှာ ဂစ်တာတီးပြီး သီချင်းဆိုပစ်လိုက်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲမှ ၀ါသနာရှင် စာပေချစ်သူ ညီအစ်ကို မောင်နှမတွေ အားလုံးအတွက် အစ်ကိုရဲ့ အားပေးစကားလေးကိုလည်း ပြောကြားပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စာရေးမကြောက်ကြပါနဲ့… စာရေးတတ်ဖို့ စာများများရေးခြင်းသာ အဓိကလို့အပ်ပါတယ်... ကိုယ့်မြန်မာစာကိုယ်ရေးတာ တခြားဘာသာနဲ့ရေးတာ မဟုတ်ဘူးလို့ ခံယူပြီးရေးကြပါ... ကျနော်လည်း အဲလိုသဘောထားပြီးရေးပါတယ်... ရွှေဆိုက်မန်ဘာအားလုံးကို အခုပြုလုပ်ထားတဲ့ စာပေပြိုင်ပွဲလေးကိုလည်း ပါဝင်လက်သွေးကြပါလို့ ဖိတ်ခေါ်ပါတယ်… အားပေးစောင့်မျှော်နေလျှက်ပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်အပေါ် ယခုလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ အက်ဒမင်တွေနဲ့ မန်ဘာဝင်တွေအားလုံးအတွက် လိုအပ်မယ်ထင်တဲ့ အကြံဉာဏ်လေးများရှိရင် ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေရဲ့အက်ဒမင်အားလုံးဟာ... စိတ်ရင်းကောင်းကြသူတွေဖြစ်ပါတယ်... ကိုယ့်ထမင်းကိုယ်စားပြီး အများအတွက် အလုပ်လုပ်ပေးနေကြလို့ လေးစားချီးကျူးမိပါတယ်… စာရေးချင်သူတွေရဲ့ အကျိုးကိုသယ်ပိုးပေးကြလို့ ကျနော်အနေနဲ့လည်း ကျေးဇူးအထူးတင်မိပါတယ်... ရွှေဆိုက်မှာ စာပေဟောပြောပွဲ အသံဖိုင်လေးတွေ လိုချင်သူယူနိုင်အောင် တင်ထားပေးရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။

http://friends18.com/img/divider/0051.gif


  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်မှာ အပမ်းဖြေနေကြတဲ့ ရွှေမိသားစုကြီးအတွက်  အစ်ကိုရဲ့ ရင်ထဲမှာစွဲမြဲပြီး လက်တွေ့ကျင့်သုံးနေတဲ့ ဆောင်ပုဒ်လေးများရှိရင် ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စာမှမဟုတ်ပါဘူး ဘယ်အရာပဲဖြစ်ဖြစ် ဖတ်တတ်အောင်သင်ထားပါ… ``သင်သာဖတ်တတ်မယ်ဆိုရင် လူတိုင်းဟာ သင့်အတွက် ဖတ်စာအုပ်တွေပါပဲ´´ လို့ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြတဲ့ ရွှေမိသားစုကြီးအတွက် နူတ်ဆက်စကားလက်ဆောင်လေး ပြောပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
အခုလိုကျနော်ရဲ့အင်တာဗျူးအစီအစဉ်လေးကိုဖတ်ရှုပ်အားပေးကြသူ ရွှေမန်ဘာအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စိတ်ရဲ့သခင်ဖြစ်အောင် ကြိုးစားနိုင်သူတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
၂၂။ အခုလိုရွှေမြန်မာဥယျာဉ် အင်တာဗျူး အစီအစဉ်လေးဖြစ်မြောက်ရေးအတွက် ညီမလေး မေးမြန်းသမျှကို စိတ်ရှည်သည်းခံပြီး အချိန်ပေးဖြေကြားပေးခဲ့တဲ့ ရွှေမိသားစုဝင် အစ်ကို (ကြည်ပြာရောင်နှလုံးသား)ကို ရွှေအက်ဒမင်နှင့် ရွှေမန်ဘာဝင်များအားလုံးကိုယ်စား တောသူမလေးမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျွန်တော်ကလည်း ရွှေအက်ဒမင်များနှင့်အတူ ရွှေမိသားစုကြီးအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် အစ်ကို ကြည်ပြာရောင်နှလုံးသားရဲ့ အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။



http://friends18.com/img/divider/0051.gif
http://api.ning.com/files/HrlfYBbt94SH*rjkKkCeEZQDjsnuQaPWkbH8SD8PHR*q1XOME0-qBzbfT3NyyIPqeMSI7Fh-bBn-MSLdktLAzB-U4MhiZAHQ/01jg052UkWI.gif
ရွှေမိသားစုကြီးအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
http://www.virtuallandmedia.com/a5/27/h1.gifhttp://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/v1.gifhttp://www.virtuallandmedia.com/a5/27/e1.gif  http://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/n1.gifhttp://www.virtuallandmedia.com/a5/27/c1.gifhttp://www.virtuallandmedia.com/a5/27/e1.gif http://www.virtuallandmedia.com/a5/27/d1.gifhttp://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/y1.gif