ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 29 April 2012

ပဋိစ္စသမုပ္ပါဒ်သိမြင်

ဆက်ပြီးရူတဲ့အခါ အကြောင်းအကျိုးဆက်တွေကို တွေ့လာပါလိမ့်မယ်။ ပြီးတော့ ပဋိစ္စသမုပ္ပါဒ်တရားကွင်းဆက်တွေ ထင်ရှားသိမြင်တော်မူလာပါတယ်။ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ” အမှန်ကို မသိမူကြောင့် သင်္ခါရတွေ ဖြစ်ကြရပါတယ်။ စိတ်ရဲ့အပေါ်ပိုင်းဖြစ်တဲ့ သိစိတ်နဲ့ နားလည်ကြပါတယ်။ အတွင်းပိုင်းဖြစ်တဲ့ မသိစိတ်ကတော့ မှောင်အတိကျနေပြီး အမြင်မှန်ကို မသိကြရပါဘူး။

တုံ့ပြန်မူတွေလုပ်ပြီး သင်္ခါရတွေပွားနေတာကို မသိကြပါဘူး၊ အ၀ိဇ္ဇာ အမိုက်မှောင်ထုကြီးကြောင့် သင်္ခါရတွေ အဆက်မပြတ်ပွားနေကြပါတယ်။ ဒီကနေ ကွင်းဆက်တစ်ခုပြီးတစ်ခု ဖြစ်လာတော့တာပါပဲ။

“သင်္ခါရပစ္စယော ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဧရာမရဏံ၊ သောကပရိဒေ၀ဒုက္ခဒေါမနဿု ပါယာသာ သမ္ဘ၀န္တိ။ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” = အမှန်မသိမူ အ၀ိဇ္ဇာကြောင့် ဒုက္ခတွေပွားလိုက်တာ ပွားလိုက်တာ တောင်ပုံယာပုံ၊ မြတ်စွာဘုရားက ဘာဝနာမယ ဉာဏ်တော်ဖြင့် တရားကို ရူရင်းရူရင်းနဲ့ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းဖြစ်တဲ့ မသိစိတ်နဲ့ တွေ့ထိသွားပြီး အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကြောင့် လိုချင်တောင့်တမူ တဏှာလောဘတွေ ဖြစ်ရခြင်းအကြောင်းကို ပညာဖြင့် သိမြင်တော်မူပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဝေဒနာကြောင့် လိုချင်မူဖြစ်

“ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အတိုင်း ဝေဒနာအဆင့် ဝေဒနာကွင်းဆက်မှာ လိုချင်တပ်မက်မူ တဏှာနဲ့ မလိုချင်မုန်းထားမူ ဒေါသတို့ဖြစ်ရခြင်းရဲ့ အကြောင်းဖြစ်ပါတယ်။ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ”လို့ ဟောတော်မူထားသည့်အတိုင်း ခံစားမူ ဖြစ်ပေါ်လာတဲ့အခါ နှောင်ဖွဲ့မူဟာ စတင်ဖြစ်တော့တာပါပဲ။ မြတ်စွာဘုရားတွေ့ရှိတဲ့ အလင်းရောင်ဟာဒါပါပဲ။


ရှေးက တစ်ခါဖူးမှ မကြားဖူးခဲ့ရတဲ့တရား မသိခဲ့ရဘူးတဲ့တရားကို သိခဲ့ရရှိခဲ့ရခြင်းဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဥပေက္ခာနဲ့ ရူနေရင် နာကျင်မူမဟုတ်ပါ

ဒီဖြစ်ပျက်နေခြင်းကို ယောဂီတို့က ဘာဝနာမယဉာဏ်နဲ့ ၀ိပဿနာအမြင်နဲ့ လက်တွေ့ခံစားကြရပြီဆိုတော့ “ယဒါ ပညာယပဿတိ”ဆိုတာပါပဲ။ “အထ နိဗ္ဗိန္ဒတိ ဒုက္ခေ = ဆင်းရဲခြင်းဒုက္ခတွေက ယောဂီတို့အတွက် မရှိတော့ပါဘူး။ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေဟာ ခန္ဓာကိုယ်ပေါ်မှာရှိနေပေမယ့် ဥပေက္ခာနဲ့ ရူနေမယ်ဆိုရင် သူတို့ဟာ ယောဂီတို့အတွက် နာကျင်မူမဟုတ်ပါဘူး။ နာနေပေမယ့်လို့ နာတယ်လို့ စိတ်ကသောကတွေ မဖြစ်ရတော့ပါဘူး။


ဒီလိုဖြစ်ရတာဟာ ယောဂီတို့က ကိုယ့်စိတ်ကိုယ် အိပ်ငွေ့ချထားသလို လုပ်ထားတာလဲ မဟုတ်ပါဘူး။ ဝေဒနာတွေရဲ့ မမြဲတဲ့တရားကို ကိုယ်တွေ့ခံစားကြရတော့ သူတို့ကို ခုံမင်တွယ်တာမူလဲ မရှိတော့ပါဘူး၊ မလိုမုန်းထားမူလဲ မရှိတော့ပါဘူး။ ဓာတ်သဘာဝတွေက သူတို့သဘောသူတို့ ဆောင်ပြီးဖြစ်ပျက်နေကြတာပဲလို့ သိလာပြီဆိုရင် စိတ်ရဲ့အကျင့်ဟောင်းတွေ အစွဲတွေထဲက တဖြည်းဖြည်းလွတ်မြောက် လာကြပြီး စိတ်ရဲ့သန့်ရှင်းစင်ကြယ်စေခြင်း လုပ်ငန်းကိုစတင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


မနှစ်သက်တာ မတွယ်တာတာ မလိုလားတာ မုန်းတီးတာတွေကို တုံ့ပြန်နေကြမယ်ဆိုရင် ကောင်းကံ ဆိုးကံ သင်္ခါရတွေဟာလဲ ပွားသထက်ပွား များသထက်များလာတော့ ကိလေသာအညစ်အကြေးတွေလည်း များများလာပြီး ဆင်းရဲခြင်းဒုက္ခတွေကလဲ ပွားများလာကြမှာ ဖြစ်ပါတယ်။ ကိလေသာအညစ်အကြေးတွေ နောက်ထပ် မပွားတော့ဘူးဆိုရင် ဘ၀ဘ၀တွေက စုပုံပြီး သယ်ဆောင်လာခဲ့တဲ့ ကိလေသာအဟောင်းတွေ ကံဟောင်း ကံကြွေးတွေဟာ စိတ်ရဲ့အပေါ်ယံပိုင်းမှာ ပေါ်ထွက်လာကြပြီး ချုပ်ငြိမ်းချုပ်ငြိမ်းသွားကြပါလိမ့်မယ်။ မြတ်စွာဘုရားက “ဧက မဂ္ဂေါ ၀ိသုဒ္ဓိယာ”လို့ ဟောထားခဲ့ပါတယ်။


ယောဂီတိုီ့ဟာ ဝေဒနာတွေကို ဥပေက္ခာနဲ့ ရူနိုင်လေလေ တုံ့ပြန်မူမလုပ်လေလေ ကံဟောင်းကံကြွေးတွေ ကိလေသာ အညစ်အကြေးတွေက လွတ်ကင်းလေလေ စိတ်ဟာ စင်ကြယ်လာလေလေ ဖြစ်ပါတယ်။ သုတမယဉာဏ် စိန္တာမယဉာဏ်နဲ့သာ ဥပေက္ခာရူနေမယ် အနိစ္စကိုနားလည်နေမယ်ဆိုရင်တော့ စိတ်ရဲ့ အပေါ်ယံပိုင်းကိုသာ သန့်ရှင်းစင်ကြယ်စေပါတယ်။ ကောင်းတန်သလောက်တော့ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းကတော့ တုံ့ပြန်နေတုန်းပါပဲ။ သင်္ခါရတွေ ပွားများနေတုန်းပါပဲ။ ဒုက္ခတွေပွားများနေတုန်း ဖြစ်ပါတယ်။ ဒုက္ခနယ်ထဲက မထွက်နိုင်သေးပါဘူး။


စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ထိတွေ့ပြီဆိုရင်တော့ သိမ်မွေ့ဝေဒနာတွေကို ခံစားရပြီး ဒီသိမ်မွေ့တဲ့ ဝေဒနာတွေကို ဥပေက္ခာနဲ့ ရှာနေဖို့ဟာ မြတ်စွာဘုရား၏ ညွှန့်ကြားချက်၊ ဘုရား၏ တရားတော်ဖြစ်ပါတယ်။ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းက ကိလေသာ အညစ်အကြေးတွေ ကံကြွေး ကံဟောင်းတွေကို အကုန်အစင် အမြစ်ပြတ် နုတ်ထုတ်ပစ်လိုက်နိုင်မှသာ ယောဂီတို့ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပြီး လုံးဝလွတ်မြောက်ခြင်း ရကြမှာဖြစ်ပါတယ်။ ဒါကြောင့် ထိတွေ့မူဝေဒနာတွေကို အထူးအရေးပေးပြီး အရင်းခံထားခြင်းဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ခန္ဓာပေါ်မှာ ဖြစ်ပျက်နေမူကို သိရှိခံစား

ခန္ဒာကိုယ်ရဲ့ ခံစားမူတွေကို လက်တွေ့အားထုတ်လိုက်လို့ သိလာကြတဲ့အခါ စိတ်တခုလုံးဟာ ပျက်စီးနေတာ ယိုယွင်းနေတာတွေအပေါ် အာရုံစူးစိုက်ကြည့်လိုက်တဲ့အခါ ယောဂီတို့ကိုယ်တိုင် ထင်ထင်ရှားရှား သိရှိလာကြပါလိမ့်မယ်။ ဖြစ်လာတာ ပေါ်လာတာ ပျောက်သွားတာ ပျက်သွားတာတွေကို သိရှိခံစားနေရပါလိမ့်မယ်။


အမှန်တရားကို ကိုယ်တိုင်မြင်တွေ့နေရခြင်းပါပဲ။ အလုံးစုံသောအရာတွေဟာ ဖြစ်ပျက် ဖြစ်ပျက်မမြဲတဲ့ အနိစ္စပဲဆိုတာကို ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာတွေအဖြစ်နဲ့ ဖြစ်ပျက်နေမူတွေကို ယောဂီတို့က ကိုယ်တိုင်သိရှိ ခံစားနိုင်ဖို့ရာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အစိုင်အခဲဖြစ်တဲ့ ပြင်းထန်တဲ့ဝေဒနာတွေဟာလည်း အနိစ္စပါပဲ။ ပေါ်လာလိုက် ခဏတည်နေလိုက် ပြီးတော့သူတို့လဲ ချုပ်ငြိမ်းသွားကြတာပါပဲ။ ဖြစ်တယ်၊ တည်နေတယ်၊ ပျက်တယ်၊ ဖြစ်တည်ပျက်၊ ဖြစ်တည်ပျက်၊ ဥပါဒ်ဌီဘင်၊ ဥပါဒ်ဌီဘင်၊ ဖြစ်ဆဲ တည်ဆဲ ပျက်ဆဲ တရားသဘောတွေ ပေါ်ပေါက်လာကြပါလိမ့်မယ်။


သိမ်မွေ့ဝေဒနာတွေလိုတော့ အခုချက်ချင်းပျောက်သွားကြတာ မဟုတ်သေးပေမယ့် ဖြစ်ပြီးအချိန်အနည်းငယ်တည်နေပြီး နောက်ဆုံးကျတော့ ချုပ်ငြိမ်းပျက်စီးသွားကြရတာပါပဲ။ ယောဂီတို့ တရားကျင့်နေစဉ်မှာ ဒုက္ခဝေဒနာဖြစ်တဲ့ ကြမ်းတမ်းဝေဒနာတွေရဲ့ နာကျင် ကိုက်ခဲမူ လေးလံမူတွေကို တုံ့ပြန်မူမလုပ်ဘဲ ခပ်ခွာခွာ စိတ်ထားပြီး ဆက်လက်ပြီး ရူရုံမျှသာရူသွားလျှင် တစ်ချိန်ကျတော့ ဒီခံစားရမူအစိုင်အခဲတွေအားလုံး ပျောက်ကွယ်သွားကြပြီး အနာအကျင်တွေ လျော့ပါးပြီး သိမ်မွေ့ဝေဒနာတွေကို လိုင်းကလေးတွေလို တုန်ခါမူကလေးတွေလို တွေ့ထိခံစားနိုင်လာကြပါလိမ့်မယ်။ ဒီအင်မတန် သိမ်မွေ့တဲ့ငြိမ့်ညောင်းတဲ့ လိုင်းကလေးတွေလို ဝေဒနာလေးတွေကလဲ မမြဲကြပါဘူး။ သူတို့လည်းဖြစ်ပြီးပျက် ဖြစ်ပြီးပျက်တွေပါဘဲ။ ဘယ်ဝေဒနာမှ မမြဲပါဘူး။ မပြောင်းလဲဘဲ မနေနိုင်ပါဘူး။ ဖြစ်ပျက်သဘောတွေပါပဲ။


ကြမ်းတမ်းဝေဒနာနဲ့ သိမ်မွေ့ဝေဒနာ ခြားနားမူကတော့ ကြမ်းတမ်းဝေဒနာဟာ ဖြစ်ပေါ်ပြီးအချိန် အနည်းငယ်နေပြီးမှ ချုပ်ငြိမ်းပျောက်ကွယ်သွားပါတယ်။ သိမ်မွေ့ဝေဒနာ လိုင်းကလေးတွေကတော့ ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက်ချက်ချင်းပဲ ချုပ်ငြိမ်းသွားကြတာချည်းပါပဲ။ ဖြစ်တာပျက်တာက မြန်လွန်းအားကြီးတော့ အရှိန်အဟုန်ကကောင်းအားကြီးတော့ ဖြစ်နေတာ တည်နေတာကိုတောင် မတွေ့ရတော့ပါဘူး။ သူတို့ ၂-မျိုးရဲ့ ဂုဏ်အင်္ဂါလက္ခဏာကတော့ အတူတူပါပဲ။ သဘာဝက ဖြစ်ချုပ် ဖြစ်ချုပ်ပါပဲ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သင်္ခါရအားလုံးမမြဲ

(မြတ်စွာဘုရားကဟောကြားခဲ့တာ ရှိပါတယ်)

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂါ ၀ိသုဒ္ဓိယာ။

ဒီလမ်းစဉ်ဟာစိတ်ရဲ့ သန့်ရှင်းခြင်း လမ်းစဉ်ဖြစ်ပါတယ်။



ကိလေသာအညစ်အကြေးတွေက လွတ်မြောက်ပြီး သန့်ရှင်းစင်ကြယ်ခြင်းလမ်းစဉ် သဗ္ဗေသင်္ခါရာ အနိစ္စာတိ အလုံးစုံသော သင်္ခါရတရားတွေဟာ အနိစ္စချည်းပါပဲ။ ဖြစ်ပေါ်လာကြပြီး ချုပ်ငြိမ်းချုပ်ငြိမ်းသွားကြပါတယ်။ ပျောက်ပျောက်သွားကြ၊ လောင်ကျွမ်းသွားကြပါတယ်။


သင်္ခါရဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်ကျယ်ပြန့်ပါတယ်။ နာမ်ခန္ဓာအပိုင်းကိုပြောစဉ်က စိတ်ရဲ့ အပိုင်းကြီး ၄-ပိုင်းထဲမှာ သင်္ခါရအကြောင်းကို ပြောပြပြီးခဲ့ပြီးပါပြီ။ စိတ်ရဲ့ စတုတ္ထအပိုင်း နောက်ဆုံးအပိုင်းဖြစ်တဲ့ အကျိုးပေါ်ပေါက်ပုံအတိုင်း တုံ့ပြန်လုပ်တဲ့ စိတ်အပိုင်း တန်ပြန်ဖြစ်စေတဲ့၊ မျိုးစေ့ဖြစ်စေတဲ့ စိတ်အပိုင်းဖြစ်ပါတယ်။ မျိုးစေ့အလိုက် အသီးသီးပါလိမ့်မယ်။ ဒါကြောင့်မျိုးစေ့ဖြစ်တဲ့ သင်္ခါရအမူတစ်ခုကို လုပ်လိုက်ပြီးသီးလာတဲ့ အသီးဖြစ်ပေါ်လာတဲ့ ကုသိုလ် အကုသိုလ်တွေကိုလည်း သင်္ခါရလို့ပဲခေါ်ပါတယ်။ လောကမှာစုပုံပြီး စုရုံးပြီးဖြစ်လာသမျှတွေဟာ သင်္ခါရတွေပဲဖြစ်ပါတယ်။ ဘယ်အရာပဲမဆို စုရုံးပြီး ဖြစ်လာလျှင် ဒီအရာဟာ ပြိုကွဲရမှာ မလွဲပါဘူး။


ဒီလိုပါပဲ။ လုပ်ဆောင်မူတစ်ခုက ဖြစ်ပေါ်လာတဲ့ အကျိုးဟာလည်း အားလုံးမမြဲကြပါဘူး။ အားလုံးကုန်သော သင်္ခါရတရားတွေဟာ မမြဲတဲ့တရားတွေချည်းပါပဲ။ အနိစ္စ တွေချည်းပါပဲ။ ဒီအမှန်တရားကို ယောဂီတို့က ဒါဟာဖြင့် ဘုရားဟောလို့ပဲ ကျမ်းဂန်လာလို့ပဲလို့ ဦးနှောက်အသိဉာဏ်နဲ့ သုတမယ၊ စိန္တာမယဉာဏ်နဲ့ သိကြပြီး လက်ခံကြရုံမျှနဲ့တော့ ၀ိသုဒ္ဓိမဂ္ဂ-သန့်ရှင်းရေးလမ်းစဉ် မဟုတ်သေးပါဘူး။ ကြည်ညိုစိတ်သက်သက်နဲ့ လက်ခံထားတာကိုး ယောဂီတို့က ကိုယ်တိုင်ကိုယ်တွေ့ လက်တွေ့ ဘာဝနာမယဉာဏ်နဲ့ တွေ့ထိခံစားပြီး သိနိုင်မှသာ ယဒါပညာယ ပဿတိ=ဒီဟာ လက်တွေ့ တွေ့ကြုံရမယ့် သိရမယ့်တရား၊ တကယ်ဖြစ်လို့ ကိုယ်တိုင်တွေ့ကြုံရမယ့် အခြင်းအရာတွေဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဉာဏ်စေစားလို့ ပေါ်လာတာဖြစ်ပြီး ယုံကြည်ကိုးကွယ်တဲ့ စိတ်ကြောင့် လက်ခံတဲ့အယူပဲ ဖြစ်ပါလိမ့်မယ်။ လက်တွေ့တရား အစစ်အမှန်တော့ မဟုတ်သေးပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အဆိုးမြင်သမား၊ အကောင်းမြင်သမားနှင့် လက်တွေ့သမား

အဆိုးမြင်သမား
ပုံကလေးတစ်ပုံ ပြောပြပါဦးမယ်။ မိခင်တစ်ဦးက သူ့ရဲ့သားငယ်ကို ပုလင်းလွတ်တစ်လုံး ငွေတစ်ဆယ်ပေးပြီး ဆီသွားဝယ်ခိုင်းပါတယ်။ ၀ယ်ပြီးပြန်အလာမှာ ပုလင်းကလွတ်ကျသွားပြီး ဆီတစ်ဝက်လောက်က ဖိတ်စင်သွားပါတယ်။ သားငယ်ကလေးက ကျန်တဲ့ဆီတစ်ဝက်နဲ့ ပုလင်းကို ကောက်ယူပြီး ငိုယိုပြီး အိမ်ပြန်လာပါတယ်။



“အမေရယ်ဆီတွေ တစ်ဝက်လောက်တော့ ဖိတ်ကုန်ပြီဆိုပြီး ဖိတ်သွားတဲ့ ဆီတစ်ဝက်ကို ငိုကြွေးနေပါတယ်။ သူကတော့ အဆိုးဘက်ကိုသာ မြင်တတ်တဲ့ ကြည့်တတ်တဲ့ အဆိုးမြင်သမားလေးကို။

အကောင်းမြင်သမား
မိခင်က နောက်သားတစ်ယောက်ကို နောက်ပုလင်းလွတ်တစ်လုံးနဲ့ ငွေတစ်ဆယ်ပေးပြီး ဆီသွားဝယ်ခိုင်းပြန်ပါတယ်။ ဒီသူငယ်ကလေးကလည်း သူ့အစ်ကိုလိုပဲ ပုလင်းလွတ်ကျသွားပြီး ဆီတွေတစ်ဝက်လောက်ဟာ ဖိတ်ကုန်ပြန်ပါတယ်။ ဒါပေမယ့် သူကတော့ မငိုပါဘူး။ ပြုံးပြုံးရွှင်ရွှင်နဲ့ ပုလင်းကို ကောက်ယူပြီး အိမ်ပြန်လာပါတယ်။


“အမေရေ ပုလင်းလွတ်ကျလို့ ဆီတစ်ဝက်လောက် ဖိတ်ကျသွားပါတယ်။ ဒါပေမယ့် တော်ပါသေးရဲ့ အမေရယ် အကုန်ဖိတ်မသွားဘူး။ တစ်ဝက်လောက်တော့ ကျန်ပါသေးတယ်။” ကျန်နေသေးတဲ့ တစ်ဝက်အတွက် ၀မ်းသာနေပါတယ်၊ သားနှစ်ယောက်စလုံးဟာ ဖြစ်ပုံကတော့ အတူတူပါပဲ။ တစ်ဝက် ဖိတ်တယ်။ တစ်ဝက် ကျန်တယ်။ တစ်ယောက်ကတော့ ဖိတ်သွားတဲ့ တစ်ဝက်အတွက် စိတ်မကောင်းဖြစ်ပြီး ငိုနေပေမဲ့လို့ တစ်ယောက်က ကျန်ရှိနေတဲ့တ၀က်ကို ၀မ်းသာပြီးပြုံးနေပါတယ်။ သူကတော့အကောင်းဘက်ကို မြင်တတ်တာကိုး။


လက်တွေ့လုပ် ၀ိပဿနာသမား
တစ်ခါမိခင်လုပ်သူက တတိယသားတစ်ယောက်ကိုခေါ်ပြီး ပုလင်းလွတ်တစ်လုံး ငွေတစ်ဆယ်နဲ့ ဆီအ၀ယ်လွှတ်လိုက်ပြန်ပါတယ်။ ဒီသူငယ်လေးကလည်း ပုလင်းလွတ်ကျပြီး ဆီတစ်ဝက်ဖိတ်ကျပြန်ပါတယ်။ သူကလည်း မငိုပါဘူး။ အိမ်ပြန်လာပြီး “အမေရေ ဆီတစ်ဝက်တော့ ဖိတ်သွားပါတယ်။ တစ်ဝက်တော့ ကျန်နေပါသေးတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် သူကတော့ ၀ိပဿနာသူငယ်ကိုး။ အကောင်းမြင်တတ်တဲ့ သဘောနဲ့ ပါးစပ်က ပြောရုံတင်မကပါဘူး။ တကယ်လည်း သဘာဝကျကျ စဉ်းစားတတ်ပါတယ်။


ဒီတော့သူကမငိုရုံ ပြောနေရုံသာမဟုတ်ဘူး။ ဖြစ်ပျက်အမှန်ကို လက်တွေ့လည်းသိပါတယ်။ လက်တွေ့လည်း လုပ်ကိုင်ဆောင်ရွက်ပါတယ်ဆိုတော့ မှန်ပါတယ်၊ ဆီတစ်ဝက် ကျန်နေပါသေးတယ်။ တခြားတစ်ဝက်ကတော့ ဖိတ်စင်သွားပါတယ်။ ဒီတော့ ဖိတ်စင်သွားတဲ့ တစ်ဝက်ကိုရအောင် ပြန်ဖြည့်မှဆိုပြီး အလုပ်တစ်ခုသွားလုပ်ပြီး ငွေ ၅-ကျပ်ရအောင်ရှာပြီး ပုလင်းပြည့်လာအောင် ပြန်ဖြည့်ပေးပါတယ်။ သူကမှ တကယ့် အလုပ်သမား ဖြစ်ပါတယ်။ ၀ိပဿနာသမားပါပဲ။


လောကမှာ ပူဆွေးနေဖို့ ငိုကြွေးနေဖို့အားငယ်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရည်မှန်းချက်နဲ့ စိတ်အားထက်သန်စွာနဲ့ အဟုတ်အမှန်အတိုင်း ကြိုးစားအလုပ်လုပ်ဖို့ရာ ဖြစ်ပါတယ်။ အလုပ်ကို တစ်ကယ်လုပ်ဖို့ရာက အင်မတန် အရေးကြီးပါတယ်။ ယောဂီတို့ ဒီကို အခုလာကြတာဟာ အလုပ်လုပ်ကြဖို့ လာကြတာပဲ မဟုတ်လား။ မျှော်မှန်းနေရုံ စိတ်ထက်သန်နေရုံနဲ့ မရသေးပါဘူး။ တကယ့်လက်တွေ့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ၄-ရက်မှာ နည်းလမ်းကျကျနဲ့ အားစိုက်ပြီး အလုပ်လုပ်ကြပါ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကောင်းမွန်တဲ့လမ်းစဉ်ကျင့်ထုံး

ညပိုင်းတွေမှာ တရားဓမ္မစကားဟောပြောတာ တွေကြားရတော့ တချို့ ယောဂီအသစ်တွေက နားထောင်ပြီး “အင်း သူတို့ရဲ့ တရားဓမ္မကလည်း ဆင်းရဲဒုက္ခအကြောင်းတွေပဲ ကြားနေရတော့ ဒီကမ္ဘာလောကကြီးကလည်း ဒုက္ခကြီးပါပဲလား။ မွေဒုက္ခ၊ နာဒုက္ခ၊ အိုဒုက္ခ၊ သေဒုက္ခ၊ ဟိုဒုက္ခနဲ့ သူ့တရားကလည်း စိတ်ညစ်စရာကြီးပဲ။


စိတ်ချမ်းသာချင်လို့ ရိပ်သာကို လာပါတယ်။ ဒီကျမှ စိတ်ညစ်စရာအကြောင်းတွေပဲ ကြားနေ ရပါတယ်။ ဒီလမ်းစဉ်ဟာဖြင့် ဒီနည်းနိဿယဟာဖြင့် ကောင်းမယ်မထင်ပါဘူး”လို့ အောက်မေ့မိ တတ်ကြပါတယ်။ အမြင်မှားမိတတ်ကြပါတယ်။ ဒီတရားက ဒုက္ခတွေ အကြောင်းကို ပြောဟောနေပြီး၊ ဒုက္ခလွတ်မြောက်နိုင်တဲ့ အကြောင်းမရှိဘူး၊ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး၊ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ပါဘူး။ တစ်သက်ပြီးတစ်သက် တစ်ဘ၀ပြီးတစ်ဘ၀ ဒုက္ခတွေသာ ဆက်ဆက်ပြီးတော့ ခံကြပေတော့ဆိုလျှင်တော့ ဟုတ်ပါတယ်။ စိတ်ညစ်စရာကြီးပါပဲ။ စိတ်ညစ်စရာတရားပါပဲ။ လိုက်နာကျင့်သုံးစရာလဲ မရှိတဲ့တရားပေါ့။


ဒါပေမယ့် ဒီတရားညွှန်ပြတာကတော့ ဒုက္ခဆိုတာ အမှန်တကယ်ရှိပါတယ်။ ငြင်းလို့မရပါဘူး။ ဒါကလောကရဲ့ ဖြစ်ရိုးဖြစ်စဉ်တရားပါပဲ။ ဒီနည်းအတိုင်း လိုက်နာကျင့်သုံးပါရင် အခုဒုက္ခတွေက လွတ်မြောက်နိုင်ပါတယ်လို့ အတိအလင်းပြောထားတာဆိုတော့ ဒီတရား၊ ဒီလမ်းစဉ်၊ ဒီကျင့်ထုံးဟာ အင်မတန် ကောင်းတဲ့ မွန်မြတ်တဲ့ လိုက်နာဖို့ရာ အထူးသင့်တဲ့ တရားဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဆဋ္ဌမနေ့ဓမ္မဒေသနာ

ကမ္မဋ္ဌာန်းနည်းမှန်ဖို့လို
တရားပတ်မှာ ၆-ရက်တော့ ကုန်ဆုံးသွားပါပြီ။ ယောဂီတို့ ဆက်လက်ပြီး တရားအားထုတ်ဖို့ရာ နောက်ထပ် ၄- ရက်သာပဲ ကျန်ပါတော့တယ်။ အဲဒီကျန်တဲ့ ၄-ရက်ကို လေးလေးနက်နက် အင်တိုက်အားတိုက် ကြိုးကြိုးစားစားနည်းမှန်လမ်းမှန်နဲ့ အားထုတ်နေပေမယ့်လို့ ကမ္မဋ္ဌာန်းနည်းမမှန်လျှင်တော့ သိပ်ပြီးအကျိုးဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ ကျင့်ရကျိုးနပ်ဖို့ရန်မှာ နည်းလမ်းမှန်ဖို့ရာ လိုပါတယ်။



ဒါကြောင့် ယောဂီတို့စိတ်ထဲမှာ နည်းနာနိဿယရဲ့ လမ်းစဉ်နဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေ မရှိစေရပါဘူး။ မရှင်းလင်းတာ ယုံမှားသံသယဖြစ်နေစရာတွေရှိလျှင် လမ်းမှားတွေ လျှောက်လိုက် ကုန်ကြပြီး ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးတွေ လွတ်ကုန်ကြမှာဖြစ်လို့ လမ်းစဉ်အမှန်ကို သေချာကျနစွာ တိကျပြတ်သားစွာ နားလည်ဖို့ရန် လိုပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Friday 20 April 2012

တိုက်တွန်းချက်နဲ့ ဆုပေး


ယောဂီတို့ဆီမှာ ၀ိပဿနာ ဆပ်ပြာခဲတွေ ရှိနေကြပြီပဲ။ ကိလေသာ အညစ်အကြေးတွေကို လျှော်ဖွတ်ကြပါ။ များများလျှော်ဖွတ်လေလေ အညစ်အကြေးတွေ များများစင်ကြယ် လေလေ ဖြစ်ပါတယ်။ ယောဂီတို့ရရှိတဲ့အချိန် ရရှိတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး ဒုက္ခနယ်ထဲက အနှောင်အဖွဲ့တွေထဲက အညစ်အကြေးတွေထဲက ထွက်ခဲ့ကြပြီး အေးငြိမ်းမူအစစ် ဘာဝနာမယဉာဏ်နဲ့ ဆက်လက်ကျင့်သုံးကြပြီး သံသရာဘေးက လွတ်မြောက်ကြဖို့ရာ ကြိုးစားကြပါ။





ယောဂီတွေအားလုံး ကာယသုခ စိတ္တသုခနှစ်ပါးလုံးနဲ့ မြဲကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည်ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဘုရားရှင်၏ ဥဒါန်းစကားတော်


မြတ်စွာဘုရားဟာ ဒီလိုကျင့်ပြီး ဒုက္ခတွေအားလုံး ကင်းစင်ပြီး ဒုက္ခနယ်ထဲက လွတ်မြောက် သွားတော်မူတဲ့အခါမှ ဥဒါန်းကျူးရင့်တဲ့စကားတွေက ၀ိပဿနာ တရားအားထုတ်ကျင့်ကြံနေတဲ့ သူတွေတိုင်းတွက် အင်မတန် သွန်သင်စရာ နိုးဆော်စရာကောင်းတာပါပဲ။


“အနေက ဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။”

ဘုရားဖြစ်တော်မူတဲ့ညမှာ မြတ်စွာဘုရားလောင်းလျာဟာ ညဦးယံကစပြီး တရားကိုရူတော့ စိတ်ဓါတ်ဟာ သန့်ရှင်းစင်ကြယ်လာလိုက်တာ စိတ်ထဲမှာ အညစ်အကြေးဆိုလို့ မြူမူန်မျှလောက်တောင်မရှိတော့ပဲ လုံးဝကင်းစင်သွားတဲ့ အခါကျတော့ ဘ၀ဘ၀ဟောင်း တွေကို ပြန်ပြီးသိမြင်နိုင်တဲ့ ပုဗ္ဗေနိဝါသနုဿတိဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘ၀တွေကို ပြန်ပြီးသုံးသပ်လိုက်တော့ သံသရာကြီးထဲမှာ ဘ၀တွေ မရေတွက်နိုင်လောက်အောင် ဘ၀ပေါင်း အသေင်္ချေဖြစ်ခဲ့ရပြီး တစ်ဘ၀ကနေ တစ်ဘ၀၊ တစ်ဘ၀ကနေ တစ်ဘ၀ မရပ်မနား အဆက်မပြတ် တစ်ပြေးတည်း ပြေးခဲ့ရတာ ပြေးခဲ့ရတာ၊ မွေးရာကစ သေရာနဲ့ဆုံး၊ မွေးရာကာစ သေရာနဲ့ဆုံး ဖြစ်ဖြစ်လာ လိုက်တာ (၁)မိနစ်၊ (၁)စက္ကန့်လေးတောင်မှ မရပ်မနားခဲ့ပါဘူး။

နေဖို့ရာအိမ်တစ်လုံးပြီးတစ်လုံး အသစ်တွေဆောက်ခဲ့ရသလိုပါပဲ။ ၀ိဉာဏ်အတွက်ကလည်း ခန္ဓာအိမ်တစ်ခုပြီးတစ်ခု၊ တစ်မျိုးပြီးတစ်မျိုးနဲ့ အဆက်မပြတ်ဖြစ်နေခဲ့ရပါတယ်။ အိမ်အသစ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်ပေးနေခဲ့ရပါတယ်။ ခန္ဓာကိုယ်အိမ် အသစ်တွေကိုလည်း အဆက်မပြတ် တစ်ခုပြီးတစ်ခု ဆောက်ပေးနေခဲ့ရပါတယ်။ ဒီဘ၀မှာ သေသွားတာနဲ့ ဒီခန္ဓာကိုယ်ကို ပစ်ခဲ့ရပြီး နောက်ဘ၀မှာ နောက်ခန္ဓာအိမ်အသစ်နဲ့ နေခဲ့ရပါတယ်။

ဒီလိုခန္ဓာအိမ်အသစ်တွေ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆောက်လုပ်ပေးနေတဲ့ ဆောက်လုပ်သူ လက်သမားဆရာကြီး ဗိသုကာကြီးဟာ ဘယ်သူ ဘယ်ဝါမှန်း မသိခဲ့ရလို့ ရှာဖွေမိခဲ့ပါတယ်။ မရေတွက်နိုင်တဲ့ ဘ၀ဘ၀တွေမှာ အဆုံးမရှိ အတိုင်းအတာမရှိတဲ့ ဒုက္ခဆင်းရဲတွေကိုလည်း ခံစားခဲ့ရပါတယ်။ အခုတော့ဖြင့် ခန္ဓာကိုယ်အိမ်တွေကို ဆောက်လုပ်ပေးနေတဲ့ ဗိသုကာဆရာကြီး၊ သင့်ကိုကျွန်ုပ် အခုတွေ့မြင်ရပါပြီ အိမ်ဆောက်ဖို့ရန်လိုအပ်တဲ့ ပစ္စည်းတွေအားလုံးနဲ့ အိမ်ခေါင်ကိုလည်း ဖျက်စီးချေမူန်းလိုက်ပါပြီ သင်ဟာ ကျွန်ုပ်အတွက် နောက်ထပ် ခန္ဓာကိုယ်အိမ် အသစ်တစ်လုံး ဆောက်လုပ်မပေးနိုင်တော့ပါဘူး။ ကျွန်ုပ်ရဲ့စိတ်ထဲမှာ သင်္ခါရတွေအားလုံး လုံးဝကုန်စင်သွားပါပြီလို့ ဥဒါန်းကျူးရင့်တော်မူပါတယ်။

ကုသိုလ် အကုသိုလ်၊ ကောင်းကံ ဆိုးကံ သင်္ခါရဆိုလို့ အမူန့်တောင် မကျန်တော့တဲ့ ဘ၀ဆိုတော့ နောက်ထပ်ဘ၀အသစ် ဖြစ်ဖို့ရာ မရှိတော့ပါဘူး။ နောက်ထပ်ပြီး လိုချင်တပ်မက်မူတွေ တဏှာ လောဘတွေလည်း မရှိတော့ပါဘူးတဲ့ ဘ၀ဆိုတော့ သင်္ခါရအဟောင်းတွေ၊ ကံအဟောင်းတွေ အားလုံးကုန်စင်သွားပြီး နောက်ထပ်ဘ၀သစ်လဲ မဖြစ်တော့ပါဘူး။ သင်္ခါရတွေအားလုံး ကင်းစင်သွားတော့ ဘ၀အသစ် နောက်ထပ် မဖြစ်တော့ဘဲ လောကအနှောင်အဖွဲ့၊ ဘ၀အနှောင်အဖွဲ့တွေ အားလုံးက လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

တစ်ဘ၀ပြီးတစ်ဘ၀ ဆက်ဆက်နေအောင် ပြုလုပ်ဆောက်တည်ပေးနေတဲ့ ဗိသုကာကြီးက ဘယ်သူပါလဲလို့ ရှာဖွေကြည့်လိုက်တဲ့အခါကျတော့ လူတွေဟာ ဘ၀တွေ အဆက်ဆက်မှာ အပြင်လောကကြီးထဲမှာပဲ အမှားတွေနဲ့ ရှာဖွေခဲ့ကြပါတယ်။ အရေးကြီးတာကတော့ တစ်လံမျှသာရှိသော မိမိရဲ့ ခန္ဓာကိုယ်အတွင်း ရုပ်နာမ်အစုထဲမှာသာ အမှန်တရား သစ္စာတရားကို တွေ့ရှိပြီးတော့ အနုသယကိလေသာအညစ်အကြေးတွေ ဘာမှမကျန်အောင် အားလုံးကုန်စင်သွားပြီး ပရမတ္ထသစ္စာတရား အဆုံးစွန်သောတရားကို ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြရန် ဖြစ်ပါတယ်။ နောက်ထပ်ပြီး သံသရာမှာ မကျင်လည်ကြတော့ပဲ လုံးဝလွတ်ငြိမ်းချမ်းသာကြရမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ ဒီလွတ်လပ်ရေး ငြိမ်းချမ်းရေး ချမ်းသာကို ရနိုင်ကြပါတယ်။

ဒါဟာ မြတ်စွာဘုရားတစ်ပါးတည်းရဲ့ မူပိုင်မဟုတ်ပါဘူး။ လျှောက်ရမယ့် လမ်းစဉ်ကတော့ အင်မတန် အင်မတန်ကိုပဲ ရှည်လျားတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းစဉ်ပေါ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း မှန်မှန်လျှောက်သွားမယ်ဆိုရင်တော့ နောက်ဆုံးပန်းတိုင်ကို ရောက်ရမှာမလွဲပါဘူး။ ဒီလမ်းစဉ်ပေါ်ကို ၀ိပဿနာကျင့်သူ တရားအားထုတ်သူတွေဟာ စပြီး ခြေလှမ်းလှမ်းကြပြီဆိုတာ အင်မတန် ကောင်းလှပါတယ်။ ထူးလှပါတယ်။ ခြေလှမ်းတွေ လှမ်းနိုင်သမျှ လှမ်းနိုင်သလောက် ဆက်ဆက်ပြီးလှမ်းပြီး ကိလေသာ အညစ်အကြေးတွေက တတ်နိုင်သမျှ စင်ကြယ်လာအောင် ပြုလုပ်ကြပါ။ အရေးအကြီးဆုံးကတော့ ဒီကမ္မဋ္ဌာန်းနည်းကို သိရှိဖို့ဖြစ်ပြီး ဒီနည်းနဲ့ တစ်သက်တာလုံးဆက်ပြီး ကျင့်သွားကြဖို့ပါပဲ။ ဒါဟာ ဘ၀တစ်သက်တာလုံးရဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒီဘ၀တွင်သာမက ဒီလမ်းစဉ်ကို အုတ်မြစ်ချပြီး ဘ၀ဘ၀တွေမှာလဲ ဆက်လက် ကျင့်သုံးကြရဦးမှာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဝေဒနာကို ဥပေက္ခာနဲ့ ရူနေ

ဒီရုပ်နာမ်အစုကွင်းဆက်ကို သုတ်သင်ပစ်ရမယ်၊ ထုတ်ပစ်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်ပစ်ရမှာ ဖြစ်ပါတယ်။ ဒါလဲမဖြစ်နိုင်သေးပါဘူး။ ကိုယ်ကိုယ်ကို သတ်တယ်ဆိုတာဟာ အင်မတန်စိတ်သောက စိတ်ဆင်းရဲဖြစ်စေနိုင်တဲ့ ကိစ္စဆိုတော့ နောက်ဖြစ်ရမယ့် ဘ၀ဟာလည်း ဒုက္ခတွေများမယ့် ဘ၀တွေဆိုတော့ ဒုက္ခနယ်ထဲမှာပဲ ရှိနေဦးမှာပါပဲ။ ဒုက္ခကို ပိုပြီးသာ ပွားစေမှာ ဖြစ်ပါတယ်။


ဒီတော့ ဘာလုပ်ရပါ့မလဲ။ သဠာယတနဖြစ်တဲ့ ဒွါရ ၆-ပါးကို ဖျက်စီးပစ်လိုက်ရင် ဘယ်နှယ်နေမလဲ။ ဖျက်ဆီးပစ်လိုက်ကြရမလား။ မျက်စိ နား နှာခေါင်း လျှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။ စိတ်ကိုရော ဘယ်လိုလုပ်ပြီး ဖျက်ဆီးပစ်ရပါ့မလဲ။ ဒါလဲသတ်သေမှ ရမယ့်ကိစ္စပါပဲ။ ဒါဟာလည်း အဖြေမဟုတ်သေးပါဘူး။ ဒါဖြင့်ရင် ဒွါရ ၆-ပါးကို မဖျက်ဆီးဘဲနဲ့ အာရုံ ၆-ပါး ဖြစ်စေနိုင်တဲ့ဟာတွေပါပဲ။ ဘယ်လိုမှလဲ ထွက်ပြေးလို့လဲ မလွတ်နိုင်ပါဘူး။ အာရုံတစ်ခုခုနဲ့ ထိတွေ့ခံစားလိုက်ရတယ်ဆိုတာနဲ့ ဝေဒနာကဖြစ်ပေါ်တော့တာပဲ။ ပြေးပေါက်မရှိပါဘူး။


ဒီလိုဆက်ဆက်ပြီးတော့ ရူသွားတော့ ပညာကပေါ်ပေါက် ထွန်းလင်းလာပါတယ်။ ဒီဒုက္ခကွင်းဆက်ကြီး ဖြတ်ရမယ့်နေရာ၊ ဖြတ်ရမယ့်ကွင်းဆက်ကတော့ အမှန်ကိုမသိမူ၊ အ၀ိဇ္ဇာကွင်းဆက်တွေပါပဲ၊ အမှန်ကို မသိမူကြောင့် ထိတွေ့မူဝေဒနာကို ခံစားသိရှိရတိုင်း လိုချင်တော့တမူ တွယ်တာမူတွေ ဖြစ်လာပါတယ်။ အမှန်ကိုမသိရတဲ့ အတွက်ကြောင့် လောဘ ဒေါသတွေလဲ ပွားများလာပါတယ်။ အမြင်မှန်ကို သိတဲ့ပညာ ဘာဝနာမယပညာရပြီဆိုရင်တော့ ဝေဒနာတိုင်း ဝေဒနာတိုင်းဟာ ပညာကိုသာ ထပ်ပွားစေပြီး ဘ၀ကလွတ်မြောက်စေတဲ့ စက်ဝိုင်း ဓမ္မစက်ဝိုင်း ဓမ္မစက္ကပ၀တ္တနပေါ့။


မြတ်စွာဘုရားရဲ့ အထွက်အထိပ်သို့ ရောက်ရှိမူမှာ ထိတွေ့မူ ဝေဒနာဟာ အင်မတန် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ဝေဒနာ ဝေဒနာကနေ လမ်းခွဲ ၂-ခု ဖြစ်ပြီး လမ်း ၂-လမ်း ခွဲထွက်ပါတယ်။ ပထမလမ်းကြောင်းကတော့ ဒုက္ခ သမုဒယ ဂါမိနိ ပဋိပဒါ ဒုက္ခဖြစ်ရခြင်း အကြောင်းရင်းလမ်း၊ ဒုက္ခတွေပွားသထက်ပွားနေတဲ့ အကြောင်းလမ်း ဖြစ်ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာ လျှောက်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဒုက္ခနယ်ထဲကကို မလွတ်နိုင်ဘဲ ဒုက္ခတွေများသထက် များနေတာဖြစ်ပါတယ်။ ဒီဒုက္ခ ဘယ်ကနေ စလာရသလဲဆိုတော့ သိရှိခံစားမူ ဝေဒနာကနေစပါတယ်။ ဒုတိယလမ်းကြောင်းကတော့ ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ ဒုက္ခတွေကင်းငြိမ်းနေတဲ့လမ်း ပယ်ပျောက်စေတဲ့လမ်း ဖြစ်ပါတယ်။ ဝေဒနာတွေက ဒုက္ခကိုဖြစ်စေတတ်သလို ဒီဝေဒနာကပဲ ဒုက္ခကို ငြိမ်းစေတတ်ပါတယ်။


တရားရူနေစဉ်အခါမှာ ဝေဒနာကို ရူတိုင်းရူတိုင်း ဘာဝနာမယဉာဏ်နဲ့ အမှန်ကိုသိပြီး ဘယ်လောက်ပဲ သိမ်မွေ့တဲ့ သာယာတဲ့ သုခဝေဒနာမျိုးပဲဖြစ်ဖြစ်၊ အနိစ္စမျှသာပါပဲ မမြဲကြပါလားဆိုတဲ့ အသိနဲ့ရူနေပြီး ဘယ်လောက်ပဲ မခံစာတဲ့ မသာယာတဲ့ ဒုက္ခဝေဒနာပဲဖြစ်ဖြစ် မလိုမုန်းထားတဲ့စိတ်၊ မနှစ်သက်တဲ့စိတ်တို့နဲ့ တုံ့ပြန်မူ မလုပ်ဘူးဆိုရင် ဘာဝနာမယဉာဏ်တွေ ပွားနေပြီး သင်္ခါရမဖြစ်တော့ပါဘူး။ ဝေဒနာကွင်းဆက်မှာ သင်္ခါရအသစ်တွေ မပွားတော့ဘဲ အသိမှန် အမြင်မှန်ကို ရကြတာပေါ့။ စိန္တာမယဉာဏ်၊ သုတမယဉာဏ်နဲ့ စိတ်ရဲ့ အပေါ်ယံပိုင်းနဲ့ပဲ ဆိုရင်တော့ ဒီကိစ္စဟာ မဖြစ်နိုင်ပါဘူး။


သင်္ခါရစပြီး ဖြစ်ပေါ်လာတဲ့စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ ဘာဝနာမယဉာဏ်နဲ့ မှသာဖြစ်ပါတယ်။ စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းမှာ သင်္ခါရတစ်ခုစပြီး ပွားပြီဆိုရင် သိမ်မွေ့ဝေဒနာကို ခံစားရပါတယ်။ ဒီဝေဒနာကို တုန့်ပြန်မူမလုပ်ဘဲ ဥပေက္ခာနဲ့ ရူနေလိုက်မယ်ဆိုရင် သင်္ခါရအသစ်တွေ မပွားတော့ပါဘူး။ သင်္ခါရအသစ်တွေ မပွားတော့ဘူးဆိုတဲ့အခါမှာ စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းမှာရှိတဲ့ ဘ၀ဘ၀စုပေါင်းပြီး သယ်ပိုးယူဆောင်လာခဲ့တဲ့ သင်္ခါရအဟောင်းတွေ ကံကြွေးကံဟောင်းတွေက စိတ်ရဲ့ အပေါ်ယံ မျက်နှာပြင်ကိုတက်လာကြပြီး ပျောက်ကွယ်ချုပ်ငြိမ်းသွားကြပါတယ်။ ပေါ်ထွက်လာလိုက်၊ ပျောက်ကွယ် ချုပ်ငြိမ်းသွားလိုက်နဲ့ ဖြစ်နေကြပြီး ပျောက်ကွယ်သွားကြ သလောက်ဟာ ဒုက္ခတွေက လွတ်ငြိမ်းချမ်းသာကြတာတွေဖြစ်ပြီး ဒီသင်္ခါရတွေ အားလုံးကုန်စင်သွားပြီဆိုတော့ ဒုက္ခတွေအားလုံးလည်း ကုန်စင်ချုပ်ငြိမ်းသွားခြင်း ဖြစ်ရပါလိမ့်မယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Thursday 19 April 2012

ဇာတိဖြစ်ကြောင်းစသည်

ဇာတိပစ္စယာ ဧရာမရဏံ သောက ပရိဒေ၀ဒုက္ခ၊ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊ ဇာတိဆိုတာက မွေးဖွားတာ၊ ပုဂ္ဂိုလ်တစ်ဦးဟာ မွေးလိုက်ပြီဆိုတာနဲ့ ဒုက္ခမလွတ်ကင်းနိုင် တော့ပါဘူး။ အိုရမှာ နာရမှာ သေရမှာ ဘယ်သူမှ မလွှဲရှောင်နိုင်ပါဘူး။ ဘာဖြစ်လို့ ဇာတိဖြစ်ရတာလဲ။ ဘာဖြစ်လို့ မွေးရတာလဲဆိုတော့ မိဘ၂-ပါး ဆုံစည်းရခြင်းကြောင့်လည်း ဟုတ်ပါတယ်။


ဒါပေမယ့် ဒါကြောင့်တင် မဟုတ်သေးပါဘူး။ တခြားအကြောင်းတွေလဲ ရှိပါသေးတယ်။ ဘ၀ပစ္စယာဇာတိ = ဘ၀ဆိုတာကတော့ ဖြစ်နေဆဲ၊ တစ်သက်လုံးဟာလည်း ဖြစ်နေဆဲ ဖြစ်နေဆဲပါပဲ။ အသက်ကုန်ဆုံးတဲ့ သေပေါက်သေ၀ရောက်တဲ့အထိ ရောက်နေတာတောင်မှ ဖြစ်နေဆဲ ဖြစ်နေဆဲက မကုန်သေးပါဘူး။ သေသွားပြီးတော့ ရုပ်ခန္ဓာအစုကြီးဟာ ပျက်စီးပြိုကွဲသွားပါတယ်။ နာမ်အစုကတော့ နောင်ဖြစ်ရမယ့်ဘ၀ရဲ့ ပဋိသန္ဓေစိတ်နဲ့ တဆက်တည်းဖြစ်ပြီး ဒီဘ၀ဆိုတဲ့ဖြစ်နေဆဲ ဖြစ်နေဆဲက တစ်ခါဆက်ပြီး ဖြစ်လာပြန်ပါတယ်။


မေးစရာတစ်ခုပေါ်လာပြန်ပါတယ်။ ဘာ့ကြောင့် ဒီဘ၀ ဘ၀ခေါ်တဲ့ဖြစ်နေဆဲ ဖြစ်နေဆဲက ဖြစ်နေရ ပါသလဲ။ ဘာအကြောင်းကြောင့်ပါလဲဆိုတော့ ဥပါဒါနပစ္စယာ ဘဝေါ တွယ်တာမူကြောင့် ဘ၀ဖြစ်လာရပါတယ်။ တွယ်တာမူကကြီးလေလေ သင်္ခါရကြီးလေလေပါဘဲ၊ အသက်သေဆုံးခါနီး သေပေါက်သေ၀ရောက်လာတော့ ဒီအင်မတန်ကြီးလေးတဲ့ သင်္ခါရက နောက်ဘ၀တစ်ခု အသက်တစ်ခုကိုဖြစ်ဖို့ ဖန်တီးပေးပါတယ်။


ဒီတော့ဘာကြောင့် ဥပါဒါန်က စွဲလမ်းမူဖြစ်ရပါသလဲဆိုတော့ တဏှာပစ္စယာ ဥပါဒါနံ လိုချင်တပ်မက်မူကြောင့် စွဲလမ်းမူဖြစ်ရပါတယ်။


ဘာကြောင့် လိုချင်တပ်မက်မူ တဏှာဖြစ်ရပါသလဲဆိုတော့ ဝေဒနာပစ္စယာ တဏှာ၊ ၀ိပဿနာယောဂီတိုင်းဟာ ဒါကိုကိုယ်တွေ့လက်တွေ့ ဘာဝနာမယဉာဏ်အသိနှင့် သိရှိထင်ရှားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာတစ်ခုတစ်ခုပေါ်လာရင် အဲဒီဝေဒနာကို လိုချင်တောင့်တမူနဲ့ပဲဖြစ်ဖြစ် မလိုချင်မုန်းထားမူနဲ့ပဲဖြစ်ဖြစ် တုံ့ပြန်ပါလိမ့်မယ်။ ဝေဒနာက သာယာနှစ်သက်ဖွယ်ကောင်းတဲ့ သုခဝေဒနာဆိုရင် လိုချင်တောင့်တမူနဲ့ တုန့်ပြန်ပြီး ဝေဒနာက မသာယာဘူးနှစ်သက်ဖွယ်ရာ မကောင်းဘူး၊ ဒုက္ခဝေဒနာဆိုရင်တော့ မလိုချင် မုန်းထားမူနဲ့ တုန့်ပြန်ပါတယ်။


ဒီတော့ ဝေဒနာတွေက ဘာကြောင့်ဖြစ်ပြန်ရပါသလဲဆိုပြန်တော့ ဖဿပစ္စယာ ဝေဒနာ ထိတွေ့မူကြောင့် ဖြစ်လာရပါတယ်။ ဘာနဲ့ ထိတွေ့မူလဲဆိုတော့ မျက်စိနဲ့ ရူပါရုံမြင်ကွင်း၊ နားနဲ့ အသံ၊ နှာခေါင်းနဲ့ အနံ့၊ လျှာနဲ့ အရသာ၊ ကိုယ်ခန္ဓာနဲ့ ထိပါးနိုင်တာတွေ၊ စိတ်နဲ့ အကြံအစည် စိတ်ကူးတွေ ထိမူတွေဖြစ်လာပါတယ်။


ဘာကြောင့် ထိတွေ့မူဖြစ်လာရပြန်သလဲဆိုတော့ သဠာယတနပစ္စယာ ဖေဿာ ဒွါရ ၅-ပါး (အာယတနခြောက်ပါး)တို့ကြောင့် ထိတွေ့မူတွေ ဖြစ်လာရပါတယ်။ ဒွါရခြောက်ပါးတို့ဟာ အာရုံ ၆-ပါးနဲ့ ထိတွေ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး စကြ၀ဠာကြီးတစ်ခုလုံးဟာ အာရုံတွေအမျိုးမျိုးနဲ့ ပြည့်ကြပ်နေပါတယ်။ ဒီတော့ထိတွေ့မူက ဒွါရတစ်ခုမဟုတ် တစ်ခုနဲ့ အာရုံတစ်ခုမဟုတ် တစ်ခုနဲ့ အမြဲပဲထိတွ့နေပါတယ်။ ဒီထိတွေ့မူဟာ ဒွါရ ၆-ပါးကြောင့် ဖြစ်ပါတယ်။


ဘာကြောင့် ဒွါရ ၆-ပါးဖြစ်ရပြန်သလဲလို့မေးပြန်တော့ နာမရူပ ပစ္စယာ သဠာယတနံ သတ္တ၀ါတစ်ဦးဟာ အသက်ရယ်လို့ ဖြစ်လာတယ်ဆိုတာနဲ့ ရုပ်နဲ့နာမ်ကလည်း စပြီးဖြစ်လာပါတယ်။ ဒီရုပ်နာမ်တို့ကြောင့် ဒွါရ ၆-ပါး ဖြစ်လာပါတယ်။


ဘာကြောင့် ရုပ်နာမ်ဖြစ်လာရပါသလဲဆိုပြန်တော့ ၀ိညာဏပစ္စယာ နာမရူပံ၊ ၀ိညာဏဆိုတဲ့ အာရုံကိုသိခြင်းသဘောဟာ ဖြစ်လာပြီးတဲ့ ဘ၀ဟောင်းရဲ့ ခန္ဓာကိုယ်က စုတေလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ဖြစ်ရမယ့် ဘ၀သစ်ရဲ့ကံကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ အတူတကွဖြစ်ကြပြီး ဖြစ်ပျက် ဖြစ်ပျက်တရားက စတော့တာပါပဲ။


ဒီတော့ မေးရပြန်ပါတယ်။ ဘာကြောင့် ၀ိညာဏကဖြစ်ပေါ်လာရပါသလဲဆိုတော့ သင်္ခါရပစ္စယာ ၀ိညာဏံ သင်္ခါရတစ်ခုခုကိုပြုတိုင်း ပြုလုပ်တိုင်း ဒီသင်္ခါရဟာ နောင်ဖြစ်ရမယ့် တစ်ခဏရဲ့ စိတ်ကို ဖြစ်စေပါတယ်။ နောက်ဖြစ်ပေါ်လာရတဲ့ ၀ိညာဏအသစ်ကို ဖြစ်ပ်ါစေပါတယ်။ ဒါတွေဟာ သဘာဝဓမ္မတွေပါပဲ၊ ၀ိပဿနာယောဂီတိုင်းဟာ မိမိတို့ရဲ့ အတွင်း အဇ္ဈတ္တကို ရူပြီးကျင့်တဲ့အခါမှာ ဒီအမှန်တရားတွေကို ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့တွေ့ထိ ခံစားနိုင်ကြပါလိမ့်မယ်။


ဘာ့ကြောင့် သင်္ခါရဖြစ်လာရပြန်သလဲဆိုရင်တော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ အမှန်ကို မသိမူကြောင့် သင်္ခါရတွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမှန်ကို မသိမူဆိုတာ ကျောင်းမတက်လို့ တက္ကသိုလ်မရောက်လို့၊ ကျမ်းဂန်တွေလေ့လာမထားလို့ မသိရတဲ့အသိမျိုး မဟုတ်ပါဘူး။ ဘာဝနာမယဉာဏ်အသိနဲ့ အဟုတ်တကယ်အမှန် ဖြစ်ပျက်နေတာကို မသိတာဖြစ်ပါတယ်။ ကျမ်းဂန်တွေ ဘယ်လောက်ပဲတတ်တတ် စာတွေတက်နေရုံသက်သက်ပဲဆိုရင်တော့ ဘာဝနာမယဉာဏ်မဟုတ်တော့ အ၀ိဇ္ဇာက ရှိနေသေးတာပါပဲ။


ဒီတော့ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ ရုပ်နာမ်တရားတွေက အမြဲမပြတ်ဖြစ်ပျက် ဖြစ်ပျက်နေသေးတာပါပဲ။ မမြဲတဲ့ အနိစ္စသစ္စာ၊ ငါငါ့ဟာမဟုတ်တဲ့ အနတ္တသစ္စာ၊ မမြဲတဲ့အတွက် ငါငါ့ဟာမဟုတ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆင်းရဲခြင်းတရား ဒုက္ခသစ္စာ၊ ဒီသစ္စာတွေကို ဘာဝနာမယဉာဏ်အသိနဲ့ အမှန်ကို မသိကြတော့ ဒီမမြဲတဲ့ မရှိတဲ့ငါမဟုတ်တဲ့ ဆင်းရဲခြင်းကိုပဲ ရုပ်နာမ်တရားစုကြီးကိုပဲ ခင်တွယ်နေကြတာ ဖြစ်ပါတယ်။ မြဲတယ် ရှိတယ် ဟုတ်တယ် ခင်တွယ်စရာကြီးပဲလို့ အထင်မှားနေတာဟာ အ၀ိဇ္ဇာပေါ့။ ဒီအ၀ိဇ္ဇာကြောင့် စိတ်ရဲ့အနက်ရိုင်းဆုံးအပိုင်းမှာ သင်္ခါရတွေပွားပြီးရင်းပွား ဖြစ်နေပါတယ်။


“အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနမစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဧရာမရဏံ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမန ဿုပါယာသာ သမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ၊ သမုဒယော ဟောတိ”။


ဒီလိုနဲ့ အမှန်ကိုမသိမူ အ၀ိဇ္ဇာက စလိုက်တာ ဆင်းရဲခြင်း ဒုက္ခတွေဟာ မရေမတွက်နိုင် အတိုင်းအတာမရှိ တောင်ပုံ ယာပုံတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒုက္ခရဲ့ အနက်ရိုင်းဆုံး ရေသောက်မြစ်ဖြစ်တဲ့ အကြောင်းရင်းဟာ ထင်ရှားပေါ်လွင်လာပါတယ်။ ဒီတော့ ဒုက္ခဖြစ်ရခြင်းရဲ့ အကြောင်းအရင်းဖြစ်တဲ့ အ၀ိဇ္ဇာကို ဘယ်လိုလုပ်ပြီး ရှင်းလင်းသုတ်သင်ရပါ့မလဲ။ ဒုက္ခစက်ဝိုင်းတစ်ခုလုံးမှာ အ၀ိဇ္ဇာက နေရာတိုင်းမှာ ပါရှိနေတော့ ဘယ်နေရာကနေ သူ့ကိုထုတ်ပစ်ရပါ့မလဲ။ ဖြတ်တောက်ပစ်ရပါ့မလဲ။ ဘ၀တစ်ခုစပြီး အသက်တစ်ချောင်းရယ်လို့ စပြီဆိုတာနဲ့ နာမရူပ ရုပ်နာမ်အစုကြီး ဖြစ်ပေါ်လာပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Wednesday 18 April 2012

တွယ်တာစွဲလန်းမူ ၄-မျိုး

လိုချင်မူကိုစွဲလမ်း
လူတွေဟာ တွယ်တာစွဲလမ်းမူ ၄-မျိုးကို အမြဲပြုလုပ်လေ့ရှိကြပါတယ်။ ပထမတွယ်တာ စွဲလမ်းမူကတော့ လိုချင်တောင့်တမူကိုပဲ စွဲလမ်းနေကြခြင်းဖြစ်ပါတယ်။ လိုချင်တောင့်တတာကို မရရင် ဆင်းရဲဒုက္ခကို ခံစားရပါတယ်။ လိုချင်တာကို ရပြန်ရင်လည်း ခဏပါပဲ။ စိတ်က ဘယ်တော့မှ မကျေနပ်နိုင်ပါဘူး။



ဘာဖြစ်လို့လဲဆိုတော့ လိုချင်မူကို၊ လိုချင်တယ်ဆိုတဲ့စိတ်ကို စွဲလမ်းငြိတွယ်နေတာကိုး၊ မလိုချင်ဘဲကို မနေနိုင်ဖြစ်နေပါတယ်။ ဒီတော့ အတိုင်းမရှိတဲ့ ဒုက္ခကြီးပါပဲ။ အစွဲကြီးလေလေ ဆင်းရဲကြီးလေလေပေါ့။ လူတွေဟာ မိမိတို့ရဲ့ အတွင်းအဇ္ဈတ္တမှာ ဖြစ်ပျက်နေတာကိုတော့ မသိကြဘဲ အပြင်လောကမှာ ဖြစ်ပျက်နေတာတွေကိုသာ အရေးပေးပြီးနေကြတော့ ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းဟာ အတွင်းမှာရှိတာ ဖြစ်ပွားနေတာကို သတိမပြုမိကြပါဘူး။ “သဗ္ဗေ ဓမ္မာ ဝေဒနာသမော သရဏာ” လူတွေဟာ လိုချင်တောင့်တမူ တစ်ခုခုရှိလာရင် စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ်ပေါက်လာရင် ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာ တစ်ခုခုဟာ ပေါ်ပေါက်လာမြဲ ဖြစ်ပါတယ်။


စိတ်မှာဖြစ်သမျှဟာ ခန္ဓာကိုယ်ပေါ်မှာ ခံစားရပါတယ်။ လိုချင်တာရတဲ့ အခါကျတော့ ဝေဒနာတွေကလည်း ပျောက်ကွယ်သွားပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းကတော့ သာယာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် စိတ်ရဲ့နက်ရိုင်းတဲ့အပိုင်းမှာတော့ ဆင်းရဲအတိ နဲ့ပါပဲ။ သာယာတဲ့ ဝေဒနာကို ထပ်ခါထပ်ခါ လိုချင်နေပြီး လိုချင်တပ်မက်မူကလည်း ထပ်ကာထပ်ကာ ပေါ်ပေါ်လာနေပါတယ်။ မကောင်းမှန်းသိပေမယ့် မရပ်နိုင်သလိုပေါ့။ ယားနာကို ကုတ်နေတဲ့ လူလိုပါပဲ။ လိုချင်လောဘတွေဟာလည်း များလေလေ၊ ဒုက္ခတွေ များလေလေ ဖြစ်ပြီး စိတ်ရဲ့ အကျင့်ပုံစံဖြစ်လာပါတယ်။ တစ်ခါ ဒီအကျင့်ကိုပဲ တွယ်တာလာပြန်ပါတယ်။ ဒီတော့ လိုချင်မူဟာ အတောမသတ်နိုင်တော့ပါဘူး။ အိပ်ပေါက်ကြီးလိုပါပဲ။ ဘယ်တော့မှ မပြည့်နိုင်ပါဘူး။ လိုချင်တာဟာ အကျင့်ကြီးဖြစ်ပြီးတော့ အစွဲဖြစ်နေပါတယ်။ ငြိတွယ်နေတာပေါ့။

ငါငါဆိုတဲ့အတ္တအစွဲ

နောက်အစွဲတစ်ခုကတော့ ငါငါဆိုတဲ့အတ္တအစွဲပေါ့။ တကယ်ဆိုတော့ ဒီငါဟာ ဘာလဲ ခန္ဓာ ၅-ပါး အစုအဝေးပဲ၊ အဋ္ဌကလာပတွေ အစုအဝေးမျှသာဖြစ်ပါတယ်။ “ငါသိတယ် ငါမှတ်မိတယ် ငါဝေဖန်လိုက်တယ် ငါသိရှိခံစားလိုက်ရတယ် ငါတုံ့ပြန်လိုက်တယ်” ဆိုတာတွေ အားလုံးဟာ အခုဖြစ်ပြီး အခုပျက်သွားတာကြီးပါပဲ။ ဓလေ့ထုံးစံအရသာ ငါငါ့ဟာလို့ ပြောနေကြလို့ လူတွေဟာ ငါငါ့ဟာကို အင်မတန်ပဲ ငြိတွယ် တွယ်တာနေကြပါတယ်။ ငါ့ကို လာမထိနဲ့၊ ငါ့ဟာလာမထိနဲ့ သိသွားမယ်။


တစ်ဦးတစ်ယောက် ငါငါ့ဟာကို တစ်ခုခုပြုလိုက်လို့ရှိရင် အင်မတန် မခံမရပ်နိုင်အောင် ဖြစ်သွားတတ်ပါတယ်။ ဆိုကြပါစို့ လူတစ်ဦးကို နိုင်ငံခြားမှာရှိတဲ့ မိတ်ဆွေတစ်ဦးက အဖိုးတန် လက်ပတ်နာရီတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဒီတိုင်းပြည်မှာ ၀ယ်လို့ရတာမျိုး မဟုတ်ပါဘူး။ တစ်နေ့ကျတော့ သတိမထားမိလို့ အောက်ကျပြီး ကွဲသွားပါတယ်။ ဒီနာရီကို ဒီလူက သိပ်သဘောကျပြီး တွယ်တာနေတော့ ကျကွဲသွားတဲ့အခါမှာ အင်မတန် စိတ်မကောင်းဖြစ်ပြီး ငိုယိုမိပါတယ်။ ငါ့နာရီကွဲသွားတယ်။ ငါ့နာရီကွဲသွားတယ်။ ပြင်လို့လဲရတော့မှာ မဟုတ်ဘူးဆိုပြီး နှမြောတသပြီးနေပါတယ်။


ဒီနာရီမျိုးပဲ တစ်မျိုးတည်း တစ်ပုံစံတည်းပဲ သူ့မိတ်ဆွေ တစ်ဦးဆီမှာ ရှိပါတယ်။ အဲဒီမိတ်ဆွေတစ်ဦးကလည်း သူ့နာရီကျပြီး ကွဲသွားပါတယ်။ ဒါပေမယ့် သူ့မိတ်ဆွေနာရီ ကွဲသွားတော့ သူမငိုပါဘူး။ စိတ်မကောင်းလဲ မဖြစ်ပါဘူး။ အဖိုးတန်နာရီ ကျကွဲသွားပေမယ့်လို့ ဘယ်သူကမှ မငိုပါဘူး။ ငါ့နာရီကျကွဲသွားတော့ ငါငိုပါတယ်။ ငါ့ဟာကျတော့ ငါက အတွယ်အတာရှိတာကိုး။ အစွဲပေါ်မှာ အတွယ်အတာပေါ်မှာ တည်နေတာ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ မရှိရှိက အရေးမဟုတ်ပါဘူး။ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်ပေမယ့် အတွယ်အတာမရှိရင် စိတ်ဆင်းရဲမူမဖြစ်ရပါဘူး။ ဘယ်လောက်မှ တန်ဖိုးမရှိပေမယ့် စွဲလမ်းတွယ်တာမူရှိနေရင်တော့ စိတ်ဆင်းရဲဖြစ်ရမှာ အမှန်ပါပဲ။


ရာဂျစ်စတန်ပြည်နယ်က အဘွားကြီးအစွဲ
တစ်ခါက ဂုရုကြီး အိန္ဒယပြည် ရာဂျစ်စတန်ပြည်နယ်မှာရှိတဲ့ ရွာငယ်တစ်ခုမှာ ၁၀-ရက် တရားပတ်ဖွင့်နေစဉ်အခါမှာ အသက်အရွယ်တော်တော် အိုမင်းနေပြီဖြစ်တဲ့ ဆင်းရဲသူအမျိုးသမီးကြီး တစ်ဦးလည်း တရားပတ်လာထိုင်ပါတယယ်။ တရားပတ်မှာ ၅-ရက်၊ ၆-ရက် လောက်ရတော့ မနက်အာရုဏ်တက်မှာ ပရိတ်ရွတ်တာကို လာနားထောင်ပြီး သူပအခန်းပြန်သွားတော့ အကြီးအကျယ်ရိုက်ကြီး တငင်ငင် အော်ငိုပါတယ်။ ဘာဖြစ်လို့လဲ မေးကြည့်လိုက်တော့ “သူ့ပိုက်ဆံအိတ်ကလေး ပျောက်သွားလို့ ပိုက်ဆံအိတ်ထဲမှာ သူစုဆောင်းထားတဲ့ ငွေက (၂၀ိ/)၊ မုန့်အချိုကလေး ၁တုံးနဲ့ နှစ်ပေါင်း ၆၀-ကျော်တုန်းက သူအိမ်ထောင်ကျစဉ်အခါက သူ့မိဘတွေက လက်ဖွဲ့လိုက်တဲ့ ငွေဆွဲကြိုးလေးပါသွားပါတယ်တဲ့။ ဘယ်သူခိုးသွားသလဲ မသိပါဘူး” ဆိုပြီးတော့ ငိုကြွေးနေရှာပါတယ်။


ကျန်တဲ့ယောဂီတွေကလည်း သနားပြီးတော့ မငိုပါနဲ့ အမေကြီး တရားသာဆက်ထိုင်ပါ။ ပျောက်သွားတဲ့ ပိုက်ဆံက (၂၀ိ/)လောက်၊ ငွေလေး ငါးဆယ်ကို ကျွန်တော်တို့၊ ကျွန်မတို့ စုပေးပါ့မယ်ဆိုပြီးတော့ ပိုက်ဆံလိုက်ပြီး ကောက်ခံလိုက်တာ ငွေ(၁၀၀ိ/)ကျော် ရသွားပါတယ်။ ၀မ်းသာအားရနဲ့ အမေကြီးထံသွားပေးကြပါတယ်။ အမေကြီးကတော့ ၀မ်းမသာတဲ့အပြင် လာပေးတဲ့ပိုက်ဆံတွေကိုတောင် လွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့ ငိုမြဲပဲဆက်ပြီးတော့ ငိုနေပါတယ်။ သူမင်္ဂဆောင်တုန်းက ငွေဆွဲကြိုးကလေးကို တမ်းတစွဲလမ်းနေပါတယ်။


ညနေကျတော့ လူတစ်ယောက်က သစ်ပင်တစ်ပင်ပေါ်မှာ ပိုက်ဆံအိတ်ထဲက အချိုမူန့်ကို နိုက်စားနေတဲ့ မျောက်တစ်ကောင်ကို မြင်တော့ ၀ိုင်းပြီးလိုက်ကြတော့ မျောက်က အိတ်ကိုချပြီး ထွက်ပြေးတော့ အိတ်ကိုကောက်ပြီး အထဲက ငွေဆွဲကြိုးကလေးကို ပြန်တွေ့ရပါတယ်။ ဒီတော့မှပဲ အမေကြီး အငိုတိတ်သွားပါတယ်။ ငွေ(၂၀ိ/)မျှသာ တန်ဖိုးရှိတဲ့ ဆွဲကြိုးကလေးပဲဖြစ်ဖြစ် ငွေအသပြာသန်း နှစ်ဆယ်တန်တဲ့ ပစ္စည်းပဲဖြစ်ဖြစ် ပစ္စည်းရဲ့တန်ဖိုးက အရေးမကြီးပါဘူး။ ဒီပစ္စည်းကို ဘယ်လောက်တွယ်တာ အစွဲအလမ်းရှိတယ်ဆိုတာဟာ ပိုမိုပြီး အရေးကြီးတယ်။ အတွယ်အတာကြီးရင် ဒုက္ခကြီးတာပါပဲ။ အတွယ်အတာနည်းရင် ဒုက္ခလည်း နည်းမှာဖြစ်ပါတယ်။ အတွယ်အတာအတာမရှိရင်တော့ ဒုက္ခလည်းမရှိပါဘူးပေါ့။ ဒါဟာ သဘာဝ ဓမ္မပါပဲ။

အိန္ဒိယပြည် ရဟန်း ၁-ပါးအစွဲ

နောက်အဖြစ်တစ်ခုကတော့ အိန္ဒိယပြည်မှာပါပဲ။ တရားပတ်တစ်ခုမှာ ရဟန်းတစ်ပါးကလည်း တရားလာထိုင်ပါတယ်။ ၅-ရက် မြောက်တဲ့နေ့ကျတော့ ဂုရုကြီးနဲ့ လာတွေ့ပြီးတော့ အကူအညီတောင်းပါတယ်။ သူနေတဲ့မြို့မှာ သူက ကျောင်းဆောက် ထားပါတယ်။ သူ့ကျောင်းမှာ ဆင်တစ်ကောင်လည်း ရှိပါတယ်။ ကျောင်းက မြူနီစပါယ် အမိန့်ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာဖြစ်တော့ အခုသက်ဆိုင်ရာက ကျောင်းကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ ရွှေ့မပေးရင် ကျောင်းကိုဆွဲဖျက်မယ်လို့လဲ ပြောနေကြပါတယ်။ ဆင်ကိုလည်း မြို့ထဲမှာ မထားရပါဘူးတဲ့။ မြို့ပြင်ကို ထုတ်ရမယ်လို့ အမိန့်ချထားပါတယ်။


ဒီမြို့က မြို့တော်ဝန်က ဂုရုကြီးရဲ့မိတ်ဆွေဆိုတာကို သူကသိတော့ မြို့တော်ဝန်ထံသွားပြီး “ကျောင်းကို မဖျက်ဖို့၊ ဆက်လက်ပြီး လက်ရှိနေရာမှာပဲ ထားဖို့၊ ဆင်ကိုလည်း ကျောင်းဝင်းထဲမှာပဲထားဖို့ ခွင့်ပြုပါရန် ပြောပေးပါ”လို့ အကူအညီလာတောင်းခြင်း ဖြစ်ပါတယ်။ သူဟာ သူ့ကျောင်းနဲ့ ဆင်ပေါ်မှာ အတွယ်အတာတွေ သိပ်များနေပြီး တော်တော်ကြီးပဲ စိတ်သောကများနေပါတယ်။ ဒါတောင်မှ လူဝတ်ကြောင် မဟုတ်သေးပါဘူး။ လောကကြီးနဲ့ အိုးအိမ်ကို စွန့်လွှတ်ထားခဲ့တယ်ဆိုတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဒါကြောင့် လူဝတ်ကြောင်ပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ ဘာဂိုဏ်းဝင်ပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် အတူတူပါပဲ။ တွယ်တာမူရှိ သလောက်ဆင်းရဲမူဒုက္ခတွေ ရှိနေကြမှာပါပဲ။


အယူဝါဒအစွဲ
နောက်တွယ်တာမူတစ်မျိုးကတော့ ဒိဋ္ဌိဥပါဒန်အယူဝါဒကို စွဲလမ်းခြင်းပေါ့၊ ငါ့အယူဝါဒ၊ ငါ့အမြင်၊ ငါ့မိရိုးဖလာထုံးစံ၊ ငါ့ယုံကြည်ချက် ငါ့ကိုးကွယ်တဲ့ဘာသာ အစရှိတာတွေကို အလွန်အမင်း တွယ်တာကြပါတယ်။ ငါ့ဝါဒ ငါ့အမြင် ငါ့ဘာသာကမှအမှန်။ ဘယ်ဟာကမှန်လဲ ဘယ်ဟာကဟုတ်လဲ သဘာဝကျမကျတော့ သူမတွေးတက်ပါဘူး။ တစ်ဦးတစ်ယောက်က ငါ့ဘာသာ ငါ့ဝါဒကို နည်းနည်းကလေးမှ အတိုက်အခံလာမပြောနဲ့ မခံမရပ်နိုင်ဖြစ်လာတာပါပဲ။ ဒီလိုပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အယူဝါဒ၊ သူတို့ရဲ့ ယုံကြည်ချက်ကို တွယ်တာမူတွေများလွန်းတော့ အလွန်အမင်းတစ်ယူသန်ဖြစ် နေကြပါတယ်။


တစ်ဦးက မျက်မှန်အစိမ်းတပ်ထားပြီး နောက်တစ်ဦးက မျက်မှန်အနီ တပ်ထားပြီး ငြင်းခုံနေကြသလိုပါပဲ။ မျက်မှန်အနီ တပ်ထားတဲ့လူ ကြည့်သမျှကတော့ အနီရောင်တွေချည်းဖြစ်ပြီး မျက်မှန်အစိမ်းတပ်ထားတဲ့လူ ကြည့်သမျှကတော့ အစိမ်းတွေချည်းပါပဲ။ တစ်ဦးကိုတစ်ဦး သဘောပေါက်အောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ အငြင်းအခုံဖြစ်ပြိး တစ်ဦးခေါင်း တစ်ဦးရိုက်ခွဲရင်တောင် မျက်မှန်အနီတပ်ထားတဲ့ လူကလည်း လောကကြီးဟာ သူ့အတွက် သူ့အမြင်နဲ့တော့ နီနေတော့ နီတာကိုပဲ ယုံကြည်နေပါတယ်။ မျက်မှန်အစိမ်းသမားကလည်း သူ့အတွက်တော့ လောကကြီးဟာ အစိမ်းတွေချည်းပါပဲ။ ဒီမျက်မှန်တွေကို ချွန်လိုက်ရင်တော့ နှစ်ဦးစလုံးဟာ လောကကြီးကို အမှန်အတိုင်း မြင်ကြရမှာပါ။


ဒါပေမယ့် မျက်မှန်တွေကို မချွတ်နိုင်ကြပါဘူး။ မျက်မှန်ရဲ့ အရောင်ကို အင်မတန်စွဲလမ်း နေကြတာကိုး။ တချို့ကျတော့လည်း ဘာမှမလေ့လာ သေချာမသိပေမယ့်လို့ သူတို့ရဲ့ မိရိုးဖလာထုံးတမ်းစဉ်လာအရ ပြုလုပ်ဆောင်ရွက်နေကြတာတွေ၊ အခမ်းအနားတွေ၊ ကိုးကွယ် ၀တ်ပြုတာတွေ၊ ကျင်းပတာတွေကို လုပ်မှသာ တရားရှိတဲ့လူ သူတော်ကောင်းလို့ ယုံကြည်ယူဆကြပြီး ဒါတွေအပေါ်မှာ သိပ်ပြီးတွယ်တာပြီး အစွဲကြီးတတ်ကြပါတယ်။ ဒါတွေဟာ တကယ်တော့ အနှစ်သာရ ရှိတာတွေ မဟုတ်ပါဘူး။


တရားကို ကျင့်ကြံအားထုတ်ပြီး လေ့လာသိရှိသွားရင်တော့ ကိုးကွယ်ဝတ်ပြုတာတွေ အခမ်းအနားကျင်းပပွဲတွေကို ဆက်လက်ပြီး လုပ်ချင်ကြတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လုပ်နေကျ အကျင့်ကလည်းဖြစ်နေ၊ ထုံးတမ်းအစဉ်အလာကလည်း ရှိနေတော့ လက်လွတ်ဖို့ရာကတော့ မလွယ်ကြပါဘူး။ စိတ်ရူပ်စရာတွေ ဖြစ်နေကြပါတယ်။ ငါငါ့ဟာက ထာဝစဉ်ရှိနေမယ် တည်နေမယ် မပျက်စီးဘူး။ မကွယ်ပျောက်သွားဘူး ဆိုရင်တော့ ဆင်းရဲဒုက္ခ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ငါငါ့ဟာတွေက ထာဝစဉ်တည်မြဲ နေကြမှာ မဟုတ်ဘဲ၊ ပြောင်းလဲပျက်စီး ကွယ်ပျောက်နေတာ တွေချည်းပါပဲ။ ဘယ်သူကမှ ဘယ်လိုနည်းနဲ့မှ မပြောင်းလဲအောင် မကွယ်ပျောက်အောင် မလုပ်နိုင်ကြပါဘူး။ ငါဆိုတဲ့ ရုပ်နာမ်အစုကို အင်မတန်ကြီး တွယ်တာနေတော့ ငါပျက်စီးတော့၊ ကွယ်ပျောက်တော့ မယ်ဆိုတော့ သိပ်ပြီး ဆင်းရဲဒုက္ခဖြစ်ကြရပါတယ်။


သစ္စာတရားပေါ်လာ
ဒီလိုနဲ့ မြတ်စွာဘုရားအလောင်းတော်ဟာ ဆက်လက်ပြီး ပိုမိုနက်နဲစွာ တရားကို ရူလာလိုက်တာ ဒုက္ခဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်း ရေသောက်မြစ်ဟာ ဘာလဲလို့ ရှာဖွေပြီးတော့ အမြစ်ပြတ်သုတ်သင်ရှင်းလင်းပြီး ဖယ်ရှားလိုက်ရန်အတွက် ရုပ်နာမ်နှစ်ပါးကို အကြွင်းမဲ့ အလုံးစုံ ရူတော်မူပြီး တရားကို ရှာဖွေတော်မူရာမှာ ကဆုန်လပြည့်နေ့ညကျတော့ အထွတ်အထိပ်ကို လုံးဝဥဿုံ ရောက်ရှိတော်မူပြီး ဘုရားအဖြစ်ကို ရောက်တော်မူပါတယ်။ စိတ်တော်မှာ ကိလေသာ အညစ်အကြေးဆိုလို့ မြူမူန်မျှလောက်တောင် မရှိအောင် ကင်းစင်သန့်ရှင်းပြီးတော့ အသိဉာဏ်တွေဟာ ဘာဝနာမယဉာဏ်အားဖြင့် တိုးပွား ပွင့်လင်းပြီး သဘာဝတရား၊ ကမ္ဘာ့နိယာမတရား၊ စကြာဝဠာနိယာမတရား၊ အဟုတ်အမှန်ဖြစ်တဲ့ သစ္စာတရားဟာ ထင်ရှားပေါ်လွင်လာပါတယ်။


ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်ရူ
လူတွေဟာ တစ်သက်တာလုံးမှာ ဆင်းရဲတွေ ဒုက္ခတွေချည်းပါလား။ အိုခြင်း၏ ဆင်းရဲ၊ နာခြင်း၏ ဆင်းရဲ၊ သေရခြင်း၏ ဆင်းရဲ၊ ဖြစ်စေချင်တာ မဖြစ်တဲ့ဆင်းရဲ့၊ မဖြစ်စေချင်တာဖြစ်တဲ့ ဆင်းရဲ စိတ်၏ဆင်းရဲ၊ ကိုယ်၏ဆင်းရဲ၊ ဆင်းရဲခြင်းအမျိုးမျိုး ပင်လယ်ဝေနေပါလား။ ဒါဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ ဘာကဖြစ်ရတဲ့ အကြောင်းရင်းလဲ ဆိုပြီးတော့ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံး ပဋိလုံ အစအဆုံး အစုန်အဆန် အပြန်အလှန်ရူတော်မူခဲ့ခြင်း ဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ခန္ဓာ ၅-ပါးဆင်းရဲ


ခန္ဓာ ၅-ပါး အစုအဝေးကြီးကို တွယ်တာနေတာ စွဲလမ်းနေတာလဲ ဒုက္ခပါပဲ။ ခန္ဓာ ၅-ပါး ဆိုတာဘာလဲ။ တစ်စုကတော့ ရုပ်ခန္ဓာအစုအဝေး၊ အင်မတန်သေးငယ်တဲ့ ရုပ်မူန်ရုပ်မွှား ကလေးတွေ ပရမာဏုမြူကလေးတွေ ဖြစ်လိုက်၊ ပျက်လိုက်၊ ချုပ်ငြိမ်းသွားလိုက်၊ ဖြစ်လာလိုက်၊ ချုပ်ငြိမ်းသွားလိုက် ဖြစ်ပျက်နေတာတွေ ဖြစ်ပါတယ်။


နောက် ၄-စုကတော့ နာမ်ခန္ဓာအစုအဝေးဖြစ်တဲ့ စိတ်ရဲ့အစိတ်အပိုင်းတွေ ၀ိညာဉ်၊ သညာ၊ ဝေဒနာနဲ့ သင်္ခါရဆိုတဲ့ အပိုင်းကြီး ၄-ပိုင်းဖြစ်ပါတယ်။ တနည်းဆိုရင်တော့ သိတတ်တဲ့သဘော၊ မှတ်တတ်တဲ့သဘော၊ ခံစားတတ်တဲ့သဘောနဲ့ တုံ့ပြန်တတ်တဲ့ သဘောတို့ ဖြစ်ပါတယ်။

စိတ်ရဲ့ ပထမပိုင်းဖြစ်တဲ့အပိုင်းကတော့ အာရုံတွေကို သိရုံမျှသာ သိနေတဲ့ ၀ိညာဉ်ဖြစ်ပါတယ်။

စိတ်ရဲ့ ဒုတိယအပိုင်း သညာကတော့ အာရုံကိုသိပြီးတဲ့နောက် အာရုံကဘာအာရုံလဲ၊ ဘယ်လိုအာရုံလဲဆိုတာကို အမှတ်ရပြီး အသိအမှတ်ပြုပါတယ်။ အသိမှတ်ပြုရုံမက ဝေဖန်ချက်လည်းချပါတယ်။

သညာက အသိအမှတ်ပြုပြီး ဝေဖန်ပြီးတာနဲ့ တပြိုင်နက် စိတ်ရဲ့ တတိယအပိုင်းဖြစ်တဲ့ ဝေဒနာက ခန္ဓာကို ရုပ်ပိုင်းပေါ်မှာ ပေါ်လာတဲ့ ခံစားမူတွေ ဖြစ်ပါတယ်။

ဒီခံစားရမူတွေကို တုံ့ပြန်လုပ်တာကတော့ စိတ်ရဲ့ စတုတ္ထပိုင်းဖြစ်တဲ့ သင်္ခါရ အပိုင်းဖြစ်ပါတယ်။

လူသားတွေဟာ ဒီရုပ်စု၊ နာမ်စု ၅-စုပေါင်းစပ်ထားတဲ့ ခန္ဓာ ၅-ပါး အစုအဝေးကြီးကို အင်မတန်ပဲ ခင်တွယ်ငြိတွယ် စွဲလမ်းပြီးနေကြတော့ ဆင်းရဲဒုက္ခတွေကို ခံစားနေကြရ ပါတယ်။

ဆက်လက်ပြီး တရားရူသွားတော့ ဘာက ထင်ရှားလာပြန်သလဲဆိုတော့ ဥပါဒါန် တွယ်တာမူ စွဲလမ်းမူတွေကြောင့် ခံစားရတဲ့ ဒုက္ခဟာ စွဲလမ်းမူများလေလေ နက်နဲလေလေ ဒုက္ခတွေများလေလေ နက်နဲလေလေဆိုတာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Monday 16 April 2012

ဒုက္ခဖြစ်ကြောင်းသိလာ


ဒီအသိဟာ သုတမယ၊ စိန္တာမယ အသိမဟုတ်ဘဲ ခန္ဓာကိုယ်ဘောင်အတွင်းမှာ တကယ်ဖြစ်ပျက်နေတာကို အမှန်တရားသစ္စာတရားတွေကို ရူရူနေပြီး ပိုပိုနက်နဲလာတော့ ဒုက္ခဖြစ်ရခြင်း အကြောင်းရင်းက ပေါ်လွင် ထင်ရှားလာတာပါပဲ။ ၀ိပဿနာယောဂီတိုင်းဟာ ဒီအမှန်တရားတွေကို ကိုယ်တွေ့လက်တွေ့ ဘာဝနာမယဉာဏ်နဲ့ သိရှိခံစားနိုင်ကြပါလိမ့်မယ်။



တရားစထိုင်ပြီဆိုတာနဲ့ ယောဂီတို့ရဲ့ အကျင့်ဟောင်းတွေကြောင့် ကြမ်းတမ်းဝေဒနာတွေ၊ မခံသာတဲ့ ဝေဒနာတွေ၊ ဒုက္ခဝေဒနာတွေ တွေ့ကြုံ ခံစားရပြီဆိုရင် ဒီကြမ်းတမ်းဝေဒနာကို မလိုချင်ဘူး။ နာတာ ကျင်တာ ထုံတာတွေကို ပျောက်သွားစေချင်ပါတယ်။


တရားစထိုင်လို့ အခုဆို ၃-ရက်ရှိသွားပြီ၊ ၄-ရက်ရှိသွားပြီ၊ ၅-ရက်ရှိသွားပြီ၊ ခုထိနာနေတုန်းပဲ၊ ဘယ်တော့မှ ပျောက်မလဲ”လို့ နာတာကို မလိုချင်တဲ့ မုန်းတဲ့စိတ်နဲ့ တုံ့ပြန်ပြီး အနာပျောက်စေချင်တဲ့ လိုချင်မူတောင့်တမူစိတ်ကိုလည်း ဖြစ်စေပါတယ်။ ဒီလို လိုချင်မူ မလိုချင်မူတွေဟာ ဒုက္ခကို ပိုပိုပြီးသာ ဖြစ်ပွားစေပါတယ်။


အစတုန်းကတော့ ခန္ဓာကိုယ်ပေါ်မှာ နာတာကျင်တာတွေဟာ ရုပ်ဝေဒနာ၊ ရုပ်ဒုက္ခတွေပေါ့။ နောက်ကျတော့ စိတ်ဝေဒနာတွေ စိတ်ဒုက္ခတွေ ဖြစ်လာကြပါတယ်။ တရားစခန်းကို လာတရားထိုင်တာဟာ စိတ်အေးချမ်းသာအောင် စိတ်ချမ်းသာအောင် ငါလာခဲ့တာ။ ဘယ်မှာလဲ သုခ၊ ၄-ရက်ရှိသွားပြီ၊ ၅-ရက်ရှိသွားပြီ၊ ချမ်းသာမူလဲ ဘာမှ မရပါလား။ ဘယ်တော့မှ ချမ်းသာမူ အေးငြိမ်းမူရမှာလဲ။ ဘယ်တော့မှ ဒီကြမ်းတမ်းဝေဒနာတွေ ပျောက်သွားမှာလဲလို့ လိုချင်တောင့်တမူတွေကို အဆပေါင်းများစွာ ပွားသထက် ပွားစေပါတယ်။


ယောဂီတို့ သတိထားမိရင် တစ်ခုတစ်ခုကို လိုချင်တော့တနေလျှင် အင်မတန် စိတ်ဆင်းရဲရတယ်ဆိုတာကို လက်တွေ့ခံစားသိရှိနားလည်ပြီး ရှေ့ဆက်ပြီးတော့ တရားရူသွားပြီး ပိုမိုနက်နဲလာတဲ့ အခါကျတော့ နောက်အမှန်သစ္စာတရားက ထင်ရှားပြီးလာပါလိမ့်မယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဇာတိဒုက္ခ စသည်


တစ်နာရီ၊ တစ်နာရီလည်း မဟုတ်။ တစ်ရက်၊ နှစ်ရက်လည်း မဟုတ်။ တစ်လ၊ နှစ်လ၊ သုံးလလည်း မဟုတ်။ ၉-လကျော်၊ ၁၀-လပိုင်းအထိ အမိဝမ်းထဲမှာ အချုပ်အနှောင်ခံကြပါတယ်။ ယောဂီတို့အခု တစ်နာရီကလေး မလူပ်မရှားဘဲ မျက်စိမဖွင့်ဘဲ နေရတာကိုတောင် အချိန်တစ်နာရီပြည့်လို့ အချုပ်အနှောင်က လွှတ်လိုက်ပြီဆိုရင် ဘယ်လောက်ဝမ်းသာ ကြသလဲ။


ဒါမျိုးကို ၉-လ၊ ၁၀-လ အချုပ်အနှောင် ခံခဲ့ရတာနဲ့ နိုင်းယှဉ်ကြည့်ကြစမ်းပါ။ မွေးခါစကလေး ဟာပျော်လို့ရွှင်လို့ ကလို့ခုန်လို့ ထွက်လာကြရမှာ၊ ဘယ်သူကမှ အမိ ၀မ်းထဲက ကခုန်မြူးတူးပြီး ထွက်မလာကြပါဘူး။ အားလုံးက ငိုပြီးတော့မှပဲ မွေးလာကြပါတယ်။ မငိုရင် မိခင်ကလည်း စိတ်ပူပါတယ်။ ဆရာဝန်ကလည်း စိတ်ပူပါတယ်။ “ကလေး အသက်ရှင်မှ ရှင်ပါရဲ့လား” ငိုကို ငိုရမယ်။ ဒါဟာ ဓမ္မတာပဲ။ “ဇာတိပိ ဒုက္ခာ၊ ဇာတိပိ ဒုက္ခာ”တဲ့၊ မွေးတာကိုက ဒုက္ခပါပဲ။


ဂုရုကြီးရဲ့ တပည့်ဆရာဝန်တစ်ဦးက ဂုရုကြီးကို ပြောပြပါတယ်။ ကလေးဟာ မိခင်ရဲ့ ၀မ်းထဲမှာ ရှိနေတုန်းက အချင်းနဲ့ ချက်ကြိုးကနေပြီးတော့ မိခင်ဆီက အောက်ဆီဂျင်ကိုရပြီး အသက်ရှူတော့ သူ့ဟာသူအသက်ရှူဖို့ မလိုပါဘူး။ ချက်ကြိုးကို ဖျတ်လိုက်တဲ့အခါကျတော့ မိခင်နဲ့ အဆက်ပြတ်ပြီး မိခင်ဆီက အောက်ဆီဂျင်ကို မရနိုင်တော့ပါဘူး။ ငိုလိုက်တော့မှ သူ့အဆုတ်ထဲ အပြင်ကလေနဲ့ အောက်ဆီဂျင်ဝင်ပါတယ်။ ဒီတော့ ဂုရုကြီးက သြော်-အောက်ဆီဂျင်လိုချင်လို့ ငိုတာကိုးလို့ပြောပါတယ်။ အတော်ကလေးကြာတော့ နို့လိုချင်လာပါတယ်။ နောက်တော့ ဟိုဟာလိုချင်တယ်။ ဒီဟာလိုချင်တယ်။ ဒီလိုနဲ့ပဲ တစ်သက်တာလုံးဟာ လိုချင်တာတွေချည်းပါကလား။


ဒီလိုနဲ့ တဖြည်းဖြည်းကြီးလာလိုက်တာ ဖျားတာ၊ နာတာတွေ ရောဂါတွေ အမျိုးမျိုး တစ်ခုမဟုတ်တစ်ခု၊ တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုပြီးတစ်ခု ဖြစ်လာကြပါတယ်။ ရောဂါတိုင်း အဖျားအနာတိုင်းဟာလည်း ဒုက္ခပဲပေါ့။ “ဗျာဓိပိ ဒုက္ခော၊ ဗျာဓိပိ ဒုက္ခော”။


ဒီနောက်ကျတော့ အိုမင်းလာပြီး ပျက်စီးယိုယွင်းစပြုလာပါတယ်။ အိုမင်းရခြင်းဟာလည်း ဒုက္ခပါပဲ။ “ဇရာပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ“ ဒါပေမယ့် ဘယ်လောက်ပဲအိုအို ဘယ်သူကမှ သေတော့ မသေချင်ကြပါဘူး။ သေခြင်းဟာလည်း ဆင်းရဲခြင်းဒုက္ခပါပဲ “မရဏံပိ ဒုက္ခံ၊ မရဏံပိ ဒုက္ခံ”။


“ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ အပ္ပိယေဟိ သမ္မာယောဂေါ ဒုက္ခော” ချစ်နှစ်သက်တဲ့ သူ နှစ်သက်ဖွယ်ရာကောင်းတဲ့ အရာ နှစ်သက်ဖွယ်ရာကောင်းတဲ့ အဖြစ်အပျက် အခြေအနေတွေနဲ့ ကွေကွင်းရခြင်းကလဲ ဒုက္ခ၊ မချစ်မနှစ်သက်တဲ့သူ နှစ်သက်ဖွယ်ရာ မရှိတဲ့ အခြေအနေတွေနဲ့ တွေ့ဆုံနေရတာဟာလဲ ဆင်းရဲခြင်းဒုက္ခ လိုတာကိုမရတာက ဒုက္ခ မလိုချင်တာကို ရတာလည်း ဒုက္ခ ကိုယ်ဖြစ်စေချင်တာတွေကျတော့ မဖြစ်ပါဘူး၊ မဖြစ်စေချင်တာတွေ ကျတော့ ဖြစ်တက်ကြပါတယ်။ ဒီအဖြစ်မျိုးတွေဟာ ဒုက္ခတွေချည်းပါပဲ ဆင်းရဲခြင်းတွေချည်းပါပဲလို့ ယောဂီတို့ သိရှိလာကြပါလိမ့်မယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သီလစောင့်မှ အူမတောင့်သည်

ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်း မင်းပြုသည်။ ဘုရားလောင်းသည် ထိုမင်းသား၏ သားတော်ဖြစ်၍ အရွယ်ရောက်လျှင် တက္ကသိုလ်၌ ပညာသင်ယူသည်။ ပညာတတ်ပြီးသော် အိမ်ရှေ့မင်းအရာ၌ နေ၍ ဖခင်မင်းကြီးကွယ်လွန်သော် မင်းအဖြစ်ကို ရသည်။

ဘုရားလောင်းမင်းသည် မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ပြီး ပဉ္စသီလ(ဂရုဓမ္မသီလ) ကို အထူးစင်ကြယ်စွာ စောင့်ထိန်းသည်။ ထို့အတူ -
- မယ်တော် မိဖုရားကြီး
- ညီတော် အိမ်ရှေ့မင်း
- ပုရောဟိတ်ပုဏ္ဏား
- ကြိုးကိုင်း မြေတိုင်းအမတ်
- ရထားထိန်း
- သူဌေး
- တင်းခြင်အမတ်ကြီး
- တံခါးစောင့်
- ပြည်တံဆာမများနှင့် - ပြည်သူပြည်သားတို့သည်လည်း ပဉ္စသီလကို အထူးစင်ကြယ်စွာ ထိမ်းသိမ်းကြသဖြင့် မိုးလေ၀သ မှန်ကန်၍ သာယာဝပြောသည် မင်းသည် မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါးတို့၌ အလှူတင်းကုပ်ကို ဆောက်စေ၍ နေ့စဉ် နေ့တိုင်း ခြောက်သိန်းသော အသပြာတို့ကို စွန့်လွှတ်လှူဒါန်းသည်။

ထိုအချိန် ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကလိင်္ဂမင်း မင်းပြုလျက်ရှိရာ ထိုမင်း၏ တိုင်းပြည်၌ မိုးမရွာ၍ တစ်တိုင်းပြည်လုံး ငတ်မွတ်ခြင်း ဘေးဆိုက်၏။ အစာအဟာရမရှိ၊ ရောဂါဘယထူပြောသည်။

ပြည်သူများသည် ကလေးသူငယ်များကို လက်ဆွဲ၍ နန်းတော်သို့သွားကာ နန်းတော်မုခ်တံခါး၌ စုရုံးကြွေးကြော်ကြသည်။

မင်းသည် လေသာတံခါးကိုဖွင့်လျက် ထိုအသံကို နားထောင်ရာ တိုင်းသူပြည်သားများ မိုးမရွာ၍ အစာရေစာ ငတ်မွတ်ခေါင်းပါးသဖြင့် မိုးရာစေရန် မင်းတရားကျင့်ဖို့ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရှိသွားသည်။

မင်းကြီး - ရှေးမင်းတို့သည် မိုးမရွာသော်လည်း အလှူပေး၍ သီလဆောက်တည်ကြပါသည်။ ဥပုသ်ကို အဓိဋ္ဌာန်၍ အသရေရှိသော တိုက်ခန်းသို့ ၀င်ကာ မြေဇာမြက်ကို ခင်းပြီး အိပ်ကြပါသည်။ ထိုအခါ မိုးရွာချပါသည်” ဟု အမတ်များ သံတော်ဦးတင်၍ သာသနာပ ဥပုသ်စောင့်သုံးသော်လည်း မိုးကားမရွာ၊ ထိုအခါ အမတ်များက -

“မြတ်သောမင်းကြီး၊ ဣန္ဒပတ္ထနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်းမှာ အဉ္စန၀ဏ္ဏမည်သော မင်္ဂလဆင်တော် ရှိပါ၏။ ထိုဆင်ကို ဤတိုင်းပြည်သို့ ယူဆောင်သည်ရှိသော် မိုးသည် ရွာပါမည်”ဟု သံတော်ဦးတင်ကြပြန်၏။ ထိုဆင်ကြောင့် ကုရုတိုင်း၌ မိုးရွာသည်ဟု ထင်မှတ်ကြလေသည်။

ကောရဗျမင်းကြီးလည်း မဆိုင်းမတွပင် လာရောက်အလှူခံသော ပုဏ္ဏားတို့အား ကကြိုးတန်ဆာများနှင့် အတူ ဆင်ကို ရေစက်သွန်းချ လှူဒါန်းလိုက်သည်။

ပုဏ္ဏားတို့သည် ဆင်ကိုယူ၍ ဒန္တပူရမြို့သို့ ပြန်ကြပြီး မင်းအားဆက်သသည်။ ဒန္တပုရမြို့၌ ဆင်ရောက်လာသော်လည်း မိုးက မရွာသဖြင့် မင်းကြီးသည် မှူးမတ်တို့ကို မေးမြန်းပြန်လျှင် -

“အရှင်မင်းကြီး - ဓနဉ္စယကောရဗျမင်းသည် ဂရုဓမ္မကို အမြဲကျင့်သုံး၏။ ထို့ကြောင့် ထိုမင်း၏ တိုင်းပြည်၌ လခွဲတစ်ကြိမ် ဆယ်ရက်တစ်ကြိမ် မိုးရွာ၏။ ကောရဗျမင်းထံမှ ဂရုဓမ္မကို တောင်းခံ၍ အရှင်မင်းကြီး ကျင့်သုံးပါလျှင် မိုးရွာပါလိမ့်မည်” ဟု သံတော်ဦးတင်ကြပြန်သည်။ ပုဏ္ဏားတော်ရှစ်ဦး တို့ကို စေလွှတ်၍ မင်္ဂလာဆင်တော်ကို ပြန်လည်အပ်နှင်းကာ ဂရုဓမ္မကို တောင်းခံစေသည်။

ကောရဗျမင်းသည် ဂရုဓမ္မသီလကို တောင်းခံလာသော ပုဏ္ဏားတော်တို့အား -
“အမောင်တို့ - ငါသည် ဂရုဓမ္မကို စောင့်သည်ကား မှန်၏။ သို့သော် ဂရုဓမ္မ၌ ငါသည် သံသယဖြစ်လျက်ရှိ၏၊ ငါကျင့်သောဂရုဓမ္မ၌ အားမရသေးသဖြင့် သင်တို့အား မပေးလို“ ဟု မိန်တော်မူကာ သံသယရှိပုံကို ဆက်၍ မိန့်ကြားသည်။

“အမောင်တို့-သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော တန်ဆောင်မုန်းလပွဲ၌ ငါသည် မင်းဝတ်တန်ဆာ ဆင်ယင်ပြီး စိတ္တရာဇာမည်သော နတ်ကွန်းမှနေ၍ အရပ်လေးမျက်နှာသို့ (ပန်းတို့ဖြင့် တန်ဆာဆင်သော) မြားတို့ကို ပစ်လွှတ်၍ ကစားလေ့ရှိသည်။ အခြားအရပ်သို့ ပစ်လွှတ်သော မြားတို့ကို မြင်ရသော်လည်း ရေသို့ ပစ်လွှတ်သော မြားကိုမူကား မမြင်ရ၊ ထိုမြားသည် ရေထဲရှိ ငါးတစ်ကောင် ကောင်ကို ထိမှန်လေမလားမသိ၊ ထိုပါဏာတိပါတကံအတွက် သံသယဖြစ်နေမိသည်။ ငါ၏ မယ်တော်သည်ကား ဂရုဓမ္မသီလကို ကောင်းစွာဆောက်တည်သည်။ မယ်တော်ထံမှာ သွားရောက်တောင်းယူပါ”။ ပုဏ္ဏားတော်များက အတင်းအကြပ် တောင်းခံကြသဖြင့် ဂရုဓမ္မကိုမူ ပေးသနားလိုက်သည်။ အမတ်တို့သည် ရွှေပြားပေါ်၌ မင်းကြီးချပေးသော ဂရုဓမ္မကို လိုက်၍ ရေးကြ၏။

- သတ္တ၀ါကို မသတ်ရ၊
- ပိုင်ရှင်မပေးသော ဥစ္စာကို မခိုးယူရ၊
- ကာမတို့၌ မှားယွင်းစွာ မကျင့်ရ၊
- မဟုတ်မမှန်သော စကားကို မပြောဆိုရ၊
- သေရည် သေရက်ကို မသောက်သုံးရ။

အမတ်တို့သည် ဂရုဓမ္မကို ကူးယူကြပြီးလျှင် မင်းအားရှိခိုးပြီးနောက် မင်း၏ မယ်တော်ထံသို့ ဆက်လက်သွားကြသည်။ မယ်တော်ထံတွင်လည်း ဂရုဓမ္မကို ချီးမြှင့်ရန် တောင်းခံကြရာ -

“အမောင်တို့-ငါသည် ဂရုဓမ္မကို စောင့်သည်ကား မှန်၏။ သို့သော် ငါ၏သီလ၌ သံသယရှိနေသေး၍ မပေးလိုပါ၊ ငါ့မှာ သားနှစ်ယောက်ရှိသည်။ သားတော်ကြီးသည် မင်းဖြစ်၍ သားတော်ငယ်မှာ အိမ်ရှေ့မင်း ဖြစ်သည်။ တစ်နေ့ တိုင်းတစ်ပါးမှ မင်းသည် သားတော်ကြီးအား အသပြာတစ်ထောင် ထိုက်သော ရွှေပန်းကုံးနှင့် အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနံ့သာနှစ်များကို ဆက်သလာသည်။ ထိုရွှေပန်းကုံးနှင့် နံ့သာတို့ကို မင်းက ငါ့အား ပူဇော်ရာ မယ်တော်မှာ နံ့သာကို မလိမ်းကျံ၊ ပန်းကိုလည်း မပန်သဖြင့် ချွေးမတို့အားပေးရန် ကြံစည်မိသည်။ ထိုအခါ ငါစဉ်းစားမိသည်မျာ ချွေးမကြီးသည် မင်းကြီး မိဖုရားဖြစ်သည်။ ချွေးမကြီးကို ရွှေပန်းကုံးပေးမည်။ ချွေးမငယ်မူ ဆင်းရဲ၍ အဖိုးတစ်သိန်းတန်သော စန္ဒကူးနံ့သာနှစ်ကို ပေးမည်ဟု အကြံဖြစ်သည် အကြံဖြစ်သည့်အတိုင်းလည်း ခွဲဝေပေးလိုက်သည်။ ပေးပြီးမှ “ငါသည် ဂရုဓမ္မကို စောင့်သုံး၏။ ဆင်းရဲချမ်းသာသည် ပမာဏမဟုတ်၊ အမျိုး၌ ကြီးသော သူတို့အားသာ အရေးပေး လေးစားသင့်သည်။ ငါကား မပြုအပ်သည်ကို ပြုမိ၍ ငါ့သီလပျက်လေသလော” ဟု သံသယဖြစ်မိသည်။ ငါ၏ ချွေးမသည်ကား ကောင်းစွာ စောင့်သုံးသည်။ ချွေးမတော်ထံမှ ယူကြပါ” ဟု ဆိုကာ လွှတ်လိုက်၏။ ချွေးမတော်မိဖုရားကြီးကလည်း အိမ်ရှေ့မင်းသားအပေါ် တိမ်းညွတ်သောစိတ်၊ တပ်မက်သောစိတ် ဖြစ်မိသဖြင့် သီလမစင်ကြယ်ဟု ထင်နေ၏။ ထို့ကြောင့် အိမ်ရှေ့မင်းသားထံမှာ တောင်းခံရန် စေလွှတ်ပြန်သည်။

အိမ်ရှေ့မင်းသားကလည်း သူ့၌ သံသယဖြစ်ပုံကို ပုဏ္ဏားတော်တို့အား ဤသို့ မိန့်ကြား၏။

“အမောင်တို့-ငါသည် ငါ့သီလ၌ သံသယရှိနေပါသေးသည်။ ညချမ်းအချိန် ငါသည် မင်းထံအခစားဝင်လေ့ရှိရာ ယခင်က မင်းထံမှာ အိပ်မည်ဆိုပါက ကြိုးနှင့် နှင်တံကိုရထားဦး၌ ထားခဲ့လေ့ရှိသည်။ ထိုအမှတ်သင်္ကေတဖြင့် အခြွေအရံများ ဖယ်ခွာသွားကြပြီး နောက်နေ့တွင်မှ စောစောလာရောက် ကြိုဆိုကြသည်။ မင်းထံမအိပ်ဘဲ ပြန်မည်ဆိုက ကြိုးနှင့်နှင်တံကို ရထားတွင်းမှာပင် ထားခဲ့လေ့ရှိရာ ထို အမှတ်သင်္ကေတဖြင့် အခြွေအရံများ စောင့်ဆိုင်းနေကြရသည်။ တစ်နေ့သ၌ မင်းကြီးထံ အခစားဝင်ရာ မိုးကြီးသည်းစွာရွာ၍ မင်းက အိမ်ပြန်ခွင့်မပေးသဖြင့် မင်းထံပါးမှာ အိပ်ရသည်။ ခြွေရံသင်းပင်းများမှာ ယခုပင် ပြန်မည်ထင်၍ ရထားမှာပင် စောင့်အိပ်နေကြရာ တစ်ညလုံးမိုးရေထဲ နေကြရသည်။ နောက်နေ့နံနက်တါင်မှ မိုးစိုလျက် စောင့်နေကြသည်ကိုမြင်၍ ငါသည် ဂရုမ္မကို စောင့်ရှောက်သူဖြစ်လျက် လူအများကို ပင်ပန်းစေခဲ့ပြီ။ ငါ၏ သီလသည် ပျက်စီးရာ၏ ဟု သံသယ၀င်မိသည်။

ရှေးနည်းတူ ဂရုဓမ္မသီလကို ကူးယူခွင့် ပြုလိုက်ရသော်လည်း သံသယမကင်းသဖြင့် မိမိထက်သာလွန်စင်ကြယ်သည်ဟု ထင်မှတ်ထားသော ပုရောဟိတ် အမတ်ကြီးထံ စေလွှတ်လိုက်ပြန်၏။ အမတ်ကြီးကလည်း သူ့၌ သံသယရှိနေပုံကို ဤသို့ မိန့်ကြားပြန်၏။

“အမောင်တို့-ငါသည် င့ါသီလ၌ သံသယဖြစ်လျက်ရှိနေ၏၊ တစ်နေ့သောအခါ ငါသည် မင်းကြီးထံ အခစားဝင်စဉ် တိုင်းတစ်ပါးက ကောရဗျမင်းထံ ဆက်သသော ရထားသစ်တစ်စီးကို တွေ့မြင်၍ “ငါ့ရထားသည် ဟောင်းနွမ်းပြီ ဤရထားသစ်ကို မင်းက ငါအား ပေးပါမူ ကောင်းလေစွ၊ ငါသည် ရထားသစ်နှင့် ချမ်းသာစွာ လှည့်လည်ရပေမည်” ဟု စိတ်အကြံ ဖြစ်မိသည်။ ကျွန်ုပ်က မင်းကြီးအား “ဇယတု ဘ၀ံ ရာဇာ - မင်းကြီး အသက်ရှည်ကြာ အောင်ပါစေ” ဟု ကောင်းချီးမင်္ဂလာပြုသော ခဏမှာပင် မင်းကြီးအား ရထားကို ဆက်သကြရာ မင်းကြီးက ကျွန်ုပ်ကို မြင်၍ “ဤရထားသည် အလွန်ကောင်း၏၊ ဆရာအား ပေးကြကုန်လော” ဟု ဆိုပါသည်။ ကျွန်ုပ်က အလိုမရှိပါဟု အဖန်တလဲလဲ ပြောသော်လည်းမရပါ၊ “ငါသည် ဂရုဓမ္မကို စောင့်သုံးသူဖြစ်ပါလျက် တပါးသူပစ္စည်းကို တပ်စွန်းမိလေပြီ၊ ငါ့သီလပျက်ရာ၏” ဟု သံသယရှိနေပါသေးသည်။ ကြိုးကိုင်မြေတိုင်းအမတ်မှာ သီလကို ကောင်းမွန်စင်ကြယ်စွာ စောင့်ထိန်းသူ ဖြစ်သည်၊ မြေတိုင်းအမတ်ထံမှလည်း တောင်းခံကြပါဦး” ဟု ပြောဆိုစေလွှတ်လိုက်ပြန်၏။

ပုဏ္ဏားတော်တို့သည် ကြိုးကိုင်မြေတိုင်းအမတ်ထံသို့ သွား၍ အကျိုးအကြောင်းပြောပြပြီး ဂရုဓမ္မကို တောင်းကြပြန်သည်။ မြေတိုင်း အမတ်ကလည်း -

“အမတ်တို့ ကျွန်ုပ်သည် ကျွန်ုပ်၏သီလ၌ သံသယဖြစ်မိပါ၏။ တစ်နေ့သ၌ ဇနပုဒ်တွင် လယ်မြေကို တိုင်းတာစဉ် ကြိုးစွန်းကို တုတ်ဖျား၌ချည်ပြီး တစ်ဘက်ကြိုးစကို လယ်သမားအားကိုင်စေကာ တစ်ဘက်စွန်းကို ကျွန်ုပ်က ကိုင်ရပါသည်။ ကျွန်ုပ်ကိုင်သော ကြိုးစွန်းမျာ ပုစွန်တွင်း အလယ်တည့်တည့်သို့ ရောက်သည်၊ တုန်ကို ပုစွန်တွင်း၌ စိုက်ပါက တွင်းထံ၌ ပုစွန်ရှိသော် သေပေမည်။ တွင်းတစ်ဘက်၌ စိုက်ပါက မင်းပိုင်လယ်ယာမြေ ဆုံးရူံမည်၊ အကယ်၍ တုတ်ကို ဤမှာဘက်၌ စိုက်လျှင်လည်း သိသာပေလိမ့်မည်ဟု အောက်မေ့၍ တွင်းထဲ၌ တုတ်ကို စိုက်လိုက်ရာ ကရိဟူသော အသံကို ကြားလိုက်ရသည်၊ ပုစွန်သည် ကျောက်ကုန်းပေါ် တုတ်ထိုးမိ၍ သေရရှာပြီလော၊ ငါ၏သီလပျက်စီးခဲ့လေသလော ဟု သံသယ ဖြစ်မိပါသည်” ဟု ပြောဆိုကာ ကြိုးကိုင်မြေတိုင်းအမတ်က ရထားထိန်းထံ တဆင့်လွှတ်ပြန်သည်။

ရထားထိန်းလည်း သူ့သီလကို စင်ကြယ်သည် မထင်၊ သူသံသယ၀င်ပုံကို ပုဏ္ဏားတော်တို့အား ဤသို့ ရှင်းပြပြန်၏ -

“အမတ်တို့-ကျွန်ုပ်သည် ကျွန်ုပ်၏ ဂရုဓမ္မသီလ၌ သံသယဖြစ်နေပါသည်။ တစ်နေ့သောအခါ မင်းကြီးသည် ဥယျာဉ်သို့သွား၍ တောကစားထွက်ပါသည်။ အပြန်တွင် မိုးချုပ်နေ၀င်ကာနီးအချိန် မိုးသားများ တက်လာပါသည်။ မင်းကြီး မိုးမိမည်စိုး၍ သိန္ဓောမြင်းကို နှင်တံတို့၍ အမှတ်သညာ ပေးမိပါသည်။ သိန္ဓောမြင်းသည် နှင်တံတို့ချက်ဖြင့် လျင်မြန်စွာ ပြေးသွားခဲ့သည်၊ ထိုအချိန်မှစ၍ သိန္ဓောမြင်းသည် ဥယျာဉ်သို့ အသွားအပြန် ထိုနေရာသို့ ရောက်တိုင်း လျင်မြန်စွာ ပြေးသွားပါ၏။ “ဤနေရာသည် ဘေးအန္တရာယ်ရှိ၍ ရထားထိန်းက ငါ့ကို နှင်တံဖြင့် အမှတ်သညာပြုသည်” ဟု မှတ်ယူကာ ထိုနေရာရောက်တိုင်း လျင်မြတ်စွာ ပြေးသွားရှာပါသည်။ မင်းကြီးမိုးစိုသည် မစိုသည်မှာ အကြောင်းမဟုတ်၊ ငါသည် လိမ်မာသော သိန္ဓောမြင်းအား အရောမဟုတ်သည်၌ နှင်တံအမှတ်သညာကို ပေးမိ၏။ သိန္ဓောမြင်းခမျာ ဤအမှတ်သညာဖြင့် အကြိမ်ကြိမ်ပြေးသွားနေရရှာသဖြင့် ပင်ပန်းလှ၏။ ငါသည် ဂရုဓမ္မစောင့်သူ ဖြစ်ပါလျက် ဤသို့ ပင်ပန်းစေသည်မှာ ငါ၏ သီလပျက်စီးရာ၏ဟု သံသယဖြစ်နေမိပါသည်။”

တဖန် ပုဏ္ဏားတော်တို့သည် ရထားထိန်း၏ ညွှန့်ကြားချက်အရ သူဌေးကြီးထံသို့ သွားကာ အကျိုးအကြောင်းပြောပြပြီး ဂရုဓမ္မကို တောင်းကြပြန်သည်။ သူဌေးကြီးကလည်း သူ၏သီလအပေါ် သံသယ၀င်နေပုံကို ဤသို့ ပြောဆိုပြန်၏။

“အရှင်တို့ ကျွန်ုပ်သည် ဂရုဓမ္မနှင့်စပ်၍ သံသယရှိနေပါသေး၏။ တစ်နေ့တွင် ကျွန်ုပ်သည် မိမိပိုင် သလေးလယ်သို့သွား၍ အိမ်သို့ပြန်အလာ ထွက်သစ်စ ကောက်နှံပန်း တစ်ဆုပ်ကို နုတ်ယူပြီး အိမ်တိုင်ထိပ်၌ အလှချည်ထားပါသည်။ ပြီးမှ စဉ်းစားမိသည်မှာ “ငါသည် မင်းဘဏ္ဍာအတွက် ဆယ်ဖို့တစ်ဖို့ မပေးရသေးသော လယ်မှ သလေးနှံတစ်ဆုပ်ကို ယူမိခဲ့ပြီ၊ ငါစောင့်သုံးသော ဂရုဓမ္မသည် ပျက်လေသလော” ဟု အကြံဖြစ်မိပါသည်။” ပုဏ္ဏားတော်တို့သည် သူဌးကြီး၏ ညွှန့်ကြားချက်အရ တင်းခြင်အမတ်ထံသို့သွားကာ အကျိုးအကြောင်း ပြောပြပြီး ဂရုဓမ္မကို တောင်းကြပြန်သည်။ တင်းခြင်အမတ်ကလည်း သူ၏ သီလစင်ကြယ်လှသည်မထင်၍ သူသံသယ၀င်နေပုံကို ရှင်းပြပြန်၏။

“အဆွေတို့-ကျွန်ုပ်သည် ဂရုဓမ္မသီလနှင့် စပ်၍ သံသယရှိနေပါသည်။ တစ်နေ့တွင် ကျွန်ုပ်သည် စပါးကျီတော်တံခါးအနီး ဘုရင့် ဘဏ္ဍာအတွက် စပါးများ ခြင်ယူစဉ် မခြင်ရသေးသော စပါးပုံမှ စပါး တစ်ဆုပ် တစ်ဆုပ်ယူ၍ ဂရို့အဖြစ် မှတ်သားရပါသည်၊ ရုတ်တရက် မိုးရွာလာသဖြင့် ဂရို့ချိုးမှတ်သားသော စပါးဆုပ်များကို ဘုရင့်ဘဏ္ဍာအတွက်ခြင်ပြီး စပါးပုံ၌ ဆွဲယူထည့်ပြီး မိုးခိုနေမိပါသည်။ ဤသို့ဖြစ်လျှင် ဘဏ္ဍာတော်စပါးဘက်တွင် အပိုရပြီး၊ စပါးရှင်အတွက် နစ်နာရပြီး၊ မည်သည့်အပုံ၌ ထည့်မိသည်ကိုလည်း ကောင်းစွာ မမှတ်မိပါ၊ ကျွန်ုပ်၏ သီလ ပျက်လေသလောဟု သံသယဖြစ်လျက် ရှိပါသည်”။

တင်းခြင်အမတ်သည် ပုဏ္ဏားတော်များအား မိမိစောင့်သော သီလကို ရေးကူးခိုင်းပြီး ပေးလိုက်ရသော်လည်း အားရနှစ်သက်ခြင်း မရှိလှ၍ တံခါးစောင့်ထံမှလည်း သွားရောက်ကူးယူကြရန် စေလွှတ်လိုက်ပြန်သည်။ တံခါးစောင့်ကလည်း သူ၏သီလ၌ သံသယဖြစ်နေပုံကို ဤသို့ ပြောဆိုပြန်၏။

“အမတ်တို့ ကျွန်ုပ်သည် ဂရုဓမ္မ၌ သံသယရှိပါသည်။ တစ်နေ့သောအခါ မြို့တံခါးပိတ်ခါနီး၌ သုံးကြိမ် အသံကြွေးကြော်ရပါသည်။ ထိုအသံကြားလျှင် ဆင်းရဲသားတစ်ယောက်သည် မိန်းမငယ်တစ်ဦးကို လက်စွဲလျက် အဆောတလျင် ပြေးလာပါသည်၊ ကျွန်ုပ်က တနေကုန်တောထဲမှာ ထင်သလိုပျော်ပါးပြီး တံခါးပိတ်မည်ရှိမှ ပြေးလာရသလောဟု ကြိမ်းမောင်းမိပါသည်။ ထင်းခွေယောက်ျားက “ဤသူငယ်မသည် မယားမဟုတ်၊ နှမဖြစ်ပါသည်” ဟု ပြောဆိုသောအခါ “ငါသည် သီလစောင့်ထိန်းသူ ဖြစ်ပါလျက် မဆင်မခြင်ဆိုမိသည်၊ ငါ၏ ဂရုဓမ္မသီလ ပျက်စီးရာ၏” ဟု သံသယ၀င်နေမိပါသည်။ သို့အတွက် ကျွန်ုပ်၏ ဂရုဓမ္မကို မပေးလိုပါ” ဟု ရှင်းပြသည်။

တံခါးစောင့်သည် မိမိသီလကို ရေးပေးလိုက်ရသော်လည်း အားရကျေနပ်ခြင်းမရှိလှ၍ ပြည်တန်ဆာမထံမှလည်း ကူးယူသွားကြပါရန် ပြောဆိုပြန်၏။ ပြည်တန်ဆာမကလည်း သူ၏သီလ၌ သံသယဖြစ်နေပုံကို ဤသို့ ပြောဆိုပြန်၏။

“ကျွန်မသည် ဂရုဓမ္မကို အသန့်ရှင်းဆုံး စောင့်ရှောက်ပါသော်လည်း တစ်နေ့တွင် လုလင်တစ်ယောက် ကျွန်မထံရောက်လာပြီး မိမိနှင့်ပျော်ပါးရန် အသပြာငွေတစ်ထောင်ပေးပြီး ထွက်သွားပါသည်။ ထိုလုလင်ကို စောင့်မျှော်ရာ သုံးနှစ်ကြာခဲ့ပါသည်၊ အခြားမည်သူ့ကိုမျှ လက်မခံခဲ့ပါ၊ ကြာသော် အနေအစေားချို့ငှဲ့လာသဖြင့် တရားရုံးတော်သို့ သွား၍ အဆုံးအဖြတ် ခံရပါသည်။ တရားသူကြီးက သုံးနှစ်ကျော်လျှင် စောင့်ရန်မလို၊ အခြားယောက်ျားကို လက်ခံနိုင်ခွင့်ရှိသည်ဟု အဆုံးအဖြတ်ပေးပါသည်၊ တရားရုံးတော်မှ ထွက်လျှင် ထွက်လာခြင်း လူပျိုတစ်ဦးက ကျွန်မထံ အသပြာတစ်ထောင် ကမ်းလှမ်းလာရာ ထိုငွေကိုလက်ခံရန် လက်ဖြန့်စဉ် ရုတ်တရက် ပထမလုလင် ရောက်လာပါသည်။ ထိုလုလင်ကိုမြင်သည်နှင့် ကျွန်မလက်ကို ပြန်ရုပ်သိမ်းပြီး ငွေကိုလက်မခံဘဲ တောင်းပန်လိုက်ပါသည်”။

အမှန်အားဖြင့် သုံးနှစ်ပျောက်နေသူမျာ ကျွန်မသီလကို လာရောက်စုံစမ်းသော သိကြားမင်း ဖြစ်နေပါသည်။

သိကြားမင်းသည် ကောင်းကင်မှနေ၍ တိုင်းသူပြည်သားများအား ငါသည်ဤမိန်းမ၏ သီလကို စုံစမ်းလို၍ သုံးနှစ်ကျော်ကာလက အသပြာငွေ တစ်ထောင် ပေးခဲ့သည်၊ သီလစောင့်သော သူတို့သည် ဤကဲ့သို့ သီလကို စောင့်သုံးသင့်ကြသည်ဟု ဆိုဆုံးမပြီး ကျွန်မအိမ်၌ ရတနာခုနှစ်ပါးဖြင့် ပြည့်စေပြီး ပြန်သွားပါသည်။

“ကျွန်မသည် ပထမ လက်ခံထားသူရှိလျက် ဒုတိယလူကို လက်ခံရန် လက်ဖြန့်မိသည့်အတွက် သီလမစင်ကြယ်ဟု သံသယရှိနေမိပါသည်။ သို့အတွက် ကျွန်မ ဂရုဓမ္မကို မပေးလိုပါ” ဟု ငြင်းဆန်သော်လည်း မရ၊ ထိုမျှဖြင့် သီလမပျက်နိုင်ပါဟု တောင်းပန်ကြသဖြင့် ဂရုဓမ္မသီလကို ပေးလိုက်ရသည်။

ပုဏ္ဏားတော် အမတ်တို့သည် နောက်ဆုံး ပြည်တန်ဆာမထံမှ ဂရုဓမ္မကို ရွှေပြား၌ ကူးယူပြီးလျှင်ဒန္တပုရမြို့သို့ ပြန်ကာ အကြောင်းစုံ သံတော်ဦးတင်လျက် ကလိင်္ဂမင်းအား ဆက်သကြသည်။ ကလိင်္ဂမင်းသည် ဂရုဓမ္မကို ကိုယ်တိုင်လည်း စောင့်ထိန်း၊ တိုင်းသူပြည်သားတို့ကိုပါ ထိန်းသိမ်းစောင့်ရှောက်စေရာ ကလိင်္ဂတိုင်း၌ ထူးခြားသိသာစွာ မိုးရွာသွန်းလေသည်။ ဘေးသုံးပါးလည်း ကင်းငြိမ်းကာ သာယာဝပြောလေတော့သည်။

ငါးပါးသီလကို စောင့်ထိန်းရာ၌ အသေးအဖွဲကလေးကအစ၊ အလေးအနက် ကြောင့်ကြစိုက်ပုံကို ဤ၀တ္ထု၌ တွေ့နိုင်၏၊ သီလစောင့်သော တိုင်းပြည်နှင့် သီလပျက်သော တိုင်းပြည်နှစ်ခုတို့၏ ချမ်းသာဆင်းရဲကိုလည်း ကွဲပြားစွာ တွေ့နိုင်၏၊ ကုရုတိုင်း၌ ရှင်ဘုရင်ကအစ ပြည့်တန်ဆာမ အဆုံးတနိုင်ငံလုံး သီလလုံခြုံကြသဖြင့် မြေဆီသြဇာ အသီးအနှံ ဖွံ့ဖြိုး၍ အနာရောဂါကင်းကာ သာယာဝပြောပုံကိုလည်း တွေ့ရသည်၊ ကုရုတိုင်းကား ယခုအခါ ဒေလီမြို့ဝန်းကျင်ဒေသ ဖြစ်သည်ဟု ဆိုကြ၏။

မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသောအခါ အလွန်မြင့်မြတ်လေးနက်သော မဟာသတိပဋ္ဌာန သုတ္တာန်ကြီးကို ဟောကြားရန် မြို့ရွာဒေသ လူမျိုးများကို ရွေးချယ်တော်မူသောအခါ သီလလုံခြုံ၍ စားရေးရိက္ခာ၊ ကျန်းမာရေး၊ ဆင်ခြင်ဉာဏ် စသည် အခြေခံခိုင်မာသော ကုရုတိုင်းသူပြည်သားများကိုသာ ရွေးချယ်၍ ဦးစွာ ဟောကြားတော်မူခဲ့သည်၊ သီလစောင့်မှ အူမတောင့်သည်ကို သတိမူကြရာ၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်များစာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

အာဇီဝဋ္ဌမကသီလတောင်းပုံနှင့် အာဇီဝဋ္ဌမကသီလအနက်

သီလယူတောင်းပုံ

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။


ဒုတိယမ္ပိ -

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။


တတိယမ္ပိ -

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။


သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။

လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

အာဇီဝဋ္ဌမက သီလ

- အသက်မွေးမူလျှင် ရှစ်ခုမြောက်သော သီလကို “အာဇီဝဋ္ဌမက သီလ” ဟု ခေါ်သည်။


- စားဝတ်နေရေး ပစ္စည်းရှာဖွေမူ လုပ်ကိုင်မူ ဟူသမျှကို “အာဇီဝ = အသက်မွေးမူ” ဟု ခေါ်သည်။


- မတရားနည်းဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမူကို “မိစ္ဆာဇိဝ” ဟု ခေါ်သည်။


- ထိုမှ ရှောင်ကြဉ်ကာ တရားသဖြင့် ပစ္စည်းဥစ္စာရအောင် ရှာဖွေ အသက်မွေးမူကို “သမ္မာအာဇီဝ” ဟု ခေါ်သည်။


ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါး၊ ဤခုနှစ်ပါး လုံခြုံလျှင် မိစ္ဆာဇီဝမှရှောင်ကြဉ်ပြီး ဖြစ်သည်။ သို့ရာတွင် မြဲရာသံပတ် ဆိုသကဲ့သို့ ရှေးသိက္ခာပုဒ်များဖြင့် ရှောင်ကြဉ်ဖွယ်ရာများသာ၍ ခိုင်မြဲအောင် -


- လက်နက် ကုန်ကူးခြင်း၊


- လူ ကုန်ကူးခြင်း၊



- အသား ကုန်ကူးခြင်း၊


- အရက်သေစာ မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊


- အဆိပ် ကုန်ကူးခြင်း -


ဟူသော ဥပါသကာများ မပြုကောင်းသော ကုန်သွယ်မူ ငါးမျိုးစသော မိစ္ဆာဇီဝများ အားလုံး မကျန်ရလေအောင် ရှစ်ခုမြောက် နောက်ဆုံး သိက္ခာပုဒ် အဖြစ် အထူးသတ်မှတ်၍ “မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဟု ဆောက်တည်ရသည်။


အသက်မွေးဝမ်းကျောင်း(အာဇီိဝ) စင်ကြယ်ဖို့ နည်းလမ်းများနှင့် စင်ကြယ်ခြင်း၏ အကျိုးများကို မြတ်စွာဘုရား အထူး ဟော်တော်မူထားသည် ဖြစ်၍ ဤ အာဇီဝဋ္ဌမကသီလကို လုံခြုံအောင် စောင့်ထိန်းသင့်သည်။



မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်များစာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ဆယ်ပါးသီလတောင်းခံဆောက်တည်ပုံနှင့် ဆယ်ပါးသီလအနက်

သီလယူတောင်းပုံ
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) အျဗဟၼစရိယာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၈) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၉) ဥစ္စာသယန မဟာသယန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၁၀) ဇာတရူပ ရဇတပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေနသဟ ဒသ ဂဟဋ္ဌသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

၉။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ် သိမှတ်ဖွယ်
မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

ဥစ္စာသယန = မြင့်သောနေရာ၊
အခြေတစ်ထောင့်ထွာထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများ စသည်ကို “ဥစ္စာသယန” ဟု ခေါ်သည်။ မထိုင်ကောင်း မအိပ်ကောင်း။

မဟာသယန = မြတ်သောနေရာ၊
စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်သော ကောဇောသားမွေးအခင်း၊ ခြင်္သေ့ သစ် ကျားရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွေခြည် ငွေခြည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း လဲမွေ့ရာ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာပုဒ်သီလပျက်သည်။ အုန်းခွံအဆာသွတ် မွေ့ရာကိုမှ သုံးကောင်းသည်။ သင်းဖြူးချော ကော်ဇောအမွေးတို စသည်တို့ကိုကား ဤသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုရချေ။


၁၀။ ဇာတရူပ သိက္ခာပုဒ် သိမှတ်ဖွယ်
“ဇာတရူပ”အရ ရွှေတုံး ရွှေခဲ သာမက ရွှေဖြင့် ပြုလုပ်ထားသော အ၀တ်တန်ဆာ အားလုံး အကျုံးဝင်သည်။
“ရဇတ” အရ ဘော်သာခွာငွေကိုသာမက ရောင်းဝယ်မူ သုံးစွဲရိုးဖြစ်သော ငွေစက္ကူအားလုံး အကျုံးဝင်သည်။
“ပဋိဂ္ဂဟဏ” အရ လက်ဖြင့် ကိုင်ခြင်း ခံယူခြင်း၊ စီမံ သုံးစွဲခြင်းတို့ဖြစ်သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်များစာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ရှစ်ပါးသီလတောင်းခံဆောက်တည်ပုံ နှင့် ရှစ်ပါးသီလအနက်အဓိပ္ပာယ်

သီလယူတောင်းပုံ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) အျဗဟၼစရိယာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၈) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

၃။ အဗြဟ္မစရိယ သိက္ခာပုဒ် သိမှတ်ဖွယ်
မမြတ်သော မေထုန်အကျင့်ဟူရာ၌ မိန်းမယောက်ျားနှစ်ဦးသားတို့၏ အချင်းချင်း ပျော်ပါး ပေါင်းသင်းမူ ကိစ္စကို မေထုန်ဟု ဆိုသည်။

ကာမေသုမိစ္ဆာစာရမှာ မိမိတို့ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းခွင့်ရသေးသည်။ ဤ အဗြဟ္မစရိယ ဆောက်တည်သူတို့မှာ ဇနီး ခင်ပွန်း အချင်းချင်းသော်မှ ပေါင်းသင်းဆက်ဆံခွင့်မရ။

အိမ်ထောင်မရှိသော သူတော်စင်များသည် ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရအစား ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ပါက သာ၍ အကျိုးကြီးသည်။

၆။ ၀ိကာလဘောဇန သိက္ခာပုဒ် သိမှတ်ဖွယ်
နေလွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း
“နေလွဲအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ နေ့လည် မွန်းတည့်(၁၂)နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟု ခေါ်၏။

ထိုနေလွဲသည်မှစ၍ နောက်နေ့ နံနက်အာရုဏ်တက်သည့်တိုင်အောင် ထမင်း ဟင်းလျာ မုန့် ပဲ သရေစာ သစ်သီးစသည့် စားသောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇနသိက္ခာပုဒ်ပျက်သည်။

ဆာလောင်မွတ်သိပ်မူ ဖြစ်ခဲ့သော် ဖျော်ရည်တစ်မျိုးမျုးကို သောက်ကောင်း၏။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍ သောက်ရသည်။

ညစာ မစားခြင်းအကျိုး
ညစာ မစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာ ဖြစ်၏။ ညာစာ မစားမူတစ်ခုတည်းကို ဥပုသ်စောင့်သည်ဟု မဆိုနိုင်။ ဤ သိက္ခာပုဒ်၏ ရည်ရွယ်ချက်မှာ -

(၁) ကိစ္စနည်း၍ တရားအာရုံပြုနိုင်ရန် အချိန်များစွာ ရစေခြင်း၊

(၂) လောကီအာရုံ ကာမဂုဏ်၌ စိတ်မ၀င်စားအောင် လောဘ ဒေါသများ ထိန်းချုပ်ပြီး ဖြစ်စေခြင်းတို့ ဖြစ်၏။

ညစာစားလျှင် ညစာစားဖို့အတွက် ချက်စရာပြုတ်စရာ ရှာရ ဖွေရ ချက်ပြုတ် စီမံရသဖြင့် အလွန်ကိစ္စများ၏။ ထိုအလုပ်များကို လုပ်ကိုင်နေရလျှင် ဘုရား တရားအာရုံပြုရန် အချိန်နည်းသွားမည်။ ထို့ကြောင့် ညစာမစားခြင်းသည် အလုပ်ကိစ္စနည်း တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း အကျိုးရှိသည်။

ညစာ စားခြင်းဖြင့် အင်အားပြည့်ဖြိုး၍ လောကီအာရုံ ကာမဂုဏ်ဘက်၌ စိတ်ညွတ်စေသည်။ ထို့ကြောင့် မေထုန်မူမှ ရှောင်ကြဉ်မူ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ခြောက်ပါးသီလ ထိန်းသိမ်းကြောင်း ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ်၌ လားရှိသည်။

ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့လည်း ဗြဟ္မစရိယငါးပါးသီလ၌ ၀ိကာလဘောဇနသိက္ခာပုဒ် ထည့်၍ ခြောက်ပါးသီလကို အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း လားရှိသည်။

ကာမရာဂ သံယောဇဉ် ကင်းပြတ်ပြီးသော ဆတ္တပါဏိဥပါသကာ၊ ၀ိသာခသူဌေးစသူတို့ကဲ့သို့ လူဝတ်ကြောင့် အနာဂါမ်များ ဗြဟ္မစရိယသိက္ခာပုဒ်နှင့် ၀ိကာလဘောဇနသိက္ခာပုဒ်များ အလိုလို စောင့်စည်းပြီးဖြစ်ကြောင်း ကျမ်းဂန်တို့၌ ဆိုသည်။

၇။ နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ် သိမှတ်ဖွယ်
နစ္စ = ကခြင်း
ကခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင် ကခုန်ခြင်း မပြုရ။ သူတပါးအား အကခိုင်းခြင်းလည်း မပြုရ၊ အောက်ထစ်ဆုံး တိရစ္ဆာန်များကိုပင် အက မခိုင်းရ။ ကပွဲများကို သွားရောက်ကြည့်ရူခြင်းလည်း မပြုရ။ ခရီးသွာနေစဉ် လမ်းခရီး၌ ကပွဲများနှင့် မတော်တဆ တိုက်ဆိုင်မိ၍ မကြည့်ချင် မြင်လျက်သား အဖြစ်မျိုးနှင့် ကြုံရ၍ ကြည့်မိ မြင်မိလျှင် ဤသိက္ခာပုဒ်သီလ မပျက်ချေ။ သို့ရာတွင် ယင်းသို့ ကြုံရသည်ကို တမင်တကာ အခွင့်အရေးယူပြီး ဆက်လက်ရပ်ကြည့်နေလျှင်မူ သီလ ပျက်တော့သည်။

ဂီတ = သီဆိုခြင်း
ကိုယ်တိုင်သီဆိုခြင်း သူတပါးကို သီဆိုခိုင်းခြင်း မပြုရ။ စည်းလိုက် ၀ါးလိုက် အသံကို ဆွဲငင်လျက် ပါဠိဂါထာများကို ရွတ်ဖတ်ခြင်း ဓမ္မတေးကဗျာများကို ရွတ်ဆိုခြင်း မပြုရ။ ဘုရားရှိခိုးရာ တရားစာရွတ်ဆိုရာ၌ပင် သီချင်းသံပေါက် အောင်ဆွဲဆွဲငင်ငင် မဆိုရ။ ကိုယ်တိုင် မဆိုရုံသာမက သူတပါးကိုလည်း သီဆိုခိုင်းခြင်းမပြုရ။ သူတပါး သီဆိုသည်ကို သွားရောက်နားထောင်ခြင်း မပြုရ။ နားထောင်လျှင် သီလပျက်၏။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေစဉ် သူတပါးက လာရောက်သီဆို၍ ကြားရရာ၌ကား သီလမပျက်ချေ။

ဝါဒိတ = တီးမူတ်ခြင်း
စည်း စောင်း ညှင်း ပတ်သာ စသော တူရိယာငါးမျိုးကို ကိုယ်တိုင်လည်း မတီးခတ်ရ။ သူတပါးကိုလည်း အတီးမခိုင်းရ။ တီးမူတ်သံကိုလည်း နားမထောင်ရ၊ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေလျက်က သီဆိုသံကို ကြားရခြင်းကြောင့် သီလပျက်စီးမူ မရှိချေ။ တမင်လွန်ကျူးမှသာ သီလပျက်၏။

ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရူခြင်း
ကပြ သီဆို တီးမူတ်မူများသည် လောကအမြင်အားဖြင့် အနုပညာ တစ်ရပ်အဖြစ် ချီးကျူးဖွယ်ရာဖြစ်သော်လည်း လောကုတ္တရာအမြင်အားဖြင့် ကြည့်သော် ကာမဂုဏ်အာရုံ ခံစားမူကို အားမြှောက် ပြုရာရောက်၏။ ထို့ကြောင့် နစ္စ ဂီတ ၀ါဒိတ အရ ကပြ သီဆို တီးမူတ်ခြင်းများကို ကြည့်ရူနားထောင်ခြင်းများသည် “၀ိသူကဒဿန - သာသနာတော်၏ ငြောင့်တံကျင်သဖွယ် ဖြစ်သော ကြည့်ရူနားထောင်မူ” ဟု ခေါ်၏။ (၀ိသူက = ဆန့်ကျင်ဘက် + ဒဿန = ကြည့်ရူနားထောင်ခြင်း)။

၈။ မာလာဂန္ဓ ၀ိလေပန သိက္ခာပုဒ် သိမှတ်ဖွယ်
မာလာဓာရဏ = ပင်ပန်းခြင်း
ဥပုသ်စောင့်ချိန်၌ ပန်းပွင့် ပန်းခိုင် ပန်းကုံးများကို ပန်ဆင်ခြင်း၊ သူတပါးအား အပန်ခိုင်းခြင်းများ မပြုရ၊ ပြုလုပ်လျှင် သီလပျက်၏။

ဂန္ဓဓာရဏ = အမွှေးရနံ့ဆောင်ခြင်း
ရေမွှေး နံ့သာဆီ ဆွတ်ဖျန်းခြင်း၊ နံ့သာမူန့်(ပေါင်ဒါမူန့်) လိမ်းကျံခြင်း၊ ထုံမွှမ်းခြင်းများ မပြုလုပ်ရ။ သူတပါးအားလည်း မခိုင်းရ။ ပြုလုပ်လျှင် သီလပျက်စီးသည်။ အကြောင်းထူးမရှိဘဲ မွှေးကြိုင်သော ဆပ်ပြာမသုံးရ၊ ချွေးနံ့ပျောက်စေရန် မွှေးကြိုင်သော ဆပ်ပြာသုံးခြင်း၊ ပေါင်ဒါမူန့်ဖြူးခြင်းကိုမူ ခြွင်းချက် ပြုထားသည်။

ဂန္ဓ၀ိလေပန = နံ့သာနံ့သာပျောင်း သုံးစွဲခြင်း
အမွှေးရနံ့ကို နံ့သာဟုခေါ်၍ သနပ်ခါးရည် အလှဆီ မိတ်ကပ်တို့ကို နံ့သာပျောင်းဟု ခေါ်သည်။ ယင်း နံ့သာပျောင်းကို လိမ်းကျံခြင်း၊ ခြယ်သဖြင်း၊ နိမ့်ရာ၌ ဖို့သိပ်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း၊ သူတပါးအား လိမ်းကျံခိုင်းခြင်းများ မပြုလုပ်ရ၊ ပြုလျှင် သီလပျက်စီး၏။

မဏ္ဍန = အလှပြင်ခြင်း
ကျောက်ပေါက်များ၊ မှဲ့ခြောက်၊ ၀က်ခြံ၊ တင်းတိပ်၊ ညှင်း စသည့် ပျောက်ကွယ်စေရန် ဆေးလိမ်းခြင်း၊ ဆံပင်အလှပြင်ခြင်း၊ တွန့်ခြင်း ကောက်ခြင်း၊ ပုံသွင်းခြင်း၊ လက်သည်း အလှပြင်ခြင်း၊ ခြေသည်းလက်သည်း ဆိုးခြင်း၊ နူတ်ခမ်းဆိုးခြင်း မျက်တောင်အတုတပ်ခြင်း၊ မျက်ခုံးမွှေးနုတ်ခြင်း၊ မျက်စိအရောင်ခြယ်(ကာခြယ်)ခြင်း စသည်ဖြင့် အလှပြင်ခြင်း မှန်သမျှကို မဏ္ဍနဟု ခေါ်သည်။ မည်သည့် အလှပြုပြင်ခြင်းမျိုးကိုမျှ မပြုရ။ ပြုလျှင် သီလပျက်၏။ သာမန်အားဖြင့် ခေါင်းဖြီးခြင်း လက်သည်းခြေသည်းရှည်၍ လှီးဖြတ်ခြင်းတို့မှာမူ အပြစ်မရှိ။ သီလမပျက်ချေ။

နံ့သာ နံသာပျောင်း မိတ်ကပ်တို့ဖြင့် တန်ဆာဆင်အလှပြင်ခြင်း၊ ဂန္ဓ(နံ့သာ)ဖြင့် အနံ့မွှေးအောင်၊ ၀ိလေပန(နံ့သာပျောင်း)ဖြင့် အသားအရေ လှပအောင် လိမ်းကျံခြယ်သခြင်း မပြုရ၊ ပြုလျှင် သီလပျက်၏။

ဤသိက္ခာပုဒ်လာ အမွှေးနံ့သာ ခြယ်လှယ်ပြုပြင်မူအားလုံးသည် ကာမဂုဏ်၌ အကြောင်းခံ၏။ ဥပုသ်စောင့်သုံးခြင်းသည် ထိုကာမဂုဏ်လောဘကို ပယ်သတ်ခြင်းဖြစ်၏။ ထိုအရာ အားလုံးကို ၀ိနည်းရှောင်သောအားဖြင့် ဥပုသ်သီလမယူမီ ကြိုတင်၍လည်း မပြုလုပ်ရချေ။

ဝိဘူသန = တန်ဆာဆင်ခြင်း
စိန် ရွှေ ငွေ လက်ဝတ် လက်စားများ ၀တ်ဆင်ခြင်း၊ အ၀တ်အထည်ကို သာမတန်ဝတ်ဆင်မူမျိုးမဟုတ်ဘဲ အလှအပ တန်ဆာဆင်သည့် အနေဖြင့် အဆင်ဆန်း ပုံဆန်း အ၀တ်များ ၀တ်ခြင်း၊ ဖိနပ်အလှစီးခြင်း၊ ထီးအလှဆောင်းခြင်း စသည်တို့သည် တန်ဆာဆင်မူဖြစ်၍ ပြုလုပ်လျှင် သီလပျက်၏။ ထို့ကြောင့် ဥပုသ်သည်များသည် အ၀တ်ကို ရိုးရိုးယဉ်ယဉ်မျှသာ ၀တ်ဆင်၍ သာမန် စီးနေကျဖိနပ် ဆောင်းနေကျ ထီးကို အသုံးပြုကြရမည်ဖြစ်သည်။ ၀တ်ဖြူ စင်ကြယ်၊ ယောဂီရောင်များကို ၀တ်ဆင်ခြင်းသည် အကောင်းဆုံးပင် ဖြစ်၏။

ဋ္ဌာန = အကြောင်းအရာ
ဤ ပန်းပန်မူစသော အလှပြင်တန်ဆာဆင်မူ အားလုံးသည် ကိလေသာ တဏှာတိုးပွားခြင်း၏ အကြောင်းရင်းဖြစ်၍ ရှောင်ကြဉ်ကြရခြင်း ဖြစ်သည်။

ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲစောင့်ထိန်းသင့်ပြီး ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းသင့်သော သီလဖြစ်သည်။ လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်သည်။

အထူးသဖြင့် ဤရှစ်ပါးသီလကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့အဖြစ် သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ရှိသည်။

ဤ ရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်ရက်များတွင်သာမက အကြိုအပို စောင့်သုံးသောအားဖြင့် အဖိတ်နေ့ ဥပုသ်အထွက်နေ့များတွင်ပါ စောင့်သုံးလေ့ရှိသည်။ ဤရှစ်ပါးသီလကို ကျင့်သုံး ဆောက်တည်ခြင်းသည် -

- ဘုန်းတန်ခိုး အရှိန်အ၀ါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။

- စကြာဝတေးမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလဆောက်တည်မှသာ စကြာရတနာဆိုက်ရောက်ပြီး စကြာရတနာဆိုက်ရောက်ပြီး စကြ၀တေးမင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။

- ဘ၀သံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူ နတ်စည်းစိမ်း ချမ်းသာအမျိုးမျိုးကို အကြိမ်ကြိမ်ခံစားရပြီး မဂ်ဖိုလ် နိဗ္ဗာန်အထိ အဆင့်ဆင့်သော အကျိုးတရာများကို ရရှိနိုင်သည်။

- မျက်မှောက်ဘ၀တွင် လူတော်လူကောင်းတစ်ယောက်ဖြစ်ကာ အပြစ်ကင်းစင်၍ အများချစ်ခင် လေးစားမူ ယုံကြည်မူ အားထားမူကို ခံရသည်။

- ယခု ဘ၀တွင်ပင် စည်းစိမ်ဥစ္စာတို့ အစုလိုက် အပုံလိုက် တိုးတက် ကြီးပွားနိုင်သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ငါးပါးသီလတောင်းခံဆောက်တည်ပုံ နှင့် ငါးပါးသီလအနက်အဓိပ္ပာယ်

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) ကာေမသု မိစ ၦာစာရာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။


(၁) ပါဏာတိပါတ သိက္ခာပုဒ် သိမှတ်ဖွယ်
သေစေလိုသောစိတ်ဖြင့် မည်သည့်သတ္တ၀ါ၏ အသက်ကိုမဆို သတ်ဖြတ်ခြင်းသည် ပါဏာတိပါတမည်၏။

ပါဏာတိပါတ အင်္ဂါ(၅)ပါး
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါ ဟု သိမှတ်ခြင်း၊
(၃) သတ်လိုသော၊ သေစေလိုသော စိတ်စေတနာရှိခြင်း၊
(၄) သေစေရန်ပြုလုပ် အားထုတ်ခြင်း၊
(၅) ထိုပြုလုပ် အားထုတ်မူကြောင့် သေခြင်း။

ပါဏာတိပါတ၌ တရားကိုယ်မှာ သတ်လိုသော ဒေါသစိတ် စေတနာ ဖြစ်သည်။

ဤအင်္ဂါငါးပါးနှင့် ညီညွတ်ပါက ပါဏာတိပါတ ကမ္မပထမြောက်သည်။ ပါဏာတိပတ ကမ၌ပထမြောက်လျှင် သေလွန်သောအခါ အပါယ်ဘုံဘ၀၌ ကျရောက်ရ၏။ ထိုအင်္ဂါငါးပါးအနက် တစ်ခုခု ချို့တဲ့လျှင် ပါဏာတိပါတ ကံမထိုက်၊ သတ်သည်မမည်။

ဥပမာ - လမ်းသွားရင် မတော်တဆ နင်းမိ၍ ပိုးကောင်ငယ်များ၊ ပုရွတ်ဆိတ်များ စသည်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၊ ကျန်အင်္ဂါလေးပါးနှင့် ညီညွတ်သော်လည်း သေစေလိုစိတ် မရှိသောကြောင့် ဖြစ်၏။

ဤအင်္ဂါငါးရပ်စလုံးနှင့် ပြည့်စုံမှသာ ကမ္မပထမြောက်၏။ တစ်ပါးပါး ချွတ်ယွင်းသော် ကံမျှသာဖြစ်၍ ကမ္မပထ မမြောက်သောကြောင့် အပါယ်မလား နိုင်သော်လည်း အကုသိုလ်မူကား ဖြစ်၏။ မကောင်းကျိုးများ အထိုက်အလျောက် ပေးနိုင်သည်ပင်။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
ဆက်လက် မှတ်သားရမှာ ပါဏာတိပါတကံချင်း သူ့အသက်သက်မူချင်း တူသော်လည်း အခြေအနေ အမျိုးမျိုးသို့ လိုက်၍ အပြစ်ဖြစ်ပုံချင်းမတူ၊ အပြစ်ကြီးငယ် ကွာခြား၏။

သတ္တ၀ါအကြီးအငယ်ကို လိုက်၍လည်းကောင်း၊ သတ္တ၀ါ၏ အကျင့် သီလဂုဏ်သိက္ခာကို လိုက်၍လည်းကောင်း၊ အပြစ်အကြီး အငယ် ခြားနား၏။ အကျင့်သီလ ဂုဏ်မရှိသော တိရစ္ဆာန်စသော သတ္တ၀ါတို့၌ ခန္ဓာကိုယ်ငယ်လျှင် အပြစ်ငယ်၍ ခန္ဓာကိုယ်ကြီးလျှင် အပြစ်ကြီး၏။ လူ စသော သတ္တ၀ါတို့၌ အကျင့်သီလစသည် နည်းလျှင် အပြစ်ငယ်၍ အကျင့်သီလစသည် ကြီးလျှင် အပြစ်ကြီး၏ ခန္ဓာကိုယ်နှင့် သီလစသော ဂုဏ်တို့ တူညီရာ၌ပင် စေတနာ လုံ့လအားနည်းလျှင် အပြစ်နည်း၏။ စေတနာ လုံ့လအားကြီးလျှင် အပြစ်ကြီး၏။

ပါဏာတိပါတ ရှောဉ်ကြဉ်ရကျိုး
သူတပါးအသက်ကို မသတ်ခြင်း၊ သူ့အသက်သတ်မူ ရှောင်ကြဉ်သော ကုသိုလ်ကြောင့် လူ့ပြည်၊ နတ်ရွာ၊ သုဂတိဘ၀သို့ ရောက်ရသည်။ လူဖြစ်သောအခါတွင်လည်း အနာရောဂါကင်း၍ အသက်ရှည်ခြင်း စသည်နှင့် ပြည့်စုံရသည်။ သက်ရှိသတ္တ၀ါတိုင်း သေရမည်ကို ကြောက်ကြ၏။ မိမိကိုယ်နှင့် နိုင်းစာ၍ ညှဉ်းဆဲ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ ရှောင်ကြဉ်ရသော ကောင်းကျိုးများမှာ -
(၁) မျက်စိ နား နှာ အင်္ဂါ ခြေလက် မချို့တဲ့ခြင်း၊
(၂) ဖြစ်လေရာဘ၀၌ ရုပ်အသွင်ညှိုးခြောက်ခြင်း မရှိ၊ စိုစိုပြည်ပြည်ရှိခြင်း၊
(၃) အားအင်ပြည့်ဖြိုးခြင်း၊
(၄) လျင်မြန်ဖြတ်လတ်ခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ရဲရင့်ခြင်း၊
(၆) သူတပါးပယောဂကြောင့် မသေရခြင်း၊
(၇) အနာရောဂါကင်းခြင်း၊
(၈) အခြွေအရံ ပြည့်စုံခြင်း၊
(၉) အသက်ရှည်ခြင်း - စသော ကောင်းကျိုးများ ခံစားရသည်။


(၂) အဒိန္နာဒါန သိက္ခာပုဒ် သိမှတ်ဖွယ်
ကိုယ်ဖြင့် ဖြစ်စေ၊ နူတ်ဖြင့် ဖြစ်စေ၊ ဓားပြတိုက်ယူခြင်း၊ လိမ်ညာယူခြင်း၊ လှည့်ပတ်ယူခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရာ၌ အလေး တင်းတောင်း ချိန်ခွင် စသည်ဖြင့် မမှန်မကန်ပြုခြင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် မရိုးမသား မတရားပြုလုပ်၍ ယူခြင်းမှန်သမျှသည် အဒိန္နာဒါန ဖြစ်သည်။

အဒိန္နာဒါနအင်္ဂါ (၅)ပါး
(၁) သူတပါး ဥစ္စာဖြစ်ခြင်း၊
(၂) သူတပါးဥစ္စာဟု သိမှတ်ခြင်း၊
(၃) ခိုးယူလိုသော စိတ်စေတနာရှိခြင်း၊
(၄) ခိုးယူကြောင်းဖြစ်သော ကိုယ်နူတ် လုံ့လ တစ်ခုခုကို ပြုလုပ်ခြင်း၊
(၅) ခိုးယူခြင်း။

ယင်းအင်္ဂါ(၅)ပါးစုံလျှင် အဒိန္နာဒါန ကမ္မပထမြောက်သည်။ ကမ္မပထမြောက်လျှင် သေလွန်သောအခါ အပါယ်ဘုံဘ၀၌ ကျရောက်ရ၏။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
အပြစ်ကြီးမူ အပြစ်ငယ်မူမှာ ဥစ္စာရှင်၏ အကျင့်သီလ ဂုဏ်သိက္ခာကိုလိုက်၍ လည်းကောင်း၊ ဥစ္စာတန်ဖိုး အနည်းအများကို လိုက်၍ လည်းကောင်း ဖြစ်၏။ အကျင့်သီလ သိက္ခာဂုဏ်နှင့် ပြည့်စုံသူ၏ ဥစ္စာကို ခိုးယူပါက အပြစ်ကြီး၏။ အကျင့်သီလ သိက္ခာဂုဏ်နည်းပါးသူ၏ ပစ္စည်းကို ခိုးယူခဲ့သော် အပြစ်ငယ်၏။

အဒိန္နာဒါန ရှောင်ကြဉ်ရကျိုး
အဒိန္နဒါနကို ရှောင်ကြဉ်သူသည် နတ်ရွာ သုဂတိသို့ လားရောက်၍ နတ်စည်းစိမ်ခံစားရ၏။ ဘ၀အဆက်ဆက်တွင်လည်း အောက်ဖော်ပြပါ ကောင်းကျိုးများ ခံစားရ၏။
(၁) ပစ္စည်းဥစ္စာ ပေါကြွယ်ဝခြင်း၊
(၂) မပင်မပန်း ချမ်းသာခြင်း၊
(၃) အစာရေစာ ပေါများခြင်း၊
(၄) အလိုရှိသော ပစ္စည်းကို အလွယ်တကူ ရရှိခြင်း၊
(၅) ကူးသန်းရောင်းဝယ်မူ ကျွမ်းကျင် လိမ္မာ၍ စည်းစိမ်ဥစ္စာတိုးပွားခြင်း၊
(၆) ရေ၊ မီး၊ မင်း ခိုးသူ အမွေခံ သားဆိုး သမီးဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမူ မခံရခြင်း။


(၃) ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် သိမှတ်ဖွယ်
ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်မူနှင့် ပတ်သက်၍ သီလဆောက်တည်သော အမျိုးကောင်းသားသည် မိမိသီလ မကျိုးမပေါက်စေရန် မသွားမလာအပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရမည်။
(၁) မိခင် အုပ်ထိန်းသော မိန်းမ၊
(၂) ဖခင် အုပ်ထိန်းသော မိန်းမ၊
(၃) မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ၊
(၅) အစ်မ ညီမ စောင့်ထိန်းသော မိန်းမ
( ၆) ဆွေမျိုး အုပ်ထိန်းသော မိန်းမ၊
(၇) အမျိုး အနွယ် အုပ်ထိန်းသော မိန်းမ၊
(၈) တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ၊
(၉) ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ၊
(၁၀) မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထား၍ မင်းဒဏ်မကင်းသော မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းနေသော မိန်းမ၊
(၁၂) အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၃) ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၄) အ၀တ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၅) လူကြီးစုံရာ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) ထင်းခွေ ရေခပ် လုပ်ကိုင်ရသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ မယားအဖြစ်ပေါင်းသင်းသော မိန်းမ၊
(၁၇) ကျွန်လည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) အလုပ်သမားလည်းဟုတ် မယားလည်းဟုတ်သော မိန်းမ၊ (၁၉) မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ၊
(၂၀) ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

“မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟူသော ရှေးပညာရှိတို့ ဆုံးမစကားအရ အမျိုးကောင်းသား များသည် အုပ်ထိန်းခြင်းမကင်းသော မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန်ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်သည်။ ဤကံကား အလွန်ကြောက်ဖွယ်ကောင်း၏၊ သေလွန်၍ ငရဲသို့ကျခံရပြီးနောက် လူ့ဘ၀ပြန်ရစေကာမူ ဘ၀များစွာ နပုန်းပဏ္ဍုက် ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲကွာရခြင်းစသော မကောင်းကျိုးများ များလှကုန်၏။

အပြစ်အကြီး၊ အပြစ်အငယ်
သီလမရှိသူ၌ လွန်ကျူးလျှင် အပြစ်ငယ်၏။ သီလရှိသူ၌ လွန်ကျူးလျှင် အပြစ်ကြီး၏။ ဥပမာ - နန္ဒလုလင်သည် ရဟန္တာမ ဥပ္ပလ၀ဏ်ကို ကျူးလွန်မိ၍ ချက်ချင်း အ၀ီစိကျခံရ၏။ သီလမရှိသူအပေါ်၌လည်း အနိုင်အထက် လွန်ကျူးလျှင် အပြစ်ကြီး၏။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ(၄)ပါး
(၁) မသွားလာအပ်သော မိန်းမ (၂၀)ဖြစ်ခြင်း၊
(၂) မှီဝဲလိုစိတ် ရှိခြင်း၊
(၃) လုံ့လ ပြုခြင်း၊
(၄) သာယာခြင်း။

ဤအင်္ဂါလေးပါး ညီညွတ်လျှင် ကာမေသုမိစ္ဆာစာရကံ မြောက်သည်။

ကာမေသုမိစ္ဆာစာရရှောင်ကြဉ်ရကျိုး
သူတပါး၏ မယားနှင့် အုပ်ထန်းခြင်းမကင်းသော သမီးပျိုများကို မကျူးလွန်ခြင်း၊ အမျိုးကောင်းသမီးများအတွက် မိမိပိုင် ကာမပိုင် လင်မှတပါး အခြား မည်သည့်ယောက်ျားနှင့်မျှ မေထုန်မကျူးလွန်ခြင်းတို့ဖြင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို စောင့်ရှောက်သူသည် အောက်ပါအကျိုးများ ခံစားရသည် -
(၁) ရန်သူမရှိခြင်း၊
(၂) အလုံးစုံသော သတ္တ၀ါတို့၏ ချစ်ခင်မြတ်နိုးခြင်းကိုခံရခြင်း၊
(၃) ထမင်း အဖျော်ယမကာ အ၀တ်တန်ဆာစသည်တို့ရခြင်း၊
(၄) ချမ်းသာစွာ အိပ်ရခြင်း၊
(၅) ချမ်းသာစွာ နိုးထရခြင်း၊
(၆) အပါယ်ဘေးမှ လွတ်ရခြင်း၊
(၇) မိန်းမအဖြစ်၊ နပုန်းအဖြစ်မှ လွတ်ရခြင်း၊
(၈) အမျက်ဒေါသနည်းခြင်း၊
(၉) ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း၊
(၁၀) လည်တိုင်ကြော့ကြော့ မော့မော့ နေထိုင်နိုင်ခြင်း၊
(၁၁) မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပျစွာ နေနိုင်ခြင်း၊
(၁၂) မိန်းမနှင့် ယောက်ျားအချင်းချင်းသာချစ်ခင်မြတ်နိုင်းခြင်း၊
(၁၃) မျက်စိ နား နှာ စသော ခြေလက် ကိုယ်အင်္ဂါများ ပြည့်စုံခြင်း၊
(၁၄) ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း၊
(၁၅) ယုံမှားသံသယကင်းရှင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း၊
(၁၆) ချမ်းသာစွာ နေရခြင်း၊
(၁၇) ပူပန်ကြောင့်ကြ မရှိရခြင်း၊
(၁၈) ဘေးရန် မရှိခြင်း၊
(၁၉) ချစ်ခင်နှစ်သက်သူတို့နှင့် အတူတကွနေရခြင်း - စသော အကျိုးတို့ကို ရရှိသည်။


(၄) မုသာဝါဒ သိက္ခာပုဒ် သိမှတ်ဖွယ်
နူတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ကိုယ်လက်လူပ်ပြ၍ ဖြစ်စေ လိမ်ညာမူမှန်သမျှသည် မုသာဝါဒ ဖြစ်သည်။ သို့သော် နူတ်ဖြင့် ပြောရသော မုသားက များ၍ ၀စီဒုစရိုက်၌ ထည့်သွင်းရသည်။

ဘုရားလောင်းသူတော်ကောင်းများသည် သံသရာဘ၀ကျင်လည်စဉ် သတ်မူ၊ ခိုးမူ၊ ကာမကျူးလွန်မူ အရက်သေစာသောက်စားမူကို ရံခါပြုလုပ်မိခဲ့ ကြသော်လည်း သူတပါးအကျိုးစီးပွား ပျက်စီးစေလိုသော စိတ်ဖြင့် မုသာဝါဒကံကိုမူ လုံးဝ မလွန်ကျူးခဲ့ကြ။

မုသာဝါဒ အင်္ဂါ(၄)ပါး
(၁) မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
(၂) မဟုတ်မမှန် ပြောဆိုလိုစိတ်ရှိခြင်း၊
(၃) ပြောလည်း ပြောခြင်း၊
(၄) လိမ်လည်သော စကားအဓိပ္ပာယ်ကို လိမ်လည်ခံရသူ သိရှိခြင်း။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
လိမ်လည်ပြောဆိုရာ၌ သူတပါးအကျိုးစီးပွားပျက်အောင် လိမ်ညာပြောဆိုသော မုသားမျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်သည်။ သူတပါး အကျိုးစီးပွားအနည်းငယ် ပျက်စီးလျှင် အပြစ်ငယ်၏။ များစွာ ပျက်စီးလျှင် အပြစ်ကြီး၏။
မုသာဝါဒရှောင်ကြဉ်ရကျိုး
ဤမုသာဝါဒပြောဆိုမူမှ ရှောင်ကြဉ်ပါက သုဂတိဘ၀သို့ ရောက်ရှိပြီးလျှင် အောက်ပါအကျိုးများကိုလည်း ခံစားရသည် -
(၁) စကားပီသ ပြတ်သားခြင်း၊
(၂) သွားများ ညီညာခြင်း၊
(၃) ခံတွင်း မွှေးကြိုင်ခြင်း၊
(၄) ကိုယ် ရေ အသား ပြည့်ဖြိုးခြင်း၊
(၅) မျက်စိ နား စသော ဣနြေ္ဒများ ကြည်လင်ခြင်း၊
(၆) ပုံသဏ္ဌာန် ကိုယ်ရေလှပခြင်း၊
(၇) သူတပါး အပေါ် သြဇာအာဏာရှိခြင်း၊
(၈) အပြောအဆို နူတ်စ အာစ ကောင်းခြင်း၊
(၉) စိတ်တည်ငြိမ်ခြင်း (အကြီးအကဲဖြစ်ရတတ်ခြင်း)။


(၅) သူရာမေရယ သိက္ခာပုဒ် သိမှတ်ဖွယ်
သေရည် သေရက် ဘိန်း ဘင်း ကစော် လှော်စာ ကုတ်ကင်း ဆေးခြောက် ဘိန်းဖြူစသော မူးယစ်စေတတ်သော မည်သည့်ပစ္စည်းတို့ကိုမဆို သောက်စား သုံးစွဲခြင်း မပြုရ။ ထိုအရာများကို သောက်စားသုံးစွဲခြင်းသည် ကုသိုလ်ကောင်းမူတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ရှောင်ကြဉ်ရသည်။

သုရာမေရယ အင်္ဂါ(၄)ပါး
(၁) သုရာ စသည် တစ်ပါးပါး ဖြစ်ခြင်း၊
(၂) သောက်စားလိုသော စိတ်ရှိခြင်း၊
(၃) သောက်စားသုံးစွဲရန် အားထုတ် ပြုလုပ်ခြင်း၊
(၄) သောက်စားသုံးစွဲခြင်း။

အရက်သောက်ခြင်း အပြစ်(၆)ပါး
ဘုရားရှင်သည် သိင်္ဂါလ သတို့သားအား အရက်သေစာ သောက်စားခြင်းနှင့် ပတ်သက်၍ မျက်မှောက်ပစ္စက္ခ အပြစ်ခြောက်ပါးဖြစ်နိုင်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။ ထိုအပြစ်ခြောက်ပါး တို့မှာ -
(၁) စီးပွားဥစ္စာ ကုန်ခန်း ပျက်စီးခြင်း၊
(၂) ခိုက်ရန် ပွားခြင်း၊
(၃) ရောဂါအမျိုးမျိုး ဖြစ်ပွားတတ်ခြင်း၊
(၄) ကျော်စောသတင်း ကင်းမဲ့ခြင်း၊
(၅) အရှက်အကြောက် ကင်းခြင်း၊
(၆) အသိပညာအားနည်းအောင် ပြုတတ်ခြင်းတို့ ဖြစ်ကြသည်။

သုရာမေရယ ရှောင်ကြဉ်ရကျိုး
ဤအရက်သေစာ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ပါက သုဂတိဘ၀သို့ ရောက်ရှိပြီးလျှင် အောက်ပါအကျိုးများကိုလည်း ခံစားရသည် -
(၁) အရေးအခွင့် သင့်မသင့်ကို သိခြင်း၊
(၂) လုံ့လ ၀ီရိယရှိခြင်း၊
(၃) သတိနှင့် ပြည့်စုံခြင်း၊
(၄) သူပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊
(၅) အရှက်အကြောက်ရှိခြင်း၊
(၆) ကုသိုလ်ကောင်းမူ ပြုလွယ်ခြင်း တို့ဖြစ်ကြသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday 9 April 2012

ဒုက္ခကိုရူပုံ

ယောဂီတို့ကို ရူနေကြပါလို့ပြောတော့ ဘယ်လိုရူကြရမှာပါလဲ။ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ဆက်သွယ်နေတဲ့ သိမ်မွေ့ဝေဒနာတွေကို တုံ့ပြန်မူမလုပ်ဘဲ ရူနေရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒုက္ခတွေ အမြစ်ကနေ ထုတ်ပစ်နေတာပဲ။ တစ်နာရီ တရားထိုင်ခိုင်းတဲ့အခါမှာ နာကျင်တာပေါ့။ ဒီနာတာကိုပဲ ရူမှတ် နေရမှာဖြစ်ပါတယ်။

နာရီဝက်လောက်တော့ ကြိတ်မှိတ်ပြီး ခံနိုင်ကြပါသေးတယ်။ နောက်တော့ မခံမရပ်နိုင်တော့ပါဘူး။ ရူဖို့ရာဆိုတာကို မေ့ကုန်ပြီးတော့ စိတ်ရဲ့အကျင့်ဟောင်းဖြစ်တဲ့ တုံ့ပြန်မူတွေ စပြီးပေါ်လာတာပါပဲ။ “နာလိုက်တာ၊ ကျင်လိုက်တာ၊ ထုံလိုက်တာ၊ မခံနိုင်တော့ပါဘူး”လို့ ဖြစ်လာပါတယ်။ ဇွတ်မှိတ်ပြီး ၄၅-မိနစ်လောက်အထိတော့ နေနိုင်ပါသေးတယ်။

ဒီနောက်ကြာတော့ တကယ်အပြင်းအထိန် မခံမရပ်နိုင်လောက်အောင် ဖြစ်လာပြီး တစ်မိနစ်ဟာ တစ်နာရီလို့ ထင်ရပါတယ်။ အဓိဋ္ဌာန်ထိုင်ရတာဆိုတော့ တစ်နာရီ မပြည့်သေးတော့ လူပ်လဲမလူပ်ရပါဘူး။ မျက်စိလဲ ဖွင့်မကြည့်ရပါဘူး။ အခုထိုင်နေတာဟာ တစ်နာရီ မကတော့ပါဘူး။ ဒီအချိန်မှာ နားထဲမှာ ဂုရုကြီးရဲ့ “အနိစ္စာ ၀တသင်္ခါရာ” ဆိုတဲ့အသံကို ကြားလိုက်ရတော့ တစ်ခါတည်းစိတ်ထဲမှာ သက်သာရာရသွားပါတယ်။ ၅-မိနစ်လောက်ပဲ လိုတော့တယ်။ ဒီအချုပ်အနှောင်ထဲက လွတ်မော့မယ်ဆိုပြီးတော့ ၀မ်းသာကျပါတယ်။ ဝေဒနာလည်း အတော့်ကို လျော့ကျသွားပါတယ်။

အချုပ်အနှောင်ခံရတဲ့ ဆင်းရဲဒုက္ခကို ယောဂီတို့ နာရီပိုင်း အဓိဋ္ဌာန်ထိုင်ရတာနဲ့ပဲ ကိုယ်တွေ့သိကြရပါပြီ။ အချုပ်အနှောင်ခံရတဲ့ ဆင်းရဲဒုက္ခက လွတ်မြောက်ရင် ခံစားရတဲ့ သုခချမ်းသာကိုလည်း သိကြရပါပြီ။ အချုပ်အနှောင်ခံကြရတာဟာ တကယ်ကြီးမားတဲ့၊ ပြင်းထန်တဲ့၊ ဆင်းရဲဒုက္ခဖြစ်ပါတယ်။ ခန္ဓာကိုယ်လဲ မလူပ်ရ၊ ခြေလက်လဲ မလူပ်ရ၊ မျက်စိလဲ ဖွင့်မကြည့်ရ တကယ် ညှဉ်းဆဲခံနေရတာ ဖြစ်ပါတယ်။ အလွန်ဆင်းရဲခံရတာပါပဲ။ ဒီအဖြစ်မျိုးယောဂီတို့ အားလုံး ကြုံခဲ့ကြရပြီးပါပြီ၊ မမှတ်မိကြလို့ပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဆရာဝန်ပမာ ဒုက္ခဖြစ်ကြောင်း ရှာဖွေကြည့်

လူတစ်ယောက် ဖျားနာနေလို့ ဆရာဝန်က စမ်းသပ်ကြည့်ပြီး ဒီလူဟာဘာရောဂါကို ခံစားနေရတယ်ဆိုတာကို မသိရင် ဒီဆရာဝန်က သူ့ရောဂါကို ပျောက်အောင် မကုသနိုင်ပါဘူး။ ပထမဦးဆုံး၊ အရေးကြီးတဲ့အချက်က ဘာရောဂါဖြစ်နေတာလဲဆိုတာကို ဆရာဝန်က သိဖို့ရန်လိုပါတယ်။





ဒုတိယအရေးကြီးတဲ့အချက်က ဒီရောဂါဟာ ဘာအကြောင်းကြောင့် ဖြစ်ရတာလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ အပေါ်ယံအပရိက ဖြစ်တဲ့အကြောင်းအရာတွေ မဟုတ်ဘဲ ဖြစ်ရတဲ့အကြောင်းရင်းကို သိရဖို့လို့ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိရရင် ဖြစ်ရတဲ့အကြောင်းရင်းကို အမြစ်ကနေ သုတ်သင် ရှင်းလင်းပစ်လိုက်လျှင် ရောဂါဟာ အလိုလိုပျောက်ကင်းသွားတာပါပဲ။ လူနာက ဘာမှလုပ်မနေရပါဘူး။ ရောဂါရဲ့ဖြစ်ရတဲ့ အကြောင်းအရင်းအမြစ်ကို အကုန်အစင် ထုတ်ပစ်ဖို့ပါပဲ။

ဒီအတိုင်းပါပဲ။ ဆင်းရဲဒုက္ခတွေရှိနေလျှင် ဒီဆင်းရဲဒုက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်း ရေသောက်မြစ်ကြီးဟာ ဘာလဲဆိုတာကို ရှာဖွေကြည့်ပြီး ဒီရေသောက်မြစ်ကြီးကို ဆွဲနုတ်ထုတ်ပစ်ကြပြီး ချေမူန်းပစ်လိုက်ရင် ဆင်းရဲဒုက္ခတွေကိုလည်း ချေမူန်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဒုက္ခအမျိုးမျိုး ရှိကြပါတယ်။

လူတွေဟာ တစ်သက်လုံးပဲ သာယာမူထဲမှာ ခံစားနေလိုက်၊ ဒုက္ခတွေထဲမှာ လှိမ့်နေလိုက်နဲ့ နေနေကြရပါတယ်။ ဒီလိုသုခကို ခံစားလိုက်၊ ဒုက္ခကို လှိမ့်ပြီးခံလိုက်၊ ဒီလိုနဲ့ နေနေတာဟာ ဒုက္ခတွေကို ပိုမိုသာများလာအောင် လုပ်နေကြတာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အရိယာသစ္စာ ၄-ပါး

စိတ်ဆင်းရဲခြင်း၊ ပူဆွေးဒုက္ခရောက်ခြင်း၊ သောကရောက်ခြင်းတွေဟာ တစ်ကမ္ဘာလုံး စကြ၀ဠာတစ်ခုလုံးမှာ ဖြစ်နေတဲ့ အမှန်သစ္စာတရားပါပဲ။ ဒီသစ္စာတရားက အရိယသစ္စာ။ ဘယ်လိုဖြစ်လာတာလဲဆိုတော့ ဒီအမှန်တရားကို သိပြီးကျင့်သုံးတဲ့ ယောဂီဟာ အရိယာပုဂ္ဂိုလ်ဖြစ်လာရင် ဒီတရားဟာ အရိယသစ္စာတရားဖြစ်လာတာပါပဲ။

ဘယ်လိုကျင့်ရမလဲဆိုတော့ စိတ်ရဲ့ အနက်ရိုင်းဆုံးဖြစ်နေတဲ့ အပိုင်းမှာ ဖြစ်ပေါ်နေတဲ့ သိမ်မွေ့ဝေဒနာတွေရဲ့ ဖြစ်ပျက်နေမူ၊ ဖြစ်လိုက်ပျက်လိုက် ချုပ်ငြိမ်းသွားလိုက် ဖြစ်နေတာတွေကို ဥပေက္ခာနဲ့ ရူနေတဲ့အခါမှာ ဆင်းရဲခြင်း ဒုက္ခဖြစ်ရတဲ့ အကြောင်းအရင်းဟာ ပေါ်ထွက်လာပါလိမ့်မယ်။ မဟုတ်ရင်တော့ အပေါ်ယံက အကြောင်းတွေပဲ ဖြစ်နေမှာပါပဲ။ လူတွေဟာ ဒုက္ခတစ်ခုခုနဲ့ ကြုံရင် “ငါစိတ်ညစ်ရတာ၊ ငါ့ရဲ့ဒုက္ခတွေဟာ ဒီဟာကြောင့်ဖြစ်ရတာ၊ ဟိုဟာကြောင့် ဖြစ်ရတာ။ ဒီပုဂ္ဂိုလ်ကြောင့်၊ ဟိုပုဂ္ဂိုလ်ကြောင့်၊ ငါဖြစ်စေချင်တာတွေ မဖြစ်လို့ ငါမဖြစ်စေချင်တာတွေက ဖြစ်ကြလို့ ဒုက္ခဖြစ်ရတဲ့အကြောင်းရင်းတွေကို ဒီလိုဖော်ပြကြပါတယ်။ ပြီးတော့ တစ်သက်သာလုံးပဲ အပြင်လောက ပတ်ဝန်းကျင်က အကြောင်းကိစ္စတွေပဲ ပြုပြင်ပြောင်းလဲပြီး ပေးနေကြပါတယ်။

ဒါပေမယ့် ယောဂီတို့က မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်း အဇ္ဈတ္တကို စပြီးရူနေကြပြီဆိုတော့ အတွင်းမှာရှိတဲ့ ဆင်းရဲခြင်း ဒုက္ခတွေကို တွေ့ကြပြီး ပိုမိုနက်နဲတဲ့ အနက်နဲဆုံးဖြစ်တဲ့ ဒုက္ခရဲ့ ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေသိရှိလာပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းလောက်မှာ သာဆိုရင်တော့ ဒုက္ခဖြစ်ရခြင်းအကြောင်းတစ်ခုကို ရှင်းလင်းပယ်ဖျောက်လိုက်ရင် ဒီဒုက္ခကတော့ ကွယ်ပျောက်သွားပါတယ်။ ဒါပေမယ့်လဲ နောက်ဒုက္ခတစ်ခုက ပေါ်လာပြန်သေးတာပါပဲ။ နောက် ဒီပေါ်လာတဲ့ ဒုက္ခတစ်ခုကို ပယ်ချလိုက်ရင်လည်း နောက်ဒုက္ခအသစ် တစ်ခုက ပေါ်လာပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဒုက္ခတွေ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ပေါ်ပေါ်နေကြပါတယ်။ ဒုက္ခသံသရာက ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒုက္ခရဲ့အရင်းအမြစ်ကမှ မပျောက်သေးဘဲကိုး။ အတွင်းနက်နက်မှာရှိတဲ့ အမြစ်တွေကို သုတ်သင်ဖို့ရာ လိုပါတယ်။

ဒီလိုနဲ့ ယောဂီက ဆက်ဆက်ပြီးတရားရူရူသွားရင် ဒုက္ခဖြစ်ရခြင်း အကြောင်းရင်းဖြစ်တဲ့ ဒုတိယအရိယသစ္စာတရားဖြစ်တဲ့ သမုဒယသစ္စာ၊ ပယ်ခွာရတဲ့အဆင့်ကို ရောက်ရှိ လာပါလိမ့်မယ်။ ဒုက္ခရဲ့ အင်မတန် အတွင်းနက်တဲ့ အမြစ်တွေကိုစပြီး ရူတယ်ဆိုရင် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့ ကိလေသာအညစ်အကြေးတွေဟာ အလွှာလိုက် အလွှာလိုက် ကွာကွာကျပြီး အာရုံတွေ သင်္ခါရတွေ၊ ဒုက္ခတွေ လုံးဝမရှိတော့ဘဲ ကင်းစင်သွားတဲ့အဆင့်ကို ရောက်ရှိလာပါလိမ့်မယ်။ ဒီအဆင့်ဟာ ရုပ်နာမ်တရားကို ကျော်လွန်ပြီး၊ အားလုံးသောအစွဲတွေကို ကျော်လွန်ပြီး အလုံးစုံသော အာရုံတွေကို ကျော်လွန်ပြီးတော့ ဒုက္ခတွေ ကင်းစင်သွားပါလိမ့်မယ်။ ဒီအဆင့်ဟာ အခုဒီဘ၀မှာပဲ ဆိုက်ရောက်ပြီး ခံစားနိုင်တာဖြစ်ပါတယ်။ ဒီအဆင့်ကို ပို့ဆောင်ပေးမယ့် လမ်းစဉ်ပေါ်မှာ လျှောက်ပြီးလှမ်းတဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းဟာ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း၊ နည်းနည်းချင်း၊ နည်းနည်းချင်းနဲ့ အမြစ်နက်တဲ့ ဒုက္ခဆင်းရဲတွေအကန်ုကို အမြစ်ကနေ တွန်းနုတ်ပေးပါလိမ့်မယ်။ ဒီလိုနဲ့ အဆုံးပန်းတိုင်ကို ယောဂီတို့ ရောက်ရှိပါလိမ့်မယ်။ လမ်းစဉ်တစ်ခုလုံးဟာ ဆင်းရဲဒုက္ခက လွတ်မြောက်စေပြီး တစ်လှမ်းချင်း၊ တစ်လှမ်းချင်းနဲ့ ဒုက္ခနယ်ထဲက လွတ်ကင်းလာမှာ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေကို ကျော်လွန်လွတ်မြောက် ရတာဟာ တတိယအရိယသစ္စာတရားဖြစ်တဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။

ဒီနောက် ယောဂီတို့ဟာ ကိုယ်တိုင်ဓမ္မလမ်းစဉ်ကို ကျင့်သုံးကြရပါတယ်။ လမ်းစဉ်အကြောင်းကို ပြောဆိုဆွေးနွေးနေရုံသာ မဟုတ်ဘဲ၊ လမ်းစဉ်ကို ကိုးကွယ်ဝတ်ပြုနေရုံသာ မဟုတ်ဘဲ၊ သုတမယဉာဏ်၊ စိန္တမယဉာဏ်တွေနဲ့ ဉာဏ်ကစားနေရုံသာမဟုတ်ဘဲ၊ ယောဂီတို့ ကိုယ်တိုင်ကိုယ်တွေ့လက်တွေ့ တွေ့ထိခံစားပြီး ဒီလမ်းစဉ်ကို လျှောက်နေခဲ့ကြရပါတယ်။ ဒီဟာ စတုတ္ထအရိယသစ္စာ မဂ္ဂသစ္စာဖြစ်ပါတယ်။ ဒီအဆင့်လေးဆင့်စလုံးကို ဘာဝနာမယဉာဏ်နဲ့ ကိုယ်တိုင်တွေ့ထိခံစား သိရှိရမှာဖြစ်ပါတယ်။ လက်တွေ့ဘာဝနာမယဉာဏ်နဲ့ ခံစားတွေ့ထိရတဲ့ ပုဂ္ဂိုလ်ဟာ အရိယာပုဂ္ဂိုလ်ပါပဲ။ မြတ်စွာဘုရားကိုယ်တော်တိုင်လဲ ဒီလိုပဲ စူးစမ်းရှာဖွေပြီး ဘာဝနာမယဉာဏ်နဲ့ လက်တွေ့ခံစားသွားပြီး အထွတ်အထိပ်ကို ရောက်တော်မူသွားခြင်း ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။